ျပည္ပႏိုင္ငံမ်ားသို႔ တစ္မိနစ္လွ်င္ ၂၇ က်ပ္ျဖင့္ ဖုန္းေခၚဆိုႏိုင္ရန္ Telenor ျပဳလုပ္

[ Zawgyi ]

ျပည္ပႏိုင္ငံေတြဆီကို တစ္မိနစ္ ၂၇ က်ပ္နဲ႔ဖုန္းေခၚဆိုႏိုင္ဖို႔ Telenor ကျပဳလုပ္လိုက္ပါတယ္။

အဲဒီအစီအစဥ္ကို ‘Call Like Home’ လို႔နာမည္ ေပးထားၿပီး ထိုင္း၊ တ႐ုတ္၊ မေလးရွားနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ရွိ မည္သည့္ ဖုန္းနံပါတ္ကိုမဆို ဖုန္းေခၚဆိုႏိုင္မယ္လို႔ ဆိုပါတယ္။ အဲဒီႏိုင္ငံေတြကို ပံုမွန္တိုက္႐ိုက္ ဖုန္းေခၚဆိုမႈ ႏႈန္းထားက တစ္မိနစ္ကို ၂၀၀ က်ပ္ ျဖစ္လို႔ အခုေျပာင္းလဲလိုက္တဲ့ ႏႈန္းထားဟာ ၈၇% အထိ ကုန္က်စရိတ္ သက္သာမယ္လုိ႔ ဆိုပါတယ္။ အပတ္စဥ္သံုးနဲ႔ လစဥ္သံုးႏွစ္မ်ိဳးရွိၿပီး ႏွစ္သက္ရာ အစီအစဥ္ကို My Telenor App မွတဆင့္ ရယူႏိုင္မယ္လို႔ သိရပါတယ္။

အပတ္စဥ္သံုး ဖုန္းေခၚဆိုမႈ အစီအစဥ္ကို ရယူလိုရင္ 500 သို႔ IW27 လို႔ ႐ုိက္ႏွိပ္စာတို ေပးပို႔ျခင္းနဲ႔ျဖစ္ေစ၊ *979*2*5*1# သို႔ ဖုန္းေခၚဆို၍ ျဖစ္ေစရယူႏိုင္မွာ ျဖစ္ပါတယ္။ လစဥ္သံုး ဖုန္းေခၚဆိုမႈ အစီအစဥ္ကို ရယူလိုရင္ 500 သို႔ IM27 ဟု႐ိုက္ႏွိပ္ စာတိုေပးပို႔ျခင္းနဲ႔ျဖစ္ေစ၊ *979*2*5*3# သို႔ ဖုန္းေခၚဆိုၿပီး ျဖစ္ေစ ရယူႏိုင္မယ္လို႔ သိရပါတယ္။ အပတ္စဥ္သံုး ဖုန္းေခၚဆိုမႈ အစီအစဥ္ကို တစ္ခါစာရင္းသြင္း ရယူပါက ကုန္သြယ္လုပ္ငန္းခြန္ အပါအဝင္ ၄၅၀ က်ပ္ က်သင့္မွာ ျဖစ္ၿပီး လစဥ္သံုး ဖုန္းေခၚဆိုမႈ အစီအစဥ္ကို တစ္ခါ စာရင္းသြင္း ရယူရင္ ကုန္သြယ္လုပ္ငန္းခြန္ အပါအဝင္ ၁၅၀၀ က်ပ္ က်သင့္မယ္လို႔ သိရပါတယ္။ Telenorရဲ႕ prepaid အသံုးျပဳသူေတြသာ ရယူအသံုးျပဳႏိုင္မွာ ျဖစ္ၿပီး ဝယ္ယူထားတဲ့ အစီအစဥ္ေတြကုန္ဆံုးတဲ့အခါ ထပ္မံဝယ္ယူရ မွာျဖစ္ပါတယ္။

-ထြန္းထြန္း

============

[ Unicode ]

ပြည်ပနိုင်ငံများသို့ တစ်မိနစ်လျှင် ၂၇ ကျပ်ဖြင့်ဖုန်းခေါ်ဆိုနိုင်ရန် Telenor ပြုလုပ်

============

ပြည်ပနိုင်ငံတွေဆီကို တစ်မိနစ် ၂၇ ကျပ်နဲ့ဖုန်းခေါ်ဆိုနိုင်ဖို့ Telenor ကပြုလုပ်လိုက်ပါတယ်။

အဲဒီအစီအစဉ်ကို ‘Call Like Home’ လို့နာမည် ပေးထားပြီး ထိုင်း၊ တရုတ်၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ မည်သည့် ဖုန်းနံပါတ်ကိုမဆို ဖုန်းခေါ်ဆိုနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီနိုင်ငံတွေကို ပုံမှန်တိုက်ရိုက် ဖုန်းခေါ်ဆိုမှု နှုန်းထားက တစ်မိနစ်ကို ၂၀၀ ကျပ် ဖြစ်လို့ အခုပြောင်းလဲလိုက်တဲ့ နှုန်းထားဟာ ၈၇% အထိ ကုန်ကျစရိတ် သက်သာမယ်လို့ ဆိုပါတယ်။ အပတ်စဉ်သုံးနဲ့ လစဉ်သုံးနှစ်မျိုးရှိပြီး နှစ်သက်ရာ အစီအစဉ်ကို My Telenor App မှတဆင့် ရယူနိုင်မယ်လို့ သိရပါတယ်။

အပတ်စဉ်သုံး ဖုန်းခေါ်ဆိုမှု အစီအစဉ်ကို ရယူလိုရင် 500 သို့ IW27 လို့ ရိုက်နှိပ်စာတို ပေးပို့ခြင်းနဲ့ဖြစ်စေ၊ *979*2*5*1# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေရယူနိုင်မှာ ဖြစ်ပါတယ်။ လစဉ်သုံး ဖုန်းခေါ်ဆိုမှု အစီအစဉ်ကို ရယူလိုရင် 500 သို့ IM27 ဟုရိုက်နှိပ် စာတိုပေးပို့ခြင်းနဲ့ဖြစ်စေ၊ *979*2*5*3# သို့ ဖုန်းခေါ်ဆိုပြီး ဖြစ်စေ ရယူနိုင်မယ်လို့ သိရပါတယ်။ အပတ်စဉ်သုံး ဖုန်းခေါ်ဆိုမှု အစီအစဉ်ကို တစ်ခါစာရင်းသွင်း ရယူပါက ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၄၅၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး လစဉ်သုံး ဖုန်းခေါ်ဆိုမှု အစီအစဉ်ကို တစ်ခါ စာရင်းသွင်း ရယူရင် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ၁၅၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။ Telenorရဲ့ prepaid အသုံးပြုသူတွေသာ ရယူအသုံးပြုနိုင်မှာ ဖြစ်ပြီး ဝယ်ယူထားတဲ့ အစီအစဉ်တွေကုန်ဆုံးတဲ့အခါ ထပ်မံဝယ်ယူရ မှာဖြစ်ပါတယ်။

-ထွန်းထွန်း