ျပည္တြင္း၌ Asian Games 2018 ဒီဂ်စ္တယ္မူပိုင္ျပသခြင့္ My Sports မွရရွိ

[Zawgyi]

ဂ်ာကာတာနဲ႔ ပါလမ္ဘန္မွာ က်င္းပမယ့္ ၂၀၁၈ ခုႏွစ္ Asian Games ေဘာလံုးပြဲစဥ္ေတြကို ျပည္တြင္းမွာ တရားဝင္ဒီဂ်စ္တယ္မူပိုင္ျပသခြင့္ကို My Sports မွရရွိေၾကာင္းသိရပါတယ္။

အဲဒီပြဲစဥ္ေတြကို My Sports Facebook မွတိုက္ရိုက္ထုတ္လႊင့္ျပသသြားမွာျဖစ္ကာ ျမန္မာအ မ်ိဳးသားေဘာလံုးအသင္းနဲ႔ ဖူဆယ္အသင္းေတြရဲ႕လႈပ္ရွားမႈေတြ၊ ပြဲစဥ္ေတြေတြနဲ႔ ေန႔စဥ္ေဘာလံုးပြဲ ဟိုက္လိုက္ေတြကို ျပသေပးသြားမွာမယ္လို႔သိရပါတယ္။ “2018 Asian Games ၿပိဳင္ပြဲစဥ္ေတြထဲကမွ အဓိကက်တဲ့ ပြဲစဥ္ေတြအားလံုးကုိ တုိက္ရိုက္ထုတ္လႊင့္ျပသသြားမွာပါ၊ ျပည္သူေတြအေနနဲ႔ ျမန္မာအမ်ိဳးသားေဘာလံုးပြဲစဥ္ေတြကုိ အားေပးလို႔ရေအာင္ထုတ္လႊင့္ေပးသြားမွာပါ” လို႔ Eleven Sports ရဲ႕ Group Managing Director ျဖစ္သူ Danny Menken ကေျပာၾကားခဲ့ေၾကာင္းသိရပါ တယ္။

၂၀၁၈ ခုႏွစ္ Asian Games မွာ ႏိုင္ငံေပါင္း ၄၅ ႏိုင္ငံပါဝင္ၿပီး ပြဲစဥ္ေပါင္း ၄၀ ပါ၀င္မွာ ျဖစ္ေၾကာင္း၊ လက္ရွိမွာ My Sports Facebook စာမ်က္ႏွာမွာ ကမာၻအဆင့္မီႏိုင္ငံတကာနဲ႔ ျပည္ တြင္းအားကစားေတြ၊ MLN ေဘာလံုးရာသီက ေဘာလံုးပြဲစဥ္ေတြ၊ လူေနမႈဘဝပံုစံေဖ်ာ္ေျဖတင္ဆက္
မႈေတြကိုေပးေနေၾကာင္းသိရပါတယ္။

-ေအာင္သက္ကို

[Unicode]

ဂျာကာတာနဲ့ ပါလမ်ဘန်မှာ ကျင်းပမယ့် ၂၀၁၈ ခုနှစ် Asian Games ဘောလုံးပွဲစဉ်တွေကို ပြည်တွင်းမှာ တရားဝင်ဒီဂျစ်တယ်မူပိုင်ပြသခွင့်ကို My Sports မှရရှိကြောင်းသိရပါတယ်။

အဲဒီပွဲစဉ်တွေကို My Sports Facebook မှတိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ကာ မြန်မာအ မျိုးသားဘောလုံးအသင်းနဲ့ ဖူဆယ်အသင်းတွေရဲ့လှုပ်ရှားမှုတွေ၊ ပွဲစဉ်တွေတွေနဲ့ နေ့စဉ်ဘောလုံးပွဲ ဟိုက်လိုက်တွေကို ပြသပေးသွားမှာမယ်လို့သိရပါတယ်။ “2018 Asian Games ပြိုင်ပွဲစဉ်တွေထဲကမှ အဓိကကျတဲ့ ပွဲစဉ်တွေအားလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာပါ၊ ပြည်သူတွေအနေနဲ့ မြန်မာအမျိုးသားဘောလုံးပွဲစဉ်တွေကို အားပေးလို့ရအောင်ထုတ်လွှင့်ပေးသွားမှာပါ” လို့ Eleven Sports ရဲ့ Group Managing Director ဖြစ်သူ Danny Menken ကပြောကြားခဲ့ကြောင်းသိရပါ တယ်။

၂၀၁၈ ခုနှစ် Asian Games မှာ နိုင်ငံပေါင်း ၄၅ နိုင်ငံပါဝင်ပြီး ပွဲစဉ်ပေါင်း ၄၀ ပါ၀င်မှာ ဖြစ်ကြောင်း၊ လက်ရှိမှာ My Sports Facebook စာမျက်နှာမှာ ကမ္ဘာအဆင့်မီနိုင်ငံတကာနဲ့ ပြည် တွင်းအားကစားတွေ၊ MLN ဘောလုံးရာသီက ဘောလုံးပွဲစဉ်တွေ၊ လူနေမှုဘဝပုံစံဖျော်ဖြေတင်ဆက်
မှုတွေကိုပေးနေကြောင်းသိရပါတယ်။

-အောင်သက်ကို