ပြည်တွင်း၌ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ ဖြည်းဖြည်းချင်း မြှင့်တင်မည်ဟုဆို
[ Zawgyi ]
-ထွန်းထွန်း
[ Unicode ]
ပြည်တွင်းမှာ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး ဖြည်းဖြည်းချင်း မြှင့်တင်သွားမှာဖြစ်ကြောင်း ဦးရဲနိုင်မိုး (Director: Cyber Security Department, Ministry of Transport & Communications) ကပြောပါတယ်။
လက်ရှိမှာ ဆိုက်ဘာလုံခြံုရေးဟာ ပြသနာတစ်ရပ်မဟုတ်သေးကြောင်း၊ e-Government ဆိုင်ရာ ဝန်ဆောင်မှုတွေ တွင်ကျယ်လာတဲ့ အခါမှာတော့ ဆိုက်ဘာလုံခြံုရေးက မဖြစ်မနေ လိုအပ်လာကြောင်း ပြော ပါတယ်။ “Cyber security က ပြသနာတစ်ရပ်ဖြစ်နေပြီလား ဆိုတော့ အစိုးရအနေနဲ့ကတော့ ပြသနာတစ်ရပ် အဖြစ်မရှိသေးဘူး၊ ဒီလိုပဲ ကျွန်တော်တို့ အကြမ်းသတ်မှတ်လို့ရပါတယ်။ လောလောဆယ်မှာတော့ e-Government ဆိုတာက ကျွန်တော်တို့လမ်းလျှောက်ခါစ သွားနေတဲ့ အချိန်မှာ ဝန်ဆောင်မှုတွေမရှိ သေးဘူး၊ ဒီအပေါ်မှာသွားတဲ့ Transaction လည်းမရှိသေးဘူး၊ ဒါတွေကို ဖြည်းဖြည်းချင်းမြှင့်သွားဖို့ရှိပါ တယ်၊ နောက်ပိုင်း e-Government ဝန်ဆောင်မှုတွေ ပါလာမယ်ဆိုရင်တော့ Cyber security က ထားခဲ့လို့မရပါဘူး” လို့ပြောပါတယ်။
Cyber Security & Data Privacy ICT Talk ဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက် နေ့လည် ၂ နာရီမှာ MICT Park မှာ ကျင်းခဲ့ပြီး အဲဒီအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
-ထွန်းထွန်း