ပြင်ဦးလွင်တွင် MPT LTE+ ကွန်ရက်ချဲ့

ပြင်ဦးလွင်မှာ MPT LTE+ ကွန်ရက်ချဲ့ထွင်လိုက်တယ်လို့ သိရပါတယ်။

ဒေတာမြန်နှုန်း 150 Mbps အထိ ထောက်ပံ့ပေးနိုင်တယ်လို့ဆိုပြီး 4×4 MIMO စနစ်သုံး LTE+ ကွန်ရက်စနစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ပြင်ဦးလွင်မြို့အပါအဝင် တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာရှိတဲ့မြို့ကြီး ၂၉ မြို့၊ မြို့နယ် ၇၉ ခုအထိ ဖြန့်ကျက်ပြီးပြီလို့ ဆိုပါတယ်။ “ကျွန်တော်တို့အနေနဲ့ရှိပြီးသား တာဝါကွန်ရက်တွေကို အဆင့်မြှင့်ခဲ့ရုံသာမက တာဝါကွန်ရက်တွေကိုပါ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်” လို့ MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကဆိုပါတယ်။

MPT အနေနဲ့ နိုင်ငံတစ်ဝန်း ကွန်ရက်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇူလိုင်လအစောပိုင်းကစတင်ကာ လုပ်ဆောင်နေတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီး၊ အမရပူရ၊ မြစ်ငယ်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ တံတားဦး နဲ့ ညောင်ဦးမှာပါ ဖြန့်ကျက်ပြီးဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၇ ရက်မှာ ပြင်ဦးလွင်မြို့ရှိ ကျောက်တိုင်ကွင်း၊ ပြင်ဦးလွင် MPT စတိုးဆိုင်၊ မန္တလေး-လားရှိုး လမ်းတစ်လျှောက်နေရာအချို့၊ ဘူတာရုံလမ်းနဲ့ လားရှိုးလမ်းထောင့် အပါအဝင် နေရာအချို့တွင် ကွန်ရက်ဖြန့်ကျက်တဲ့ အခမ်းအနားတွေ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း