ေႏြရာသီေက်ာင္းပိတ္ရက္ ဒီဂ်စ္တယ္နည္းပညာသင္တန္း ေက်ာင္းသား၊ ေက်ာင္သူတစ္သိန္းခန္႔ တိုးခ်ဲ႕သင္ၾကားမည္

[ Zawgyi ]

လာမယ့္ႏွစ္မွာျပဳလုပ္မယ့္ Telenor ရဲ႕ေႏြရာသီေက်ာင္းပိတ္ရက္ ဒီဂ်စ္တယ္နည္းပညာသင္တန္း အတြက္ ေက်ာင္းသား၊ ေက်ာင္းသူ တစ္သိန္းခန္႔အထိ တိုးခ်ဲ႕သင္ၾကားေပးသြားမွာ ျဖစ္ေၾကာင္း Telenor Myamar ရဲ႕ Chief Corporate Affairs Officer ျဖစ္သူ Hans Martin Hoegh Henrichsen ကေျပာ ၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီေက်ာင္းပိတ္ရက္ ၃ လတာကာလအတြင္း ဒီဂ်စ္တယ္ နည္းပညာသင္တန္းမွာ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၂၅,၀၀၀ ေက်ာ္ကိုအေျခခံကြန္ပ်ဴတာ ကၽြမ္းက်င္မႈနဲ႔ အင္တာနက္ကို ေဘးကင္းစြာအသံုးျပဳအသံုးျပဳႏိုင္မယ့္ အခ်က္ေတြကို သင္ၾကား ပို႔ခ်ေပးခဲ့ေၾကာင္း၊ ပညာေရးက႑ တိုးတက္ေစဖို႔ရည္ရြယ္ကာ Laptop အလံုး ၂၄၀ ေက်ာ္ကုိ ပညာေရးဝန္ႀကီးဌာနကို ေပးအပ္ခဲ့ေၾကာင္း ၎ကဆက္ေျပာပါတယ္။

“ဒီသင္တန္းရဲ႕ ရည္ရြယ္ခ်က္က ေက်ာင္းသား၊ ေက်ာင္းသူေတြကုိ အေျခခံဒီဂ်စ္တယ္ အတတ္ပညာေတြနဲ႔ ရင္းႏွီးေစဖို႔နဲ႔ အြန္လိုင္းကေနရရွိတဲ့ အခ်က္အလက္ေတြကို ျပည္တြင္းက ကေလးေတြကိုအက်ိဳးရွိရွိ အသံုးႏိုင္ေစဖို႔ျဖစ္ပါတယ္” လို႔ ၎ကေျပာၾကားခဲ့ပါတယ္။ အဲဒီသင္တန္းကို KMD, Ericsson, Irrawaddy Green Towers, Myanmar ICT for Development Organization တို႔နဲ႔အတူ ပူးေပါင္းဖြင့္လွစ္ျခင္း ျဖစ္ေၾကာင္းသိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

လာမယ့်နှစ်မှာပြုလုပ်မယ့် Telenor ရဲ့နွေရာသီကျောင်းပိတ်ရက် ဒီဂျစ်တယ်နည်းပညာသင်တန်း အတွက် ကျောင်းသား၊ ကျောင်းသူ တစ်သိန်းခန့်အထိ တိုးချဲ့သင်ကြားပေးသွားမှာ ဖြစ်ကြောင်း Telenor Myamar ရဲ့ Chief Corporate Affairs Officer ဖြစ်သူ Hans Martin Hoegh Henrichsen ကပြော ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကျောင်းပိတ်ရက် ၃ လတာကာလအတွင်း ဒီဂျစ်တယ် နည်းပညာသင်တန်းမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၅,၀၀၀ ကျော်ကိုအခြေခံကွန်ပျူတာ ကျွမ်းကျင်မှုနဲ့ အင်တာနက်ကို ဘေးကင်းစွာအသုံးပြုအသုံးပြုနိုင်မယ့် အချက်တွေကို သင်ကြား ပို့ချပေးခဲ့ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်စေဖို့ရည်ရွယ်ကာ Laptop အလုံး ၂၄၀ ကျော်ကို ပညာရေးဝန်ကြီးဌာနကို ပေးအပ်ခဲ့ကြောင်း ၎င်းကဆက်ပြောပါတယ်။

“ဒီသင်တန်းရဲ့ ရည်ရွယ်ချက်က ကျောင်းသား၊ ကျောင်းသူတွေကို အခြေခံဒီဂျစ်တယ် အတတ်ပညာတွေနဲ့ ရင်းနှီးစေဖို့နဲ့ အွန်လိုင်းကနေရရှိတဲ့ အချက်အလက်တွေကို ပြည်တွင်းက ကလေးတွေကိုအကျိုးရှိရှိ အသုံးနိုင်စေဖို့ဖြစ်ပါတယ်” လို့ ၎င်းကပြောကြားခဲ့ပါတယ်။ အဲဒီသင်တန်းကို KMD, Ericsson, Irrawaddy Green Towers, Myanmar ICT for Development Organization တို့နဲ့အတူ ပူးပေါင်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်းသိရပါတယ်။

-အောင်သက်ကို