ေျမာက္ကုိရီးယား လူဦးေရ ၄၀ ရာခိုင္ႏႈန္းခန္႔ စမတ္ဖုန္း အသုံးျပဳေန

[ Zawgyi ]

ေျမာက္ကုိရီးယားႏိုင္ငံအတြင္း စမတ္ဖုန္းအသုံးျပဳမႈဟာ အံ့အားသင့္စရာေကာင္းေအာင္ မ်ားျပားလာတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။ ခန္႔မွန္းသူတခ်ိဳ႕ကေတာ့ ေျမာက္ကုိရီးယားရဲ႕ လူဦးေရ ၄၀ ရာခိုင္ႏႈန္းခန္႔ က စမတ္ဖုန္းကို အသုံးျပဳေနၾကတယ္လို႔ NKNews က ေဖာ္ျပခဲ့ပါတယ္။

အျခားႏိုင္ငံေတြမွာ အသုံးျပဳေနၾကတဲ့ ဖုန္းလိုပဲ ေျမာက္ကုိရီးယားႏိုင္ငံသားေတြ အသုံးျပဳတဲ့ စမတ္ဖုန္းေတြဟာ message ေပးပုိ႔တာ၊ ဖုန္းေခၚဆိုတာ၊ ေဈးကြက္ထြက္တာနဲ႔ ဂိမ္းကစားတာေတြကို ျပဳလုပ္ႏို္င္ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ကမ႓ာေပၚက အဖိႏွိပ္အခံရဆုံး ႏိုင္ငံေတြထဲက တစ္ခုျဖစ္ပါတယ္။

ေျမာက္ကုိရီးယားႏိုင္ငံသား အမ်ားစုက အင္တာနက္အသုံးမျပဳႏိုင္ပါဘူး။ ဒါေၾကာင့္ ေျမာက္ကုိရီးယားႏိုင္ငံသားေတြဟာ internal intranet ကုိအသုံးျပဳၾကပါတယ္။ ေျမာက္ကိုရီးယားက ဖုန္းေတြမွာလညး္ အဲဒီအကန္႔အသတ္ေတြ အသုံးျပဳထားႏိုင္ပါတယ္။

ဥပမာအေနနဲ႔ စမတ္ဖုန္းအတြက္ app အသစ္ေတြကို app store ကေန download ျပဳလုပ္တာက ထင္သေလာက္ မ႐ိုးရွင္းပါဘူး။ လူေတြဟာ app အသစ္ကို download လုပ္ခ်င္တဲ့အခါမွာ ဆက္သြယ္ေရးစင္တာကို သြားရတယ္လို႔ ေျမာက္ကုိရီးယားသတင္းဌာနက ေဖာျ္ပခဲ့ဖူးပါတယ္။ ေျမာက္ကုိရီးယားႏိုင္ငံအတြင္းမွာ အလားတူစင္တာေပါင္း ၇၀၀ နီးပါးရွိတယ္လို႔ သိရပါတယ္။

ေျမာက္ကုိရီးယားမွာ စမတ္ဖုန္းသုံးစြဲသူေတြအတြက္ အေက်ာ္ၾကားဆုံး app တစ္ခုက Netflix နဲ႔ ebook reader ကုိေပါင္းစပ္ထားတဲ့ app ျဖစ္ပါတယ္။ ဒါ့အျပင္ Mt.Paektu to Mt.Hanna လို႔ေခၚတဲ့ ဆိုင္ကယ္ၿပိဳင္ဂိမ္းနဲ႔ PayPal လိုမ်ိဳး လက္ခံသူရဲ႕ ဖုန္းနံပါတ္ကိုအသုံးျပဳၿပီး ေငြလႊဲႏိုင္တဲ့ Ullim app ကုိလည္း အသုံးျပဳၾကတယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

ေျမာက္ကုိရီးယားမွာ နာမည္ေက်ာ္ စမတ္ဖုန္းအမွတ္တံဆိပ္ ၄ ခုရွိတယ္လို႔ ေျမာက္ကုိရီးယားသတင္းဌာနက ေဖာ္ျပထားပါတယ္။ မၾကာေသးခင္က ထြက္ရွိထားတဲ့ ထုတ္ကုန္က Phurun Hanul ျဖစ္ၿပီး ၅.၅ လက္မ မ်က္ႏွာျပင္၊ ေက်ာဘက္မွာတပ္ဆင္ထားတဲ့ fingerprint sensor နဲ႔ 6,000mAh ဘက္ထရီ ပါဝင္တယ္လို႔ ဆိုပါတယ္။

အျခားထုတ္ကုန္တစ္ခုကေတာ့ iPhone ကိုတုပထားတဲ့ Pyongyang Touch နဲ႔ Samsung Galaxy S7 နဲ႔တူတဲ့ Jindellae 3 တို႔ျဖစ္ပါတယ္။ အဲဒီဖုန္းေတြက ေဈးမသက္သာပါဘူး။ အဲဒီစမတ္ဖုန္းေတြရဲ႕ ေဈးႏႈန္းက ေဒၚလာ ၈၀၀ အထိ က်သင့္ႏိုင္သလို ႏို္င္ငံရဲ႕ တစ္ဦးခ်င္း အသားတင္ထုတ္ကုန္ ေဒၚလာ ၁၈၀၀ ရဲ႕ တန္ဖိုးထက္ ထက္ဝက္နီးပါးရွိပါတယ္။

ေျမာက္ကိုရီးယားဟာ Android အေျခခံထုတ္ကုန္ေတြကို ပိုမိုႀကိဳက္ႏွစ္သက္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ၂၀၁၃ ခုႏွစ္က ေျမာက္ကိုရီးယားႏိုင္ငံမွာ ထြက္ေပၚခဲ့တဲ့ AS1201 Arirang မွာ Android ကိုအသုံးျပဳထားပါတယ္။ ဒါ့အျပင္ ေျမာက္ကုိရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအမ္ဟာ HTC ကထုတ္လုပ္ထားတဲ့ Android ဖုန္းကို အသုံးျပဳတယ္လို႔ အဲဒီႏွစ္မွာပဲ သတင္းထြက္ေပၚခဲ့ပါတယ္။

ရီယိုမွာ က်င္းပတဲ့ ၂၀၁၆ ခုႏွစ္ အုိလံပစ္ အားကစားၿပိဳင္ပြဲအတြင္း ပါဝင္တဲ့ အားကစားသမားေတြအတြက္ Samsung က Android ထုတ္ကုန္ေတြကို ေပးခဲ့ပါတယ္။ ဒါေပမဲ့ လက္ေဆာင္အျဖစ္ရရွိတဲ့ အဲဒီ Galaxy S7 Edge ဖုန္းေတြကို ေျမာက္ကုိရီးယားအားကစားအသင္းရဲ႕နည္းျပက သိမ္းယူခဲ့တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: AndroidAuthority

[ Unicode ]

မြောက်ကိုရီးယားနိုင်ငံအတွင်း စမတ်ဖုန်းအသုံးပြုမှုဟာ အံ့အားသင့်စရာကောင်းအောင် များပြားလာတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ခန့်မှန်းသူတချို့ကတော့ မြောက်ကိုရီးယားရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းခန့် က စမတ်ဖုန်းကို အသုံးပြုနေကြတယ်လို့ NKNews က ဖော်ပြခဲ့ပါတယ်။

အခြားနိုင်ငံတွေမှာ အသုံးပြုနေကြတဲ့ ဖုန်းလိုပဲ မြောက်ကိုရီးယားနိုင်ငံသားတွေ အသုံးပြုတဲ့ စမတ်ဖုန်းတွေဟာ message ပေးပို့တာ၊ ဖုန်းခေါ်ဆိုတာ၊ ဈေးကွက်ထွက်တာနဲ့ ဂိမ်းကစားတာတွေကို ပြုလုပ်နို်င်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကမ႓ာပေါ်က အဖိနှိပ်အခံရဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံသား အများစုက အင်တာနက်အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားနိုင်ငံသားတွေဟာ internal intranet ကိုအသုံးပြုကြပါတယ်။ မြောက်ကိုရီးယားက ဖုန်းတွေမှာလညး် အဲဒီအကန့်အသတ်တွေ အသုံးပြုထားနိုင်ပါတယ်။

ဥပမာအနေနဲ့ စမတ်ဖုန်းအတွက် app အသစ်တွေကို app store ကနေ download ပြုလုပ်တာက ထင်သလောက် မရိုးရှင်းပါဘူး။ လူတွေဟာ app အသစ်ကို download လုပ်ချင်တဲ့အခါမှာ ဆက်သွယ်ရေးစင်တာကို သွားရတယ်လို့ မြောက်ကိုရီးယားသတင်းဌာနက ဖောြ်ပခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ အလားတူစင်တာပေါင်း ရ၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားမှာ စမတ်ဖုန်းသုံးစွဲသူတွေအတွက် အကျော်ကြားဆုံး app တစ်ခုက Netflix နဲ့ ebook reader ကိုပေါင်းစပ်ထားတဲ့ app ဖြစ်ပါတယ်။ ဒါ့အပြင် Mt.Paektu to Mt.Hanna လို့ခေါ်တဲ့ ဆိုင်ကယ်ပြိုင်ဂိမ်းနဲ့ PayPal လိုမျိုး လက်ခံသူရဲ့ ဖုန်းနံပါတ်ကိုအသုံးပြုပြီး ငွေလွှဲနိုင်တဲ့ Ullim app ကိုလည်း အသုံးပြုကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားမှာ နာမည်ကျော် စမတ်ဖုန်းအမှတ်တံဆိပ် ၄ ခုရှိတယ်လို့ မြောက်ကိုရီးယားသတင်းဌာနက ဖော်ပြထားပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ ထုတ်ကုန်က Phurun Hanul ဖြစ်ပြီး ၅.၅ လက်မ မျက်နှာပြင်၊ ကျောဘက်မှာတပ်ဆင်ထားတဲ့ fingerprint sensor နဲ့ 6,000mAh ဘက်ထရီ ပါဝင်တယ်လို့ ဆိုပါတယ်။

အခြားထုတ်ကုန်တစ်ခုကတော့ iPhone ကိုတုပထားတဲ့ Pyongyang Touch နဲ့ Samsung Galaxy S7 နဲ့တူတဲ့ Jindellae 3 တို့ဖြစ်ပါတယ်။ အဲဒီဖုန်းတွေက ဈေးမသက်သာပါဘူး။ အဲဒီစမတ်ဖုန်းတွေရဲ့ ဈေးနှုန်းက ဒေါ်လာ ၈၀၀ အထိ ကျသင့်နိုင်သလို နို်င်ငံရဲ့ တစ်ဦးချင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၁၈၀၀ ရဲ့ တန်ဖိုးထက် ထက်ဝက်နီးပါးရှိပါတယ်။

မြောက်ကိုရီးယားဟာ Android အခြေခံထုတ်ကုန်တွေကို ပိုမိုကြိုက်နှစ်သက်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံမှာ ထွက်ပေါ်ခဲ့တဲ့ AS1201 Arirang မှာ Android ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်ဟာ HTC ကထုတ်လုပ်ထားတဲ့ Android ဖုန်းကို အသုံးပြုတယ်လို့ အဲဒီနှစ်မှာပဲ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ရီယိုမှာ ကျင်းပတဲ့ ၂၀၁၆ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲအတွင်း ပါဝင်တဲ့ အားကစားသမားတွေအတွက် Samsung က Android ထုတ်ကုန်တွေကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်ဆောင်အဖြစ်ရရှိတဲ့ အဲဒီ Galaxy S7 Edge ဖုန်းတွေကို မြောက်ကိုရီးယားအားကစားအသင်းရဲ့နည်းပြက သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

စိုးထက်
Ref: AndroidAuthority