ဒုတိယအကြိမ်မြောက် Mobile Symposium (The Second Myanmar Mobile Symposium) အခမ်းအနား ကျင်းပမယ်လို့ သိရပါတယ်။
GSMA ရဲ့ဦးဆောင်မှုနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT), Ooredoo Myanmar, Telenor Myanamar နဲ့ Telecom International Myanmar (MyTel) တို့ပူးပေါင်းကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ နေပြည်တော်မှာ ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီအထိ ကျင်းပမှာဖြစ်ကြောင်း၊ Hilton Hotel မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။
အဲဒီအခမ်းအနားမှာ ကမ္ဘာတစ်ဝန်းရှိ ဆက်သွယ်ရေးကဏ္ဍမှ အဖွဲ့ဝင်များ တက်ရောက်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ အော်ပရေတာတွေ ပူးပေါင်းပြီး ပထမအကြိမ် Myanmar Mobile Symposium ကို ၂၀၁၇ ခုနှစ်က ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
-ထွန်းထွန်း