ေအာ္တိုတယ္လီဖုန္းမ်ားအား ေဒတာအသံုးျပဳႏိုင္ေအာင္ ေဆာင္ရြက္မည္

[ Zawgyi ]

ေအာ္တိုတယ္လီဖုန္း အသံုးျပဳသူေတြအေနနဲ႔ ဖုန္းေျပာ႐ံုသာမက ေဒတာအသံုးျပဳႏိုင္ေအာင္ ေဆာင္ရြက္မွာျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ဒုတိယအႀကိမ္၊ ဆ႒မ ပံုမွန္အစည္းအေဝးအတြင္း လွ်ပ္စစ္၊ စက္မႈ လက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာၾကားခဲ့တယ္လို႔ ထုတ္ျပန္ခ်က္အရသိရပါတယ္။

ေအာ္တိုတယ္လီဖုန္း သံုးစြဲသူေတြ အခုထက္အဆင္ေျပစြာ သံုးႏိုင္ဖို႔အတြက္ လက္ရွိ Auto Exchange ေတြကို ဖုန္းေခၚဆိုျခင္းသာမက ေဒတာအသံုးျပဳႏိုင္တဲ့ နည္းစနစ္ေတြနဲ႔ အစားထိုးအဆင့္ျမႇင့္ လဲလွယ္လ်က္ရွိေၾကာင္း၊ ထိုသို႔အစားထိုးလဲလွယ္လ်က္ရွိရာ ၂၀၁၉ ဇြန္လကုန္ခန္႔မွာ Auto Exchange ေတြအားလံုး ေဆာင္ရြက္ၿပီးစီးမွာျဖစ္ေၾကာင္း၊ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းရဲ႕ ေအာ္တို တယ္လီဖုန္းနဲ႔ မိုဘိုင္းတယ္လီဖုန္းေတြအၾကား သက္သာေသာ ေခၚဆိုႏႈန္းထားေတြအတြက္လည္း စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ ေအာ္တိုတယ္လီဖုန္း၊ ႀကိဳးဖုန္းနဲ႔ Public Switch Telephone Network ၂၅၈,၅၀၇ လိုင္းရွိၿပီး တပ္ဆင္သံုးစြဲေနတဲ့ တယ္လီဖုန္းအေရအတြက္ ၂၀၅,၉၁၃ရွိေၾကာင္း၊ လက္က်န္သံုးစြဲႏိုင္တဲ့ ေအာ္တိုတယ္လီဖုန္း ၅၁,၄၅၈ လိုင္း လက္က်န္ရွိေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

-ေအာင္သက္ကို

============

[ Unicode ]

အော်တိုတယ်လီဖုန်းများအား ဒေတာအသုံးပြုနိုင်အောင် ဆောင်ရွက်မည်

============

အော်တိုတယ်လီဖုန်း အသုံးပြုသူတွေအနေနဲ့ ဖုန်းပြောရုံသာမက ဒေတာအသုံးပြုနိုင်အောင် ဆောင်ရွက်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယအကြိမ်၊ ဆဋ္ဌမ ပုံမှန်အစည်းအဝေးအတွင်း လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

အော်တိုတယ်လီဖုန်း သုံးစွဲသူတွေ အခုထက်အဆင်ပြေစွာ သုံးနိုင်ဖို့အတွက် လက်ရှိ Auto Exchange တွေကို ဖုန်းခေါ်ဆိုခြင်းသာမက ဒေတာအသုံးပြုနိုင်တဲ့ နည်းစနစ်တွေနဲ့ အစားထိုးအဆင့်မြှင့် လဲလှယ်လျက်ရှိကြောင်း၊ ထိုသို့အစားထိုးလဲလှယ်လျက်ရှိရာ ၂၀၁၉ ဇွန်လကုန်ခန့်မှာ Auto Exchange တွေအားလုံး ဆောင်ရွက်ပြီးစီးမှာဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ အော်တို တယ်လီဖုန်းနဲ့ မိုဘိုင်းတယ်လီဖုန်းတွေအကြား သက်သာသော ခေါ်ဆိုနှုန်းထားတွေအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အော်တိုတယ်လီဖုန်း၊ ကြိုးဖုန်းနဲ့ Public Switch Telephone Network ၂၅၈,၅၀၇ လိုင်းရှိပြီး တပ်ဆင်သုံးစွဲနေတဲ့ တယ်လီဖုန်းအရေအတွက် ၂၀၅,၉၁၃ရှိကြောင်း၊ လက်ကျန်သုံးစွဲနိုင်တဲ့ အော်တိုတယ်လီဖုန်း ၅၁,၄၅၈ လိုင်း လက်ကျန်ရှိကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

-အောင်သက်ကို