ေအာက္တုိဘာ ၂ ရက္တြင္ Surface ထုတ္ကုန္မ်ားကုိ Microsoft မိတ္ဆက္မည္

[ Zawgyi ]

Microsoft ဟာ ႏွစ္စဥ္ ေအာက္တုိဘာလေရာက္တိုင္း Surface ထုတ္ကုန္သစ္ေတြကုိ မိတ္ဆက္ေလ့ ရွိပါတယ္။ အခုဆိုရင္ Micorosoft ဟာ ေအာက္တုိဘာ ၂ ရက္၊ နယူးေယာက္မွာ ျပဳလုပ္မယ့္ပြဲအတြက္ ဖိတ္စာေတြ ေဝငွေနပါၿပီ။

Windows လိုဂိုတြင္ သတၱဳမွာပုံႏွိပ္ထားတဲ့ ဒီဇိုင္းက Surface ထုတ္ကုန္သစ္မိတ္ဆက္ဖုိ႔ စီစဥ္ထားတယ္ဆိုတာ ျပသေနပါတယ္။ အခု မိတ္ဆက္မယ့္ Surface မွာ မ်က္ႏွာျပင္ ၂ ခု ပါဝင္လာႏိုင္ပါတယ္။ Surface Book 2 ရဲ႕ သက္တမ္းက (၂) ႏွစ္နီးပါးရွိၿပီ ျဖစ္ၿပီး အခု မိတ္ဆက္မယ့္ထုတ္ကုန္သစ္မွာ Intel နဲ႔ Nvidia ရဲ႕ ေနာက္ဆုံးေပၚခ်စ္ပ္ေတြ ပါဝင္လာႏိုင္ပါတယ္။

ဒါ့အျပင္ Surface Pro ရဲ႕သက္တမ္းကလည္း တစ္ႏွစ္ခြဲရွိၿပီး Intel ရဲ႕စြမ္းေဆာင္ရည္ျမင့္မားတဲ့ ဒႆမမ်ိဳးဆက္ chipset ပါဝင္တဲ့ ဗားရွင္းကို မိတ္ဆက္ႏိုင္ပါတယ္။ Pro 7 မွာ Qualcomm ရဲ႕ 8cx ပ႐ိုဆက္ဆာ အသံုးျပဳထားဖြယ္ရွိတယ္လို႔ ေကာလာဟလထြက္ေပၚေနပါတယ္။ အဲဒီခ်စ္ပ္ဟာ Samsung ရဲ႕ Galaxy Book S မွာ စတင္ပါဝင္လာၿပီး LTE ခ်ိတ္ဆက္မႈနဲ႔ ေကာင္းမြန္တဲ့ ဘက္ထရီသက္တမ္းတို႔ Pro 7 မွာပါလာႏိုင္ပါတယ္။

Microsoft ရဲ႕ Surface ‘Centaurus’ ကလည္း စမတ္ဖုန္းနဲ႔ laptop အၾကားက အကြာအေဝးကုိ ခ်ံဳ႕ႏိုင္ၿပီး ေခါက္ႏိုင္တဲ့ ထုတ္ကုန္အျပင္ dual-screen တို႔ပါဝင္လာဖြယ္ရွိပါတယ္။ အဲဒီထုတ္ကုန္မွာေတာ့ Microsoft ရဲ႕ အားေကာင္းတဲ့ Windows Lite ကုိအသုံးျပဳထားဖြယ္ရွိကာ Chrome OS ကိုယွဥ္ၿပိဳင္ဖြယ္ရွိပါတယ္။

စိုးထက္
Ref: TheNextWeb

[ Unicode ]

Microsoft ဟာ နှစ်စဉ် အောက်တိုဘာလရောက်တိုင်း Surface ထုတ်ကုန်သစ်တွေကို မိတ်ဆက်လေ့ ရှိပါတယ်။ အခုဆိုရင် Micorosoft ဟာ အောက်တိုဘာ ၂ ရက်၊ နယူးယောက်မှာ ပြုလုပ်မယ့်ပွဲအတွက် ဖိတ်စာတွေ ဝေငှနေပါပြီ။

Windows လိုဂိုတွင် သတ္တုမှာပုံနှိပ်ထားတဲ့ ဒီဇိုင်းက Surface ထုတ်ကုန်သစ်မိတ်ဆက်ဖို့ စီစဉ်ထားတယ်ဆိုတာ ပြသနေပါတယ်။ အခု မိတ်ဆက်မယ့် Surface မှာ မျက်နှာပြင် ၂ ခု ပါဝင်လာနိုင်ပါတယ်။ Surface Book 2 ရဲ့ သက်တမ်းက (၂) နှစ်နီးပါးရှိပြီ ဖြစ်ပြီး အခု မိတ်ဆက်မယ့်ထုတ်ကုန်သစ်မှာ Intel နဲ့ Nvidia ရဲ့ နောက်ဆုံးပေါ်ချစ်ပ်တွေ ပါဝင်လာနိုင်ပါတယ်။

ဒါ့အပြင် Surface Pro ရဲ့သက်တမ်းကလည်း တစ်နှစ်ခွဲရှိပြီး Intel ရဲ့စွမ်းဆောင်ရည်မြင့်မားတဲ့ ဒဿမမျိုးဆက် chipset ပါဝင်တဲ့ ဗားရှင်းကို မိတ်ဆက်နိုင်ပါတယ်။ Pro 7 မှာ Qualcomm ရဲ့ 8cx ပရိုဆက်ဆာ အသုံးပြုထားဖွယ်ရှိတယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။ အဲဒီချစ်ပ်ဟာ Samsung ရဲ့ Galaxy Book S မှာ စတင်ပါဝင်လာပြီး LTE ချိတ်ဆက်မှုနဲ့ ကောင်းမွန်တဲ့ ဘက်ထရီသက်တမ်းတို့ Pro 7 မှာပါလာနိုင်ပါတယ်။

Microsoft ရဲ့ Surface ‘Centaurus’ ကလည်း စမတ်ဖုန်းနဲ့ laptop အကြားက အကွာအဝေးကို ချုံ့နိုင်ပြီး ခေါက်နိုင်တဲ့ ထုတ်ကုန်အပြင် dual-screen တို့ပါဝင်လာဖွယ်ရှိပါတယ်။ အဲဒီထုတ်ကုန်မှာတော့ Microsoft ရဲ့ အားကောင်းတဲ့ Windows Lite ကိုအသုံးပြုထားဖွယ်ရှိကာ Chrome OS ကိုယှဉ်ပြိုင်ဖွယ်ရှိပါတယ်။

Ref: TheNextWeb