အောက်တိုဘာလတွင် Xiaomi ဖုန်း ၁၀ သန်း တင်ပို့ရောင်းချခဲ့ရ

စက်တင်ဘာလမှာ ဖုန်း ၁၀ သန်း တင်ပို့ရောင်းချခဲ့ရတဲ့ Xiaomi ဟာ အောက်တိုဘာလမှာလည်း အလားတူ ထပ်မံရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ဒီသတင်းကို Xiaomi အမှုဆောင်အရာရှိချုပ် Lei Jun က သူ့ရဲ့ Weibo account ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကုမ္ပဏီက ကြီးမားတဲ့ရည်မှန်းချက်တစ်ခုကို သတ်မှတ်ထားပြီး ဒီနှစ်အတွင်းမှာ ဖုန်းအလုံးရေ သန်း ၉၀ တင်ပို့ရောင်းချဖို့ ရည်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က တင်ပို့ရောင်းချခဲ့တဲ့ ဖုန်းအလုံးရေ ၅၈ သန်းထက် ၅၀ ရာခိုင်နှုန်း ပိုမိုတိုးတက်လာမယ့် သဘောဖြစ်ပါတယ်။

ဆက်လက်ပြီး Microsoft အမှုဆောင်အရာရှိချုပ် Satya Nadella က Xiaomi ဌာနချုပ်ထံ လာရောက်လည်ပတ်ခဲ့ရာ Lei Jun က Xiaomi Mi Mix 2 တစ်လုံး လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ Jun ကတော့ Xiaomi နဲ့ Microsoft တို့ဟာ ဖုန်းတွေ၊ လက်တော့ပ်တွေနဲ့ clod ဝန်ဆောင်မှုတွေအတွက် အလွန်နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena