ဟောင်ကောင်အတွင်းက သတင်းမှားတွေကို ဖော်ပြပေးတဲ့ YouTube channel ၂၀၀ ကျော်ကို Google ဖယ်ရှား
[ Zawgyi ]
စိုးထက်
Ref: CNET
[ Unicode ]
Google ဟာ သတင်းမှားတွေ ဖော်ပြမှုကို တိုက်ဖျက်တဲ့အနေနဲ့ YouTube channel ၂၁၀ ကို ဖယ်ရှားခဲ့ပါတယ်။ အဲဒီ channel တွေဟာ ဟောင်ကောင်အတွင်းက ဒီမိုကရေစီထောက်ခံတဲ့ ဆန္ဒပြသူတွေနဲ့ ဆက်စပ်ပြီး သြဇာလွှမ်းမိုးအောင် ပြုလုပ်နေတယ်လို့ Google က blog post မှာရေးသားခဲ့ပါတယ်။
Twitter ကလည်း ဟောင်ကောင်အတွင်းက ဆန္ဒပြသူတွေကို အားနည်းအောင်ပြုလုပ်တဲ့ တရုတ်က account ၉၃၆ ခုကို သြဂုတ်လ ၁၉ ရက်၊ တနင်္လာနေ့က ဆိုင်းငံ့ခဲ့ပါတယ်။ Facebook ကလည်း Twitter ကရရှိတဲ့ သတင်းနဲ့ တရုတ်အစိုးရနဲ့ပတ်သက်နေတဲ့ account ၅ ခု၊ page ရ ခု နဲ့ group ၁ ခုကို ဖြုတ်ချခဲ့ပါတယ်။
ဖယ်ရှားလိုက်တဲ့ YouTube channel တွေကို ဒီတစ်ပတ်အစောပိုင်းမှာ ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီအချိန်က channel တွေက ဟောင်ကောင်အတွင်းက ဆန္ဒပြမှုတွေနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေကို ချိတ်ဆက်ဆောင်ရွက်ပြီး ပြသခဲ့ပါတယ်။ အဲဒီ channel တွေက VPNs တွေအသုံးပြုကြပြီး မူလ account တွေကို ဖုံးကွယ်ထားကြပါတယ်။
Ref: CNET