ေဟာင္ေကာင္ဆႏၵျပသူေတြအေပၚ သေဘာထားကြဲလြဲေစမယ့္ account တုေတြကုိ Facebook နဲ႔ Twitter ေဖာ္ထုတ္ခဲ့

[ Zawgyi ]

Twitter နဲ႔ Facebook ဟာ တ႐ုတ္အစုိးရက လုပ္ကုိင္ေနတယ္လို႔ ယုံၾကည္ရတဲ့ account အတုေတြမ်ားစြာကုိ ေဖာ္ထုတ္ၿပီး ဆိုင္းငံ့ခဲ့တယ္လို႔ သိရပါတယ္။

ၾသဂုတ္ ၁၉ ရက္က ကုမၸဏီႏွစ္ခုဟာ ေဟာင္ေကာင္အတြင္း ဆႏၵျပမႈေတြကုိ ႏိုင္ငံေရးအရ ကဲြလြဲေအာင္ ျပဳလုပ္ေနတဲ့ သတင္းအခ်က္အလက္ေတြကုိ စုံစမ္းစစ္ေဆး ေဖာ္ထုတ္ခဲ့ပါတယ္။ Twitter ရဲ႕ထုတ္ျပန္ခ်က္အရ account ေပါင္း ၉၃၆ ခုဟာ တ႐ုတ္ႏိုင္ငံအတြင္းမွာ ဖန္တီးထားတာ ျဖစ္ၿပီး ဆႏၵျပသမႈေတြကုိ ၿဖိဳခြဲဖို႔အတြက္ ေဟာင္ေကာင္အတြင္းက ဆႏၵျပသမႈေတြအေပၚ သေဘာထားကြဲလြဲေအာင္ ျပဳလုပ္ေနတယ္လုိ႔ သိရပါတယ္။

“အဲဒီ account ေတြအားလုံးကုိ platform အေပၚက စည္းမ်ဥ္းေတြကုိ ျခယ္လွယ္ခ်ိဳးေဖာက္မႈအတြက္ ဆုိင္းငံ့လိုက္တယ္” လို႔ Twitter က blog မွာေရးသားခဲ့ပါတယ္။

Facebook မွာေတြ႕ရွိတဲ့ ကြန္ရက္ကေတာ့ နည္းပါးပါတယ္။ Facebook ရဲ႕ဆုိက္ဘာလုံၿခဳံေရးေပၚလစီ အႀကီးအကဲျဖစ္သူ နသန္နီရယ္ဂလယ္ခ်ာက ဆႏၵျပသူေတြကုိ ဆန္႔က်င္တဲ့ သတင္းအခ်က္အလက္ျဖန္႔ခ်ိမႈမွာ page ၇ ခု၊ group ၃ ခုနဲ႔ account ၅ ခုတို႔ပါဝင္ၿပီး တ႐ုတ္နဲ႔ဆက္စပ္တဲ့အတြက္ ဖ်က္သိမ္းလိုက္တယ္လို႔ ေျပာခဲ့ပါတယ္။ Facebook account ၁၅,၅၀၀ က အဲဒီ page ေတြထဲကတစ္ခုကုိ follow လုပ္ထားၿပီး ၂,၂၀၀ ေလာက္က group ထဲမွာ ပါဝင္ေနပါတယ္။

Facebook နဲ႔ Twitter ကုိ တရုတ္ျပည္မႀကီးမွာ ပိတ္ပင္ထားေပမယ့္ VPN ကေနတစ္ဆင့္ အသုံးျပဳေနၾကပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Twitter နဲ့ Facebook ဟာ တရုတ်အစိုးရက လုပ်ကိုင်နေတယ်လို့ ယုံကြည်ရတဲ့ account အတုတွေများစွာကို ဖော်ထုတ်ပြီး ဆိုင်းငံ့ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၉ ရက်က ကုမ္ပဏီနှစ်ခုဟာ ဟောင်ကောင်အတွင်း ဆန္ဒပြမှုတွေကို နိုင်ငံရေးအရ ကွဲလွဲအောင် ပြုလုပ်နေတဲ့ သတင်းအချက်အလက်တွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့ပါတယ်။ Twitter ရဲ့ထုတ်ပြန်ချက်အရ account ပေါင်း ၉၃၆ ခုဟာ တရုတ်နိုင်ငံအတွင်းမှာ ဖန်တီးထားတာ ဖြစ်ပြီး ဆန္ဒပြသမှုတွေကို ဖြိုခွဲဖို့အတွက် ဟောင်ကောင်အတွင်းက ဆန္ဒပြသမှုတွေအပေါ် သဘောထားကွဲလွဲအောင် ပြုလုပ်နေတယ်လို့ သိရပါတယ်။

“အဲဒီ account တွေအားလုံးကို platform အပေါ်က စည်းမျဉ်းတွေကို ခြယ်လှယ်ချိုးဖောက်မှုအတွက် ဆိုင်းငံ့လိုက်တယ်” လို့ Twitter က blog မှာရေးသားခဲ့ပါတယ်။

Facebook မှာတွေ့ရှိတဲ့ ကွန်ရက်ကတော့ နည်းပါးပါတယ်။ Facebook ရဲ့ဆိုက်ဘာလုံခြုံရေးပေါ်လစီ အကြီးအကဲဖြစ်သူ နသန်နီရယ်ဂလယ်ချာက ဆန္ဒပြသူတွေကို ဆန့်ကျင်တဲ့ သတင်းအချက်အလက်ဖြန့်ချိမှုမှာ page ရ ခု၊ group ၃ ခုနဲ့ account ၅ ခုတို့ပါဝင်ပြီး တရုတ်နဲ့ဆက်စပ်တဲ့အတွက် ဖျက်သိမ်းလိုက်တယ်လို့ ပြောခဲ့ပါတယ်။ Facebook account ၁၅,၅၀၀ က အဲဒီ page တွေထဲကတစ်ခုကို follow လုပ်ထားပြီး ၂,၂၀၀ လောက်က group ထဲမှာ ပါဝင်နေပါတယ်။

Facebook နဲ့ Twitter ကို တရုတ်ပြည်မကြီးမှာ ပိတ်ပင်ထားပေမယ့် VPN ကနေတစ်ဆင့် အသုံးပြုနေကြပါတယ်။

Ref: TheVerge