
[ Zawgyi ]
Twitter အေနနဲ႔ တ႐ုတ္ရဲ႕ အစိုးရပုိင္မီဒီယာ Xinhua က ေဟာင္ေကာင္ဆႏၵျပသူေတြကုိ တိုက္ခိုက္တဲ့ ေၾကာ္ျငာေတြကုိ ေဖာ္ျပေပးေနပါတယ္။
ေဟာင္ေကာင္ဆႏၵျပသူေတြဟာ တရားခံလႊဲေျပာင္းေရးဥပေဒနဲ႔ အစိုးရအေပၚ မေက်နပ္မႈေၾကာင့္ ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။ ေၾကာ္ျငာေတြက ဆႏၵျပမႈေတြကုိ အၾကမ္းဖက္မႈကုိ အရွိန္ျမႇင့္တင္ျခင္းလို႔ ပုံေဖာ္ေနၿပီး အေျခအေနကုိ ျပန္လည္ထိန္းသိမ္းဖို႔ ေဆာ္ၾသေနၾကပါတယ္။ အျခားေၾကာ္ျငာေတြကေတာ့ တ႐ုတ္အမိေျမကုိ ေထာက္ခံသူေတြကုိ ျပသေနၿပီး ဒီႏွစ္အေစာပုိင္းက ေဟာင္ေကာင္ရဲ႕ စီးပြားေရးျပႆနာကုိ ေဖာ္ျပေနၾကပါတယ္။
Xinhua ရဲ႕လုပ္ငန္းစဥ္က ေဟာင္ေကာင္အတြင္းက လူတခ်ိဳ႕ကုိပစ္မွတ္ထားတာ ျဖစ္ပါတယ္။
Every day I go out and see stuff with my own eyes, and then I go to report it on Twitter and see promoted tweets saying the opposite of what I saw. Twitter is taking money from Chinese propaganda outfits and running these promoted tweets against the top Hong Kong protest hashtags pic.twitter.com/6Wb0Km6GOb
— Pinboard (@Pinboard) August 17, 2019
တ႐ုတ္အစိုးရက Twitter ေပၚမွာသေဘာထားကြဲလြဲမႈေဖာ္ျပတဲ့ သုံးစြဲသူေတြကုိ တိုက္ဖ်က္လ်က္ရွိပါတယ္။ Twitter ကုိ ေဟာင္ေကာင္ျပင္ပမွာေတာ့ ပိတ္ပင္ထားပါတယ္။ တ႐ုတ္အစိုးရအေနနဲ႔ လူမႈေရးမီဒီယာမွာ ႏိုင္ငံေရးအရ အျငင္းပြားဖြယ္ကိစၥေတြကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားလ်က္ရွိပါတယ္။ အခုကိစၥကေတာ့ လက္ရွိနည္းဗ်ဴဟာကုိ တိုးခ်ဲ႕လုပ္ေဆာင္တာပဲျဖစ္ပါတယ္။
စိုးထက္
Ref: Engadge
[ Unicode ]
Twitter အနေနဲ့ တရုတ်ရဲ့ အစိုးရပိုင်မီဒီယာ Xinhua က ဟောင်ကောင်ဆန္ဒပြသူတွေကို တိုက်ခိုက်တဲ့ ကြော်ငြာတွေကို ဖော်ပြပေးနေပါတယ်။
ဟောင်ကောင်ဆန္ဒပြသူတွေဟာ တရားခံလွှဲပြောင်းရေးဥပဒေနဲ့ အစိုးရအပေါ် မကျေနပ်မှုကြောင့် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ကြော်ငြာတွေက ဆန္ဒပြမှုတွေကို အကြမ်းဖက်မှုကို အရှိန်မြှင့်တင်ခြင်းလို့ ပုံဖော်နေပြီး အခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ ဆော်သြနေကြပါတယ်။ အခြားကြော်ငြာတွေကတော့ တရုတ်အမိမြေကို ထောက်ခံသူတွေကို ပြသနေပြီး ဒီနှစ်အစောပိုင်းက ဟောင်ကောင်ရဲ့ စီးပွားရေးပြဿနာကို ဖော်ပြနေကြပါတယ်။
Xinhua ရဲ့လုပ်ငန်းစဉ်က ဟောင်ကောင်အတွင်းက လူတချို့ကိုပစ်မှတ်ထားတာ ဖြစ်ပါတယ်။
တရုတ်အစိုးရက Twitter ပေါ်မှာသဘောထားကွဲလွဲမှုဖော်ပြတဲ့ သုံးစွဲသူတွေကို တိုက်ဖျက်လျက်ရှိပါတယ်။ Twitter ကို ဟောင်ကောင်ပြင်ပမှာတော့ ပိတ်ပင်ထားပါတယ်။ တရုတ်အစိုးရအနေနဲ့ လူမှုရေးမီဒီယာမှာ နိုင်ငံရေးအရ အငြင်းပွားဖွယ်ကိစ္စတွေကို ထိန်းချုပ်ဖို့ ကြိုးစားလျက်ရှိပါတယ်။ အခုကိစ္စကတော့ လက်ရှိနည်းဗျူဟာကို တိုးချဲ့လုပ်ဆောင်တာပဲဖြစ်ပါတယ်။
Ref: Engadge