ေသးငယ္တဲ့ bezel ေတြနဲ႔ UD fingerprint reader ပါဝင္တဲ့ Meizu 16 နဲ႔ 16 Plus

တ႐ုတ္စမတ္ဖုန္းကုမၸဏီ Meizu ဟာ ေသးငယ္တဲ့ bezel ေတြနဲ႔ under display fingerprint reader ပါဝင္တဲ့ 16 နဲ႔ 16 Plus ဖုန္းေတြကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

ဒီစမတ္ဖုန္းသစ္ႏွစ္မ်ိဳးရဲ႕ အဓိကကြာျခားခ်က္က screen အရြယ္ျဖစ္ပါတယ္။ Meizu 16 မွာ ၆ လက္မ screen ပါဝင္ၿပီး Plus ေမာ္ဒယ္မွာေတာ့ ၆.၅ လက္မ screen ပါဝင္ပါတယ္။

Meizu 16 Plus

Meizu 16 Plus မွာ Super AMOLED screen နဲ႔ 1080 x 2160px resolution ပါဝင္ပါတယ္။ Display ေအာက္မွာ fingerprint reader ပါဝင္ၿပီး ဖုန္းကို unlock လုပ္ဖို႔ ၀.၂၅ စကၠန္႔ပဲ ၾကာျမင့္မွာျဖစ္ပါတယ္။

ေဘးဘက္ bezel အရြယ္အစားက ၁.၁၇၅ မီလီမီတာပဲ ရိွပါတယ္။ Plus ေမာ္ဒယ္ရဲ႕ အက်ယ္က ၇၈.၂ မီလီမီတာပဲရိွၿပီး iPhone 8 Plus ရဲ႕အက်ယ္နဲ႔ တူပါတယ္။ Screen to body ratio က ၉၀ ရာခိုင္ႏႈန္းေက်ာ္ ျဖစ္ပါတယ္။

ေက်ာဘက္ကင္မရာႏွစ္ခုက 12MP + 20MP ျဖစ္ပါတယ္။ Selfie ကင္မရာက 20MP ျဖစ္ပါတယ္။ Chipset က Snapdragon 845 ျဖစ္ၿပီး ကင္မရာအတြက္ auto HDR နဲ႔ AI လုပ္ေဆာင္ခ်က္ေတြ ပါဝင္ပါတယ္။

ဘက္ထရီက 3,570mAh ျဖစ္ၿပီး Meizu ရဲ႕ mCharge နည္းပညာကို ေထာက္ပံ့ေပးထားပါတယ္။

တ႐ုတ္ႏုိင္ငံမွာ ေရာင္းခ်မယ့္ ေစ်းႏႈန္းက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

RAM Storage Price
6GB 128GB CNY 3,200 ($470/€400)
8GB 128GB CNY 3,500 ($510/€440)
8GB 256GB CNY 4,000 ($585/€500)
Available on August 20

Meizu 16

Meizu 16 မွာလည္း 1080p+ Super AMOLED display ပါဝင္ပါတယ္။ အရြယ္အစားက ၆ လက္မျဖစ္ပါတယ္။ ဘက္ထရီက 3,010mAh ျဖစ္ၿပီး memory option အမ်ားအျပားနဲ႔ ရရိွႏိုင္ပါတယ္။

Meizu 16 ေမာ္ဒယ္ႏွစ္မ်ိဳးကို တ႐ုတ္ႏိုင္ငံမွာ ႀကိဳတင္မွာယူမႈေတြ ျပဳလုပ္ႏိုင္ပါၿပီ။ Meizu 16 ရဲ႕ေစ်းႏႈန္းကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

RAM Storage Price
6GB 64GB CNY 2,700 ($395/€340)
6GB 128GB CNY 3,000 ($440/€380)
8GB 128GB CNY 3,300 ($485/€420)
Available on August 16

Ref: GSMArena

[ Unicode ]

တရုတ်စမတ်ဖုန်းကုမ္ပဏီ Meizu ဟာ သေးငယ်တဲ့ bezel တွေနဲ့ under display fingerprint reader ပါဝင်တဲ့ 16 နဲ့ 16 Plus ဖုန်းတွေကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

ဒီစမတ်ဖုန်းသစ်နှစ်မျိုးရဲ့ အဓိကကွာခြားချက်က screen အရွယ်ဖြစ်ပါတယ်။ Meizu 16 မှာ ၆ လက်မ screen ပါဝင်ပြီး Plus မော်ဒယ်မှာတော့ ၆.၅ လက်မ screen ပါဝင်ပါတယ်။

Meizu 16 Plus

Meizu 16 Plus မှာ Super AMOLED screen နဲ့ 1080 x 2160px resolution ပါဝင်ပါတယ်။ Display အောက်မှာ fingerprint reader ပါဝင်ပြီး ဖုန်းကို unlock လုပ်ဖို့ ၀.၂၅ စက္ကန့်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။

ဘေးဘက် bezel အရွယ်အစားက ၁.၁၇၅ မီလီမီတာပဲ ရှိပါတယ်။ Plus မော်ဒယ်ရဲ့ အကျယ်က ရ၈.၂ မီလီမီတာပဲရှိပြီး iPhone 8 Plus ရဲ့အကျယ်နဲ့ တူပါတယ်။ Screen to body ratio က ၉၀ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။

ကျောဘက်ကင်မရာနှစ်ခုက 12MP + 20MP ဖြစ်ပါတယ်။ Selfie ကင်မရာက 20MP ဖြစ်ပါတယ်။ Chipset က Snapdragon 845 ဖြစ်ပြီး ကင်မရာအတွက် auto HDR နဲ့ AI လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

ဘက်ထရီက 3,570mAh ဖြစ်ပြီး Meizu ရဲ့ mCharge နည်းပညာကို ထောက်ပံ့ပေးထားပါတယ်။

တရုတ်နိုင်ငံမှာ ရောင်းချမယ့် စျေးနှုန်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Meizu 16

Meizu 16 မှာလည်း 1080p+ Super AMOLED display ပါဝင်ပါတယ်။ အရွယ်အစားက ၆ လက်မဖြစ်ပါတယ်။ ဘက်ထရီက 3,010mAh ဖြစ်ပြီး memory option အများအပြားနဲ့ ရရှိနိုင်ပါတယ်။

Meizu 16 မော်ဒယ်နှစ်မျိုးကို တရုတ်နိုင်ငံမှာ ကြိုတင်မှာယူမှုတွေ ပြုလုပ်နိုင်ပါပြီ။ Meizu 16 ရဲ့စျေးနှုန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Ref: GSMArena