ေလ့လာ အမည္ရွိ အြန္လိုင္းပညာေရး Application ကို မိတ္ဆက္

[ Zawgyi ]

ျမန္မာနိုင္ငံတြင္ အဆင့္ျမင့္ ပညာေရးစနစ္အား ပါဝင္အားျဖည့္ပံ့ပိုးနိုင္ရန္ ရည္ရြယ္၍ ေလ့လာနည္းပညာကုမၸဏီလီမိ တက္မွ ေလ့လာအမည္ရွိ Application ကို စတင္မိတ္ဆက္ခဲ့ပါတယ္။

ေလ့လာ App မွာ အြန္လိုင္းပညာေရး Platform ျဖစ္ျပီး လက္ရွိတြင္ သင္ခန္းစာစုစုေပါင္း ၂၀ ေက်ာ္ အား ျမန္မာဘာသာစကားျဖင့္ စတင္ေလ့လာနိုင္မွာျဖစ္ပါတယ္။ ေလ့လာ Platform ကို Harvard University၊ Stanford နဲ႔ MIT , Microsoft တို႔မွာ လက္ရွိအသံုးျပဳေနေသာ e-Learning System ကိုအေျခခံကာ ျပည္တြင္းရွိ ျမန္မာနည္းပညာသမားေတြ က ျမန္မာလူမ်ိဳးေတြအတြက္ ဖန္းတီးထားတယ္လို႔ သိရပါတယ္။ ၀က္ဘ္ဆိုက္ျဖင့္ စတင္မိတ္ဆက္ခဲ့ၿပီး၊ ယခုအခါမွာ Mobile Apps ျဖင့္ Play Store နဲ႔ Apple Store တို႔မွာ အခမဲ့ေဒါင္းလုပ္ရယူ အသံုးျပဳနိုင္မွာ ျဖစ္ပါတယ္။

အဆိုပါ App တြင္ အဂၤလိပ္၊ ဂ်ပန္၊ တ႐ုတ္၊ ကိုရီးယားအစရွိတဲ့ ဘာသာစကားမ်ား၊ Python Programming, MATLAB အစရွိတဲ့ နည္းပညာဘာသာရပ္မ်ား၊ လက္မႈဖန္တီးျခင္းႏွင့္ အသက္ေမြး၀မ္းေၾကာင္းဆိုင္ရာပညာရပ္ေတြျဖစ္တဲ့ အိတ္ခ်ဳပ္လုပ္ျခင္း၊ ဖဲႀကိဳးပန္းခ်ီ၊ ေဆးဆိုးပန္း႐ိုက္၊ စီးပြားေရးပညာရပ္ေတြနဲ႔ လူေနမႈဆိုင္ရာဘာသာရပ္ေတြကို ေစ်းႏႈန္းသက္သာစြာနဲ႔ သင္ယူနိုင္မွာျဖစ္ၿပီး၊ တက္ေရာက္ေလ့လာတဲ့ ဘာသာရပ္တိုင္းအတြက္ သင္ၾကားသူဆရာမ်ားကိုယ္တိုင္ ႀကီးၾကပ္လမ္းၫႊန္ေပးတဲ့ လက္ေတြ႕ ေလ့က်င့္ခန္းမ်ား(Assignment ႏွင့္ Project မ်ား)၊ သင္ယူသူမ်ားအခ်င္းခ်င္း သင္ခန္းစာမ်ားကို အျပန္အလွန္ေဆြးေႏြးနိုင္ေစမယ့္ ေဆြးေႏြးခန္းက႑ေတြ ပါဝင္ပါတယ္။ ဒါ့အျပင္ ျမန္မာဘာသာစကား သင္ၾကားလိုတဲ့ ႏိုင္ငံျခားသားေတြ အတြက္လည္း ျမန္မာဘာသာစကား အြန္လိုင္းသင္ခန္း စာေတြကို ေလ့လာႏိုင္ေအာင္ ျပဳလုပ္ေပးသြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေလ့လာ Application မွာ ႐ုပ္သံအရည္အေသြးျပည့္ဝေသာ သင္ခန္းစာဗီဒီယိုမ်ားျဖင့္ ရွင္းလင္းလြယ္ကူစြာ ေလ့လာနိုင္မွာျဖစ္ၿပီး၊ သင္ခန္းစာေတြကို Wifi ျဖင့္ Download ရယူကာ အင္တာနက္ေဒတာမလိုအပ္ဘဲ Application အတြင္း offline ၾကည့္႐ႈနိုင္မွာျဖစ္ပါတယ္။

အဆိုပါ အြန္လိုင္းပညာေရး platform ေပၚရွိသင္ခန္းစာေတြကို ျမန္မာက်ပ္ေငြ ၇,၀၀၀ မွ စတင္ကာသင္ယူေလ့လာနိုင္မွာ ျဖစ္ပါတယ္။ ေလ့လာ Application ကို Android ဖုန္းေတြအတြက္ bit.ly/mmeduapp နဲ႔ iPhone အတြက္ bit.ly/laelarios တို႔မွာ download ရယူနိုင္ၿပီး၊ အေသးစိတ္အခ်က္အလက္ ေတြကို https://www.facebook.com/laelarMyanmar နဲ႔ www.laelar.com မွာ ေလ့လာႏိုင္ပါတယ္။

-ေအာင္သူ

================

[ Unicode ]

လေ့လာ အမည်ရှိ အွန်လိုင်းပညာရေး Application ကို မိတ်ဆက်

================

မြန်မာနိုင်ငံတွင် အဆင့်မြင့် ပညာရေးစနစ်အား ပါဝင်အားဖြည့်ပံ့ပိုးနိုင်ရန် ရည်ရွယ်၍ လေ့လာနည်းပညာကုမ္ပဏီလီမိ တက်မှ လေ့လာအမည်ရှိ Application ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

လေ့လာ App မှာ အွန်လိုင်းပညာရေး Platform ဖြစ်ပြီး လက်ရှိတွင် သင်ခန်းစာစုစုပေါင်း ၂၀ ကျော် အား မြန်မာဘာသာစကားဖြင့် စတင်လေ့လာနိုင်မှာဖြစ်ပါတယ်။ လေ့လာ Platform ကို Harvard University၊ Stanford နဲ့ MIT , Microsoft တို့မှာ လက်ရှိအသုံးပြုနေသော e-Learning System ကိုအခြေခံကာ ပြည်တွင်းရှိ မြန်မာနည်းပညာသမားတွေ က မြန်မာလူမျိုးတွေအတွက် ဖန်းတီးထားတယ်လို့ သိရပါတယ်။ ၀က်ဘ်ဆိုက်ဖြင့် စတင်မိတ်ဆက်ခဲ့ပြီး၊ ယခုအခါမှာ Mobile Apps ဖြင့် Play Store နဲ့ Apple Store တို့မှာ အခမဲ့ဒေါင်းလုပ်ရယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ App တွင် အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယားအစရှိတဲ့ ဘာသာစကားများ၊ Python Programming, MATLAB အစရှိတဲ့ နည်းပညာဘာသာရပ်များ၊ လက်မှုဖန်တီးခြင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်တွေဖြစ်တဲ့ အိတ်ချုပ်လုပ်ခြင်း၊ ဖဲကြိုးပန်းချီ၊ ဆေးဆိုးပန်းရိုက်၊ စီးပွားရေးပညာရပ်တွေနဲ့ လူနေမှုဆိုင်ရာဘာသာရပ်တွေကို စျေးနှုန်းသက်သာစွာနဲ့ သင်ယူနိုင်မှာဖြစ်ပြီး၊ တက်ရောက်လေ့လာတဲ့ ဘာသာရပ်တိုင်းအတွက် သင်ကြားသူဆရာများကိုယ်တိုင် ကြီးကြပ်လမ်းညွှန်ပေးတဲ့ လက်တွေ့ လေ့ကျင့်ခန်းများ(Assignment နှင့် Project များ)၊ သင်ယူသူများအချင်းချင်း သင်ခန်းစာများကို အပြန်အလှန်ဆွေးနွေးနိုင်စေမယ့် ဆွေးနွေးခန်းကဏ္ဍတွေ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာဘာသာစကား သင်ကြားလိုတဲ့ နိုင်ငံခြားသားတွေ အတွက်လည်း မြန်မာဘာသာစကား အွန်လိုင်းသင်ခန်း စာတွေကို လေ့လာနိုင်အောင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လေ့လာ Application မှာ ရုပ်သံအရည်အသွေးပြည့်ဝသော သင်ခန်းစာဗီဒီယိုများဖြင့် ရှင်းလင်းလွယ်ကူစွာ လေ့လာနိုင်မှာဖြစ်ပြီး၊ သင်ခန်းစာတွေကို Wifi ဖြင့် Download ရယူကာ အင်တာနက်ဒေတာမလိုအပ်ဘဲ Application အတွင်း offline ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အဆိုပါ အွန်လိုင်းပညာရေး platform ပေါ်ရှိသင်ခန်းစာတွေကို မြန်မာကျပ်ငွေ ရ,၀၀၀ မှ စတင်ကာသင်ယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။ လေ့လာ Application ကို Android ဖုန်းတွေအတွက် bit.ly/mmeduapp နဲ့ iPhone အတွက် bit.ly/laelarios တို့မှာ download ရယူနိုင်ပြီး၊ အသေးစိတ်အချက်အလက် တွေကို https://www.facebook.com/laelarMyanmar နဲ့ www.laelar.com မှာ လေ့လာနိုင်ပါတယ်။

-အောင်သူ