ေရွးဦးကေလးသူငယ္ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရးသင္တန္းေက်ာင္း MindChamp pre school ကို ျမန္မာႏိုင္ငံတြင္ စတင္ဖြင္႔လွစ္

[ Zawgyi ]

 

ျမန္မာႏိုင္ငံမွ EDU LAB ကုမၸဏီနဲ႔ Master Franchise တို႔ သေဘာတူညီခ်က္လက္မွတ္ေရးထိုးထားတာ ျဖစ္ၿပီး ေက်ာင္းတြင္းစီမံခန္႔ခြဲမႈေတြကို EDU LAB ကုမၸဏီက တာဝန္ယူ လုပ္ကိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

“ကေလးေတြရဲ႕ ပညာေရးကို ေလ႔လာရင္းနဲ႔ စင္ကာပူမွာ ဒီေက်ာင္းကိုေတြ႔ခဲ႔တာ ၊ တို႔နိင္ငံအတြက္ ဆိုရင္ အဆင္ေျပမယ္ ဆိုတဲ႔ံ အေတြးကေန စၿပီး ဖက္စပ္အေနနဲ႔လုပ္ကိုင္ၿပီး ဖြင္႔လွစ္ျဖစ္တာပါ” လို႔ MindChamps Myanmar ရဲ႕ Master Franchisor ျဖစ္သူ ေဒၚၾကည္ၾကည္မိုးက ေျပာပါတယ္။

MindChamps ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈျပဳစုပ်ိဳးေထာင္ေရး သင္တန္းေက်ာင္းမွာ အသက္ (၁၈) လကေန (၆) ႏွစ္အထိ ကေလးေတြကို လက္ခံသင္ၾကားေပးမွာျဖစ္ၿပီး မည္သည့္ႏိုငံမွ ကေလးကိုမဆို လက္ခံ သင္ၾကားေပးမွာ ျဖစ္တယ္လို႔သိရပါတယ္။ ေရွးဦးကေလးသူငယ္ဖြံ႔ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရးနဲ႔ သက္ဆိုင္တဲ့ သင္ၾကားမႈနည္းလမ္းေတြ၊ ကေလးငယ္ေတြရဲ႕ ဦးေႏွာက္နဲ႔ အာရံုေၾကာပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္ေရးေတြအတြက္ သင္ၾကားေပးမယ့္နည္းစနစ္ေတြကို ေရးဆြဲထားတယ္လို႔သိရပါတယ္။

-ေဝေဝ

[ Unicode ]

စင်ကာပူနိုင်ငံရဲ့ထိပ်တန်းမူကြိုကျောင်းစာရင်းမှာ ပါဝင်တဲ့ MindChamp pre school ကို မြန်မာနိုင်ငံမှာ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ EDU LAB ကုမ္ပဏီနဲ့ Master Franchise တို့ သဘောတူညီချက်လက်မှတ်ရေးထိုးထားတာ ဖြစ်ပြီး ကျောင်းတွင်းစီမံခန့်ခွဲမှုတွေကို EDU LAB ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ကလေးတွေရဲ့ ပညာရေးကို လေ့လာရင်းနဲ့ စင်ကာပူမှာ ဒီကျောင်းကိုတွေ့ခဲ့တာ ၊ တို့နိင်ငံအတွက် ဆိုရင် အဆင်ပြေမယ် ဆိုတဲ့ံ အတွေးကနေ စပြီး ဖက်စပ်အနေနဲ့လုပ်ကိုင်ပြီး ဖွင့်လှစ်ဖြစ်တာပါ” လို့ MindChamps Myanmar ရဲ့ Master Franchisor ဖြစ်သူ ဒေါ်ကြည်ကြည်မိုးက ပြောပါတယ်။

MindChamps ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှာ အသက် (၁၈) လကနေ (၆) နှစ်အထိ ကလေးတွေကို လက်ခံသင်ကြားပေးမှာဖြစ်ပြီး မည်သည့်နိုငံမှ ကလေးကိုမဆို လက်ခံ သင်ကြားပေးမှာ ဖြစ်တယ်လို့သိရပါတယ်။ ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးနဲ့ သက်ဆိုင်တဲ့ သင်ကြားမှုနည်းလမ်းတွေ၊ ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် သင်ကြားပေးမယ့်နည်းစနစ်တွေကို ရေးဆွဲထားတယ်လို့သိရပါတယ်။