ရှောလ်ဖန်နီ

[ Zawgyi ]


လာပါတယ်။


-စိုးထက်
Ref: Wikipedia

[ Unicode ]

ရှောလ်ဖန်နီကို ၁၉၈၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘရော့တန်မြို့မှာမွေးဖွားခဲ့ပါတယ်။ ရှောလ်ဖန်နီဟာ ကွန်ပျူတာပရိုဂရမ်မာ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်နဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ၁၉၉၉ ခုနှစ်မှာ ပထမဆုံးနာမည်ကျော် peer-to-peer (P2P) file sharing platform တွေထဲက တစ်ခုဖြစ်တဲ့ Napster ကိုဖန်တီးခဲ့ပါတယ်။ Napster ရဲ့ရေပန်းစားမှုက အလွန်ပျံ့နှံ့ခဲ့ပြီး Time မဂ္ဂဇင်းမှာ ဖန်နီရုပ်ပုံကို ဖော်ပြခဲ့ကြပါတယ်။

၁၉၉၉ ခုနှစ်၊ ဇွန်လ ၁ ရက်မှာ Napster ကနဦး beta ပရိုဂရမ်ကို ဖြန့်ချိခဲ့ပြီး အမေရိကန်အရှေ့မြောက်က ကောလိပ်ကျောင်းသား ရာပေါင်းများစွာက သီချင်းအရောင်းအဝယ် ပြုလုပ်ခဲ့ပါတယ်။ ရှောင်ပါကားကလည်း Napster တွဲဖက်တည်ထောင်သူ တစ်ဦးဖြစ်
လာပါတယ်။

ကုမ္ပဏီအနေနဲ့ မူပိုင်ခွင့်ရှိထားတဲ့အရာတွေကို download ပြုလုပ်ထားတာနဲ့ တရားမဝင် ဝေမျှမှုတွေကြောင့် တရားရုံးက ပိတ်ပင်မှုကို ဝက်ဘ်ဆိုက်က အယူခံဝင်မှု မအောင်မြင်ခဲ့တာကြောင့် P2P အခမဲ့ဖိုင်ဝေမျှမှုစနစ်ဟာ ၂၀၀၁ ခုနှစ်မှာ ပိတ်ပင်ခံခဲ့ရပါတယ်။
အခပေးဆိုက်ဗားရှင်းထွက်ပေါ်လာခဲ့ပြီး အဲဒီဝက်ဘ်ဆိုက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ Rhapsody က ဝယ်ယူခဲ့ပါတယ်။
ရှောလ်ဖန်နီဟာ Napster မှာပါဝင်ပြီးနောက်ပိုင်း နည်းပညာ startup ကုမ္ပဏီတွေ တော်တော်များများမှာ ရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။

-စိုးထက်
Ref: Wikipedia