ေရေဘးသင့္ေဒသမ်ားတြင္ အခမဲ့ဖုန္းေခၚဆိုႏိုင္

[ Zawgyi ]

ေရေဘးသင့္ေဒသ ၁၈ ခုမွာ ဖုန္းေျပာဆိုမႈ အခမဲ့ေျပာဆိုႏိုင္ေအာင္ MPT ကျပဳလုပ္လိုက္ပါတယ္။

MPT အခ်င္းခ်င္းသာ အခမဲ့ဖုန္းေခၚႏိုင္မွာျဖစ္ကာ ၾသဂုတ္လ ၃ ရက္ကေနစတင္ၿပီး မိနစ္ ၃၀ ၾကာ အခမဲ့ဖုန္းေခၚဆိုခြင့္ ရက္ ၃၀ ၾကာအသံုးျပဳႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။ “သဘာဝေဘးအႏၱ ရာယ္ေတြက်ေရာက္တဲ့အခ်ိန္မွာ ဆက္သြယ္ေရးဟာ အင္မတန္ အေရးႀကီးတဲ့အတြက္ ကၽြန္ေတာ္တို႔ အေနနဲ႔ဒီအစီအစဥ္ကိုျပဳလုပ္ရျခင္းျဖစ္ပါတယ္” လို႔ MPT – KSGM Joint Operations လုပ္ငန္းလည္ ပတ္မႈဌာနႀကီးရဲ႕ ဒုတိယအရာရွိခ်ဳပ္ျဖစ္သူ ဦးႏိုင္ကိုကိုကေျပာပါတယ္။

ေရေဘးသင့္ ေဒသေတြျဖစ္တဲ့ မြန္ျပည္နယ္က က်ိဳက္ထို၊ ဘီးလင္း၊ သထံု၊ က်ိဳက္မေရာ၊ ကရင္ ျပည္နယ္က လိႈင္းဘြဲ႕၊ ဘားအံ့၊ ဖာပြန္၊ ျမဝတီ၊ ေကာ့ကရိတ္၊ ၾကာအင္းဆိတ္ႀကီး၊ ပဲခူးတိုင္းေဒ သႀကီး (အေရွ႕) ျဖစ္တဲ့ ေညာင္ေလးပင္၊ ပဲခူး၊ ေရႊက်င္၊ ကဝ၊ ဒိုက္ဦး၊ သနပ္ပင္၊ ေတာင္ငူ ၊ ေက်ာက္ႀကီးေဒသေတြမွာ အခမဲ့ဖုန္းေခၚဆိုမႈ အလိုအေလ်ာက္ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ရေဘေးသင့်ဒေသ ၁၈ ခုမှာ ဖုန်းပြောဆိုမှု အခမဲ့ပြောဆိုနိုင်အောင် MPT ကပြုလုပ်လိုက်ပါတယ်။

MPT အချင်းချင်းသာ အခမဲ့ဖုန်းခေါ်နိုင်မှာဖြစ်ကာ သြဂုတ်လ ၃ ရက်ကနေစတင်ပြီး မိနစ် ၃၀ ကြာ အခမဲ့ဖုန်းခေါ်ဆိုခွင့် ရက် ၃၀ ကြာအသုံးပြုနိုင်မှာဖြစ်ကြောင်းသိရပါတယ်။ “သဘာဝဘေးအန္တ ရာယ်တွေကျရောက်တဲ့အချိန်မှာ ဆက်သွယ်ရေးဟာ အင်မတန် အရေးကြီးတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ဒီအစီအစဉ်ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ MPT – KSGM Joint Operations လုပ်ငန်းလည် ပတ်မှုဌာနကြီးရဲ့ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကိုကပြောပါတယ်။

ရေဘေးသင့် ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်က ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ ကရင် ပြည်နယ်က လှိုင်းဘွဲ့၊ ဘားအံ့၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီး၊ ပဲခူးတိုင်းဒေ သကြီး (အရှေ့) ဖြစ်တဲ့ ညောင်လေးပင်၊ ပဲခူး၊ ရွှေကျင်၊ ကဝ၊ ဒိုက်ဦး၊ သနပ်ပင်၊ တောင်ငူ ၊ ကျောက်ကြီးဒေသတွေမှာ အခမဲ့ဖုန်းခေါ်ဆိုမှု အလိုအလျောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။