ရေပန်းအစားဆုံးဖြစ်နေတဲ့ ရဲရင့်အောင်ရဲ့ Music Video

အခုလတ်တလော လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေပန်းအစားဆုံးဖြစ်နေတာကတော့ အဆိုတော်ရဲရင့်အောင်ရဲ့ ” ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်” ဆိုတဲ့ Music Video လေးပါ။

ဒီ Music Video ကိုတော့ ရဲရင့်အောင်က သူကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားပြီး သူ့ရဲ့အခုလက်ရှိ အချစ်ရေးနဲ့ပတ်သက်တဲ့ ခံစားချက်တွေနဲ့ သူဘယ်လောက်ချစ်ခဲ့ကြောင်းတွေကို ရေးဖွဲ့သီဆိုခဲ့တာပါ။
နာမည်လေးလုံးနဲ့ သရုပ်ဆောင်မင်းသမီးနဲ့ သူ့ရဲ့ အချစ်ရေးကတော့ ဆုံးခန်းတိုင်ခဲ့တာကြာပါပြီ။

ဒီ Music Video ကိုတော့ V7 Entertainment ကတင်ထားခဲ့တာဖြစ်ပြီး Like ပြုလုပ်သူ 51K နဲ့ ဝေမျှသူ 62877 ထိရှိခဲ့ပါတယ်။

နားထောင်ချင်တဲ့သူတွေ အနေနဲ့ ဒီ V7 Entertainment ရဲ့ Facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှု နားဆင်နိုင်ပါတယ်။