ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ ပထမႏွစ္အတြက္ ေက်ာင္းသားဦးေရ ၃၀၀ လက္ခံမည္

ေရဆင္းစုိက္ပ်ိဳးေရးတကၠသိုလ္ရဲ႕ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ ပထမႏွစ္ဝင္ခြင့္ကို ေက်ာင္းသားဦးေရ ၃၀၀ လက္ခံမယ္လုိ႔ သိရပါတယ္။

စိုက္ပ်ိဳးေရးသိပၸံဘြဲ႕ (B.Agr.Sc) ငါးႏွစ္သင္တန္းအတြက္ ေခၚယူျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ထားသူေတြ ေလွ်ာက္ထားႏုိင္ပါတယ္။ ေလွ်ာက္ထားသူေတြဟာ ျမန္မာႏုိင္ငံသားျဖစ္ရမွာျဖစ္ၿပီး သိပၸံဘာသာတြဲနဲ႔ ေအာင္ျမင္ထားသူ၊ တကၠသိုလ္ဝင္စာေမးပြဲ ရမွတ္ ၄၀၀ နဲ႔ အထက္ ရရွိသူေတြ ေလွ်ာက္ထားႏုိင္ပါတယ္။ ေလွ်ာက္လႊာနဲ႔အတူ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ေၾကာင္း ေထာက္ခံစာ (မူရင္း၊ အမွတ္စာရင္း (မူရင္း)၊ မိဘႏွစ္ပါးရဲ႕ ႏုိင္ငံသားစိစစ္ေရးကတ္ (မိတၱဴ)၊ အက်င့္စာရိတၱ ေကာင္းမြန္ေၾကာင္း ေထာက္ခံစာနဲ႔ ဓာတ္ပံု ၃ ပံု ကုိ ပူးတြဲ တင္ျပရမွာျဖစ္ပါတယ္။

ေလွ်ာက္လႊာေတြကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၁၇ ရက္ ေနာက္ဆံုးထားကာ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ ေက်ာင္းသားေရးရာဌာနကုိ ေပးပို႔ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ၀င္ခြင့္မရရွိပါက တကၠသိုလ္၀င္ခြင့္ မဆံုးရံႈးေစရန္ တျခားေသာ တကၠသိုလ္မ်ားကိုလည္း ေလွ်ာက္ထားရန္ လိုအပ္မွာျဖစ္ပါတယ္။

ေလွ်ာက္လႊာေတြကို ဒီေနရာမွာ download ရယူႏုိင္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကို ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ ေက်ာင္းသားေရးရာဌာန ဖုန္း – ၀၆၇-၃၄၁၆၅၁၂၊ ၀န္ထမ္းေရးရာဌာန ဖုန္း – ၀၆၇ – ၃၄၁၆၅၁၃ ကို ဆက္သြယ္ စံုစမ္းႏုိင္ပါတယ္။

-သႏၲာ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်ကို ကျောင်းသားဦးရေ ၃၀၀ လက်ခံမယ်လို့ သိရပါတယ်။

စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) ငါးနှစ်သင်တန်းအတွက် ခေါ်ယူခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူတွေ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူတွေဟာ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး သိပ္ပံဘာသာတွဲနဲ့ အောင်မြင်ထားသူ၊ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ၄၀၀ နဲ့ အထက် ရရှိသူတွေ လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာ (မူရင်း၊ အမှတ်စာရင်း (မူရင်း)၊ မိဘနှစ်ပါးရဲ့ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာနဲ့ ဓာတ်ပုံ ၃ ပုံ ကို ပူးတွဲ တင်ပြရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက် နောက်ဆုံးထားကာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားရေးရာဌာနကို ပေးပို့ လျှောက်ထားရမှာဖြစ်ပါတယ်။ ၀င်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် မဆုံးရှုံးစေရန် တခြားသော တက္ကသိုလ်များကိုလည်း လျှောက်ထားရန် လိုအပ်မှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ဒီနေရာမှာ download ရယူနိုင်ပြီး အသေးစိတ် အချက်အလက်တွေကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားရေးရာဌာန ဖုန်း – ၀၆၇-၃၄၁၆၅၁၂၊ ၀န်ထမ်းရေးရာဌာန ဖုန်း – ၀၆၇ – ၃၄၁၆၅၁၃ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-သန္တာ