ေမာင္းသူမဲ့ထရပ္ကား ဖန္တီးမႈ Uber ရပ္ဆိုင္း

[Zawgyi]

အေမရိကန္အေဝးေျပးလမ္းမေတြေပၚ သြားလာႏိုင္တဲ့ ေမာင္းသူမဲ့ကုန္တင္ထရပ္ကား ဖန္တီးမႈကို ရပ္ဆိုင္းၿပီး အိမ္စီးကားေတြမွာအသုံးျပဳမယ့္ ေမာင္းသူမဲ့ယာဥ္ နည္းပညာကုိပဲ အာ႐ုံစိုက္လုပ္ကုိင္ေတာ့မယ္လို႔ Uber က ထုတ္ျပန္ခဲ့ပါတယ္။

Uber ဟာ ၂၀၁၆ ခုႏွစ္က Otto ကုိဝယ္ယူအၿပီးမွာ Uber Freight နဲ႔ ေမာင္းသူမဲ့ထရပ္ကားေတြကုိ အသုံးျပဳၿပီး ကုန္စည္ေပးပုိ႔တဲ့က႑ထဲ ဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ Uber Freight ဟာ ထရပ္ကားေမာင္းသူေတြနဲ႔ ကုန္ပစၥည္းတင္ပုိ႔သူေတြကုိ ခ်ိတ္ဆက္ေပးတဲ့ စမတ္ဖုန္း app ျဖစ္ပါတယ္။

Uber Freight ရဲ႕တုိးတက္မႈကို ျမင္ေတြ႕ခဲ့ရေပမယ့္ ဆုံးျဖတ္ခ်က္အေပၚ သက္ေရာက္မႈမရွိဘူးလို႔ ကုမၸဏီကေျပာခဲ့ပါတယ္။ ထရပ္ကားလုပ္ငန္းဟာ ႐ႈပ္ေထြးလွတဲ့လမ္းမေတြနဲ႔ ႏိႈင္းယွဥ္ရင္ အေဝးေျပးလမ္းမေတြက ခန္႔မွန္းရလြယ္ကူတာေၾကာင့္ ေမာင္းသူမဲ့ကားနည္းပညာအတြက္ အလြန္အသုံးဝင္တဲ့ က႑ျဖစ္တယ္လို႔ သယ္ယူပုိ႔ေဆာင္ေရး ကၽြမ္းက်င္သူေတြက ႐ႈျမင္ၾကပါတယ္။

Uber ဟာ ေမာင္းသူမဲ့ထရပ္ကားေတြနဲ႔ လူကုိယ္တိုင္ေမာင္းႏွင္ရတဲ့ ထရပ္ကားေတြ ေပါင္းစပ္မယ့္အစီအစဥ္ကုိ ဒီႏွစ္အေစာပုိင္းမွာ ထုတ္ျပန္ခဲ့ပါေသးတယ္။ လူကိုယ္တုိင္ေမာင္းႏွင္ရတဲ့ ထရပ္ကားေတြကုိ လမ္းေၾကာင္းတိုမွာ အသုံးျပဳၿပီး ေမာင္းသူမဲ့ထရပ္ကားေတြကုိေတာ့ လမ္းေၾကာင္းရွည္ေတြမွာ အသုံးျပဳသြားဖို႔ စီစဥ္ခဲ့ပါတယ္။
“ကၽြန္ေတာ္တို႔အေနနဲ႔ အဖြဲ႕တစ္ခုလုံးရဲ႕ ခြန္အားနဲ႔ ကၽြမ္းက်င္မႈကို ေမာင္းသူမဲ့ကားစီမံကိန္းေတြမွာပဲ အသုံးခ်သြားပါမယ္” လို႔ Uber Advanced Technologies Group အႀကီးအကဲျဖစ္သူ Eric Meyhofer က ေျပာၾကားခဲ့ပါတယ္။

ဆန္ဖရန္စစၥကုိအေျခစိုက္ Uber ဟာ ေမာင္းသူမဲ့ကားေဈးကြက္မွာ ဆီလီကြန္ေတာင္ၾကားက Tesla Inc နဲ႔ Alphabet Inc ရဲ႕ Waymo တို႔အျပင္ ကားထုတ္လုပ္သူေတြျဖစ္တဲ့ Ford, General Motors တို႔နဲ႔လည္း ယွဥ္ၿပိဳင္ေနရပါတယ္။

Uber အေနနဲ႔ ေမာင္းသူမဲ့ထရပ္ကားစီမံကိန္း လုပ္ကုိင္ေနတဲ့ ဝန္ထမ္းေတြကို ေမာင္းသူမဲ့ယာဥ္နည္းပညာ စီမံကိန္းထဲက အျခားအခန္းက႑ေတြထဲ ေျပာင္းေရႊ႕သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

စိုးထက္
Ref: Reuters

[Unicode]

အမေရိကန်အဝေးပြေးလမ်းမတွေပေါ် သွားလာနိုင်တဲ့ မောင်းသူမဲ့ကုန်တင်ထရပ်ကား ဖန်တီးမှုကို ရပ်ဆိုင်းပြီး အိမ်စီးကားတွေမှာအသုံးပြုမယ့် မောင်းသူမဲ့ယာဉ် နည်းပညာကိုပဲ အာရုံစိုက်လုပ်ကိုင်တော့မယ်လို့ Uber က ထုတ်ပြန်ခဲ့ပါတယ်။

Uber ဟာ ၂၀၁၆ ခုနှစ်က Otto ကိုဝယ်ယူအပြီးမှာ Uber Freight နဲ့ မောင်းသူမဲ့ထရပ်ကားတွေကို အသုံးပြုပြီး ကုန်စည်ပေးပို့တဲ့ကဏ္ဍထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ Uber Freight ဟာ ထရပ်ကားမောင်းသူတွေနဲ့ ကုန်ပစ္စည်းတင်ပို့သူတွေကို ချိတ်ဆက်ပေးတဲ့ စမတ်ဖုန်း app ဖြစ်ပါတယ်။

Uber Freight ရဲ့တိုးတက်မှုကို မြင်တွေ့ခဲ့ရပေမယ့် ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုမရှိဘူးလို့ ကုမ္ပဏီကပြောခဲ့ပါတယ်။ ထရပ်ကားလုပ်ငန်းဟာ ရှုပ်ထွေးလှတဲ့လမ်းမတွေနဲ့ နှိုင်းယှဉ်ရင် အဝေးပြေးလမ်းမတွေက ခန့်မှန်းရလွယ်ကူတာကြောင့် မောင်းသူမဲ့ကားနည်းပညာအတွက် အလွန်အသုံးဝင်တဲ့ ကဏ္ဍဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး ကျွမ်းကျင်သူတွေက ရှုမြင်ကြပါတယ်။

Uber ဟာ မောင်းသူမဲ့ထရပ်ကားတွေနဲ့ လူကိုယ်တိုင်မောင်းနှင်ရတဲ့ ထရပ်ကားတွေ ပေါင်းစပ်မယ့်အစီအစဉ်ကို ဒီနှစ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။ လူကိုယ်တိုင်မောင်းနှင်ရတဲ့ ထရပ်ကားတွေကို လမ်းကြောင်းတိုမှာ အသုံးပြုပြီး မောင်းသူမဲ့ထရပ်ကားတွေကိုတော့ လမ်းကြောင်းရှည်တွေမှာ အသုံးပြုသွားဖို့ စီစဉ်ခဲ့ပါတယ်။
“ကျွန်တော်တို့အနေနဲ့ အဖွဲ့တစ်ခုလုံးရဲ့ ခွန်အားနဲ့ ကျွမ်းကျင်မှုကို မောင်းသူမဲ့ကားစီမံကိန်းတွေမှာပဲ အသုံးချသွားပါမယ်” လို့ Uber Advanced Technologies Group အကြီးအကဲဖြစ်သူ Eric Meyhofer က ပြောကြားခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုအခြေစိုက် Uber ဟာ မောင်းသူမဲ့ကားဈေးကွက်မှာ ဆီလီကွန်တောင်ကြားက Tesla Inc နဲ့ Alphabet Inc ရဲ့ Waymo တို့အပြင် ကားထုတ်လုပ်သူတွေဖြစ်တဲ့ Ford, General Motors တို့နဲ့လည်း ယှဉ်ပြိုင်နေရပါတယ်။

Uber အနေနဲ့ မောင်းသူမဲ့ထရပ်ကားစီမံကိန်း လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို မောင်းသူမဲ့ယာဉ်နည်းပညာ စီမံကိန်းထဲက အခြားအခန်းကဏ္ဍတွေထဲ ပြောင်းရွှေ့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: Reuters