ေမာင္းသူမဲ့ကားအစီအစဥ္ကို ဖ်က္သိမ္းလိုက္တဲ့ Uber

[ Zawgyi ]

Uber ရဲ႕ ေမာင္းသူမဲ့ကားတစ္စီးဟာ အလြန္ျပင္းထန္တဲ့ ယာဥ္တိုက္မႈမွာ ပါဝင္အၿပီး ၂ လအၾကာမွာ အရီဇိုးနားျပည္နယ္က ေမာင္းသူမဲ့ကားစမ္းသပ္မႈကို ပိတ္သိမ္းလိုက္တယ္လို႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။

Uber Technologies Inc အေနနဲ႔ ေမာင္းသူမဲ့ကား စမ္းသပ္အစီအစဥ္ တစ္ခုလုံးကုိ ပိတ္သိမ္းမွာ မဟုတ္ဘဲ ေမာင္းသူမဲ့ကားေတြကို ပင္ဆယ္ေဗးနီးယားျပည္နယ္ ပစ္တ္ဘတ္ၿမိဳ႕နဲ႔ ကယ္လီဖိုးနီးယားျပည္နယ္မွာ အကန္႔အသတ္နဲ႔ စမ္းသပ္ဖို႔ အာ႐ုံစိုက္သြားမယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

ဒီႏွစ္ေႏြရာသီမွာ ေမာင္းသူမဲ့ကားလုပ္ငန္းကုိ ျပန္လည္စတင္သြားမယ္လို႔လည္း ဆိုပါတယ္။

Uber ရဲ႕အရီဇိုးနားျပည္နယ္အတြင္း ေမာင္းသူမဲ့ကားစမ္းသပ္မႈ အစီအစဥ္ဟာ Uber ရဲ႕ SUV ကားေတြတစ္စီးက အလိုအေလ်ာက္ mode နဲ႔ တမ္ပီၿမိဳ႕တြင္း ေမာင္းႏွင္စဥ္မွာ လမ္းျဖတ္ကူးတဲ့အမ်ိဳးသမီးကုိ တိုက္မိခဲ့ၿပီး လူေသဆုံးမႈ ျဖစ္ပြားခဲ့တဲ့ေနာက္ ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။ အခုျဖစ္ရပ္ဟာ ေမာင္းသူမဲ့ကားေၾကာင့္ လူေသဆံုးမႈျဖစ္ပြားတဲ့ ပထမဆုံးယာဥ္တုိက္မႈ ျဖစ္လာပါတယ္။

စိုးထက္
Ref: Reuters

=============

[ Unicode ]

မောင်းသူမဲ့ကားအစီအစဉ်ကို ဖျက်သိမ်းလိုက်တဲ့ Uber

=============

Uber ရဲ့ မောင်းသူမဲ့ကားတစ်စီးဟာ အလွန်ပြင်းထန်တဲ့ ယာဉ်တိုက်မှုမှာ ပါဝင်အပြီး ၂ လအကြာမှာ အရီဇိုးနားပြည်နယ်က မောင်းသူမဲ့ကားစမ်းသပ်မှုကို ပိတ်သိမ်းလိုက်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Uber Technologies Inc အနေနဲ့ မောင်းသူမဲ့ကား စမ်းသပ်အစီအစဉ် တစ်ခုလုံးကို ပိတ်သိမ်းမှာ မဟုတ်ဘဲ မောင်းသူမဲ့ကားတွေကို ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်တ်ဘတ်မြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ အကန့်အသတ်နဲ့ စမ်းသပ်ဖို့ အာရုံစိုက်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ဒီနှစ်နွေရာသီမှာ မောင်းသူမဲ့ကားလုပ်ငန်းကို ပြန်လည်စတင်သွားမယ်လို့လည်း ဆိုပါတယ်။

Uber ရဲ့အရီဇိုးနားပြည်နယ်အတွင်း မောင်းသူမဲ့ကားစမ်းသပ်မှု အစီအစဉ်ဟာ Uber ရဲ့ SUV ကားတွေတစ်စီးက အလိုအလျောက် mode နဲ့ တမ်ပီမြို့တွင်း မောင်းနှင်စဉ်မှာ လမ်းဖြတ်ကူးတဲ့အမျိုးသမီးကို တိုက်မိခဲ့ပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့တဲ့နောက် ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ အခုဖြစ်ရပ်ဟာ မောင်းသူမဲ့ကားကြောင့် လူသေဆုံးမှုဖြစ်ပွားတဲ့ ပထမဆုံးယာဉ်တိုက်မှု ဖြစ်လာပါတယ်။

စိုးထက်
Ref: Reuters