ေမလ ၃၁ ရက္မွာ မိတ္ဆက္မယ့္ Xiaomi Mi Band 3 ဓာတ္ပံုမ်ား ထြက္ေပၚလာ

[ Zawgyi ]

တ႐ုတ္နည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Xiaomi ဟာ ေမလ ၃၁ ရက္၊ ရွန္းက်န္းမွာျပဳလုပ္မယ့္ အခမ္းအနားတစ္ခုမွာ Mi Band 3 ကို မိတ္ဆက္သြားမယ္လို႔ အႀကီးတန္းဒုဥကၠ႒ ဝမ္က်န္းကေျပာၾကားခဲ့ပါတယ္။

Xiaomi Mi Band 3 ဟာ ေကာလာဟလေတြနဲ႔ ေပါက္ၾကားထြက္ေပၚမႈမ်ားစြာ ထြက္ေပၚခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့လကုန္ပုိင္းက Xiaomi အေနနဲ႔ Mi Band 3 ရဲ႕ဓာတ္ပုံတစ္ပုံကိုလည္း tweet လုပ္ခဲ့ပါတယ္။

ဧၿပီလက Xiaomi အမႈေဆာင္အရာရွိခ်ဳပ္ ေလဂၽြန္ကို Xiaomi Black Shark စမတ္ဖုန္းနဲ႔အတူ တ႐ုတ္ႏိုင္ငံက ပြဲတစ္ပြဲမွာ ေတြ႔ခဲ့ရပါတယ္။ ဒါ့အျပင္ အဲဒီဓာတ္ပုံမွာ ေလဂၽြန္ဟာ လက္ေကာက္ဝတ္မွာ မျမင္ဖူးေသးတဲ့ fitness tracker တစ္ခုကုိ ဝတ္ဆင္ထားတာကို ေဖာ္ျပထားပါတယ္။ အဲ့ဒီေနာက္ သူ႔ရဲ႕လက္ပတ္မွာ ဝတ္ဆင္ထားတာဟာ Mi Band 3 ျဖစ္တယ္လို႔ ေလဂၽြန္က အတည္ျပဳခဲ့ပါတယ္။ အဲဒီ fitness tracker ကို စမ္းသပ္ အသုံးျပဳေနတာ လအနည္းငယ္ၾကာျမင့္ၿပီလုိ႔လည္း ေျပာပါတယ္။

Mi Band 3 နဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္နဲ႔ ေဈးႏႈန္းေတြေတာ့ မထြက္ေသးပါဘူး။ ဒါေပမယ့္ Xiaomi Mi Band 3 ထုတ္ကုန္နဲ႔ သုံးစြဲသူလမ္းညႊန္ကိုေဖာ္ျပထားတဲ့ ဓာတ္ပုံေတြ ထြက္ေပၚလာပါတယ္။

ထြက္ေပၚတဲ့ ဓာတ္ပုံအရ Mi Band 3 ဟာ အရင္ထြက္ရွိတဲ့ မ်ိဳးဆက္လိုပဲ ဒီဇိုင္းပုိင္း အေျခခံဆင္တူၿပီး လက္ပတ္ကေန module တစ္ခု ျဖဳတ္ႏို္င္ပါတယ္။

Xiaomi Mi Band 2 မွာေဖာ္ျပတဲ့ သတင္းအခ်က္အလက္ေတြ ၾကည့္႐ႈရာမွာ အကန္႔အသတ္ရွိပါတယ္။ ဒါေၾကာင့္ Mi Band 3 မွာေတာ့ display အနည္းငယ္ႀကီးမားလာဖြယ္ရွိၿပီး ေအာက္ေျခမွာ sensory control ခလုတ္ပါဝင္လာပုံရပါတယ္။ OLED မ်က္ႏွာျပင္ရဲ႕ pixel ႐ုပ္ထြက္အရည္အေသြး တိုးတက္လာၿပီး အေရာင္အေသြးနဲ႔ touch sensitive တို႔ပါဝင္လာပါတယ္။

Mi Band 3 မွာေငြေပးေခ်မႈ ျပဳလုပ္ဖို႔အတြက္ NFC module တစ္ခုပါဝင္လာမယ္လို႔ ေကာလာဟလသတင္းထြက္ေပၚေနေပမယ့္လည္း ေထာက္ပံ့ေပးမယ့္ ႏိုင္ငံေတြနဲ႔ ေငြေပးေခ်မႈစနစ္ေတြေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ Mi Band 3 လက္ပတ္ကို စတီးနဲ႔ျပဳလုပ္ထားၿပီး ေရစိုခံႏိုင္ဖုိ႔ IP67 စနစ္ ပါဝင္လာမယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ Mi Band 3 မွာ ႏွလုံးခုန္ႏႈန္းကုိ အၿမဲတမ္း တိုင္းတာေပးႏိုင္တဲ့ နည္းပညာပါဝင္လာဖြယ္ရွိပါတယ္။

စိုးထက္
Ref: GadgetsAndWearables

========

[ Unicode ]

မေလ ၃၁ ရက်မှာ မိတ်ဆက်မယ့် Xiaomi Mi Band 3 ဓာတ်ပုံများ ထွက်ပေါ်လာ

========

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Xiaomi ဟာ မေလ ၃၁ ရက်၊ ရှန်းကျန်းမှာပြုလုပ်မယ့် အခမ်းအနားတစ်ခုမှာ Mi Band 3 ကို မိတ်ဆက်သွားမယ်လို့ အကြီးတန်းဒုဥက္ကဋ္ဌ ဝမ်ကျန်းကပြောကြားခဲ့ပါတယ်။

Xiaomi Mi Band 3 ဟာ ကောလာဟလတွေနဲ့ ပေါက်ကြားထွက်ပေါ်မှုများစွာ ထွက်ပေါ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက Xiaomi အနေနဲ့ Mi Band 3 ရဲ့ဓာတ်ပုံတစ်ပုံကိုလည်း tweet လုပ်ခဲ့ပါတယ်။

ဧပြီလက Xiaomi အမှုဆောင်အရာရှိချုပ် လေဂျွန်ကို Xiaomi Black Shark စမတ်ဖုန်းနဲ့အတူ တရုတ်နိုင်ငံက ပွဲတစ်ပွဲမှာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီဓာတ်ပုံမှာ လေဂျွန်ဟာ လက်ကောက်ဝတ်မှာ မမြင်ဖူးသေးတဲ့ fitness tracker တစ်ခုကို ဝတ်ဆင်ထားတာကို ဖော်ပြထားပါတယ်။ အဲ့ဒီနောက် သူ့ရဲ့လက်ပတ်မှာ ဝတ်ဆင်ထားတာဟာ Mi Band 3 ဖြစ်တယ်လို့ လေဂျွန်က အတည်ပြုခဲ့ပါတယ်။ အဲဒီ fitness tracker ကို စမ်းသပ် အသုံးပြုနေတာ လအနည်းငယ်ကြာမြင့်ပြီလို့လည်း ပြောပါတယ်။

Mi Band 3 နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းတွေတော့ မထွက်သေးပါဘူး။ ဒါပေမယ့် Xiaomi Mi Band 3 ထုတ်ကုန်နဲ့ သုံးစွဲသူလမ်းညွှန်ကိုဖော်ပြထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

ထွက်ပေါ်တဲ့ ဓာတ်ပုံအရ Mi Band 3 ဟာ အရင်ထွက်ရှိတဲ့ မျိုးဆက်လိုပဲ ဒီဇိုင်းပိုင်း အခြေခံဆင်တူပြီး လက်ပတ်ကနေ module တစ်ခု ဖြုတ်နို်င်ပါတယ်။

Xiaomi Mi Band 2 မှာဖော်ပြတဲ့ သတင်းအချက်အလက်တွေ ကြည့်ရှုရာမှာ အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် Mi Band 3 မှာတော့ display အနည်းငယ်ကြီးမားလာဖွယ်ရှိပြီး အောက်ခြေမှာ sensory control ခလုတ်ပါဝင်လာပုံရပါတယ်။ OLED မျက်နှာပြင်ရဲ့ pixel ရုပ်ထွက်အရည်အသွေး တိုးတက်လာပြီး အရောင်အသွေးနဲ့ touch sensitive တို့ပါဝင်လာပါတယ်။

Mi Band 3 မှာငွေပေးချေမှု ပြုလုပ်ဖို့အတွက် NFC module တစ်ခုပါဝင်လာမယ်လို့ ကောလာဟလသတင်းထွက်ပေါ်နေပေမယ့်လည်း ထောက်ပံ့ပေးမယ့် နိုင်ငံတွေနဲ့ ငွေပေးချေမှုစနစ်တွေတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Mi Band 3 လက်ပတ်ကို စတီးနဲ့ပြုလုပ်ထားပြီး ရေစိုခံနိုင်ဖို့ IP67 စနစ် ပါဝင်လာမယ်လို့ သိရပါတယ်။

ဒါ့အပြင် Mi Band 3 မှာ နှလုံးခုန်နှုန်းကို အမြဲတမ်း တိုင်းတာပေးနိုင်တဲ့ နည်းပညာပါဝင်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: GadgetsAndWearables