ေဘးဘက္မွာတပ္ထားတဲ့ fingerprint scanner နဲ႔ 5G mod ပါဝင္တဲ့ Moto Z3

Motorola ဟာ ၂၀၁၈ အတြက္ ကုမၸဏီရဲ႕ ေနာက္ဆံုးေပၚ flagship စမတ္ဖုန္းအျဖစ္ Moto Z3 ကို ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။ ဒီထုတ္ကုန္ကို အေမရိကန္ျပည္ေထာင္စု၊ ခ်ီကာဂိုၿမိဳ႕မွာ က်င္းပခဲ့တဲ့ အခမ္းအနားတစ္ခုမွာ မိတ္ဆက္ေၾကညာခဲ့တာ ျဖစ္ပါတယ္။

Moto Z3 ကို ဒီလကုန္ကစၿပီး အေမရိကန္မွာ Verzion ကေန အထူးသီးသန္႔ ျဖန္႔ခ်ိသြားမွာျဖစ္ပါတယ္။ အျခားေစ်းကြက္မွာ မိတ္ဆက္မယ့္ အခ်ိန္ကိုေတာ့ ကုမၸဏီက မထုတ္ျပန္ခဲ့ပါဘူး။

Moto Z3 ဒီဇိုင္းနဲ႔ Feature မ်ား

Moto Z3 ဟာ Verizon က လာမယ့္ႏွစ္မွာ 5G ကြန္ရက္ကို စတင္တာနဲ႔ 5G ကို အဆင့္ျမွင့္ႏိုင္တာေၾကာင့္ ကမ႓ာ့ပထမဆံုး 5G ဖုန္း ျဖစ္လာဖို႔ရိွပါတယ္။ ဒီေမာ္ဒယ္ကို 5G Moto mod တစ္ခုနဲ႔ သံုးႏိုင္ပါတယ္။ ဒီဇိုင္းပိုင္းအေနနဲ႔ Moto Z3 မွာ မွန္ကိုယ္ထည္တစ္ခု ပါဝင္ပါတယ္။ Display က ၆ လက္မအရြယ္ AMOLED ျဖစ္ၿပီး ေသးငယ္တဲ့ bezel ေတြပါဝင္ပါတယ္။ ေက်ာဘက္မွာ Motorola ရဲ႕သေကၤတျဖစ္တဲ့ dual camera set up ပါဝင္ပါတယ္။ ေက်ာဘက္က မွန္ထည္ျဖစ္တာေၾကာင့္ fingerprint sensor ကို ဖုန္းရဲ႕ညာဘက္ေဘး volume ခလုတ္ ေအာက္မွာ ထည့္သြင္းထားပါတယ္။

ဖုန္းရဲ႕ေက်ာဘက္မွာ Moto Mod ေတြအတြက္ pin connector ကို တပ္ဆင္ထားပါတယ္။ ဒီစမတ္ဖုန္းဟာ အရင္ MotoMods အားလံုးနဲ႔ တြဲဖက္သံုးႏိုင္ပါတယ္။ 5G Mod ကို Verzion နဲ႔ ပူးတြဲဖန္တီးထားၿပီး Snapdragon X50 modem ေၾကာင့္ ေအာ္ပေရတာရဲ႕ မ်ိဳးဆက္သစ္ ကြန္ရက္ရဲ႕ အက်ိဳးေက်းဇူးေတြကို ရရိွခံစားႏိုင္မွာ ျဖစ္ပါတယ္။

Specification မ်ား

Moto Z3 မွာ ၿပီးခဲ့တဲ့နွစ္ရဲ႕ Qualcomm Snapdragon 835 flagship chipset ကို အသံုးျပဳထားပါတယ္။ RAM က 4GB ျဖစ္ၿပီး storage က 64GB ျဖစ္ပါတယ္။

ေက်ာဘက္ကင္မရာႏွစ္ခုက 12MP + 12MP ျဖစ္ပါတယ္။ Selfie ဓာတ္ပံုေတြအတြက္ 8MP sensor တစ္ခု ပါဝင္ပါတယ္။ ဘက္ထရီက 3,000mAh ျဖစ္ေပမယ့္ 5G Moto Mod က ေနာက္ထပ္ 2,000mAh ဘက္ထရီကို ေထာက္ပံ့ေပးႏုိင္ပါတယ္။ ေနာက္ဆံုးေပၚ Android 8.1 Oreo OS ကို အသံုးျပဳထားၿပီး Android 9.0 P ထြက္တာနဲ႔ ခ်က္ခ်င္း update ျပဳလုပ္ႏိုင္မယ္လို႔ ယူဆရပါတယ္။

Moto Z3 ေစ်းႏႈန္းနဲ႔ ရရိွမယ့္အခ်ိန္

Motorola Moto Z3 ကို အေမရိကန္မွာ Verizon ကြန္ရက္ေပၚကေန အထူးသီးသန္႔အျဖစ္ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ေစ်းႏႈန္းက ေဒၚလာ ၄၈၀ (5G Moto Mod မပါ) ျဖစ္ပါတယ္။ 5G Moto Mod ကို မမိတ္ဆက္ေသးသလို ၂၀၁၉ ႏွစ္မတိုင္ခင္အထိ မရရိွႏိုင္ဘူးလို႔ သိရပါတယ္။

[foogallery id=”89836″]

Ref: GizmoChina

[ Unicode ]

Motorola ဟာ ၂၀၁၈ အတွက် ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် flagship စမတ်ဖုန်းအဖြစ် Moto Z3 ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒီထုတ်ကုန်ကို အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ မိတ်ဆက်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Moto Z3 ကို ဒီလကုန်ကစပြီး အမေရိကန်မှာ Verzion ကနေ အထူးသီးသန့် ဖြန့်ချိသွားမှာဖြစ်ပါတယ်။ အခြားစျေးကွက်မှာ မိတ်ဆက်မယ့် အချိန်ကိုတော့ ကုမ္ပဏီက မထုတ်ပြန်ခဲ့ပါဘူး။

Moto Z3 ဒီဇိုင်းနဲ့ Feature များ

Moto Z3 ဟာ Verizon က လာမယ့်နှစ်မှာ 5G ကွန်ရက်ကို စတင်တာနဲ့ 5G ကို အဆင့်မြှင့်နိုင်တာကြောင့် ကမ႓ာ့ပထမဆုံး 5G ဖုန်း ဖြစ်လာဖို့ရှိပါတယ်။ ဒီမော်ဒယ်ကို 5G Moto mod တစ်ခုနဲ့ သုံးနိုင်ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ Moto Z3 မှာ မှန်ကိုယ်ထည်တစ်ခု ပါဝင်ပါတယ်။ Display က ၆ လက်မအရွယ် AMOLED ဖြစ်ပြီး သေးငယ်တဲ့ bezel တွေပါဝင်ပါတယ်။ ကျောဘက်မှာ Motorola ရဲ့သင်္ကေတဖြစ်တဲ့ dual camera set up ပါဝင်ပါတယ်။ ကျောဘက်က မှန်ထည်ဖြစ်တာကြောင့် fingerprint sensor ကို ဖုန်းရဲ့ညာဘက်ဘေး volume ခလုတ် အောက်မှာ ထည့်သွင်းထားပါတယ်။

ဖုန်းရဲ့ကျောဘက်မှာ Moto Mod တွေအတွက် pin connector ကို တပ်ဆင်ထားပါတယ်။ ဒီစမတ်ဖုန်းဟာ အရင် MotoMods အားလုံးနဲ့ တွဲဖက်သုံးနိုင်ပါတယ်။ 5G Mod ကို Verzion နဲ့ ပူးတွဲဖန်တီးထားပြီး Snapdragon X50 modem ကြောင့် အော်ပရေတာရဲ့ မျိုးဆက်သစ် ကွန်ရက်ရဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

Specification များ

Moto Z3 မှာ ပြီးခဲ့တဲ့နှစ်ရဲ့ Qualcomm Snapdragon 835 flagship chipset ကို အသုံးပြုထားပါတယ်။ RAM က 4GB ဖြစ်ပြီး storage က 64GB ဖြစ်ပါတယ်။

ကျောဘက်ကင်မရာနှစ်ခုက 12MP + 12MP ဖြစ်ပါတယ်။ Selfie ဓာတ်ပုံတွေအတွက် 8MP sensor တစ်ခု ပါဝင်ပါတယ်။ ဘက်ထရီက 3,000mAh ဖြစ်ပေမယ့် 5G Moto Mod က နောက်ထပ် 2,000mAh ဘက်ထရီကို ထောက်ပံ့ပေးနိုင်ပါတယ်။ နောက်ဆုံးပေါ် Android 8.1 Oreo OS ကို အသုံးပြုထားပြီး Android 9.0 P ထွက်တာနဲ့ ချက်ချင်း update ပြုလုပ်နိုင်မယ်လို့ ယူဆရပါတယ်။

Moto Z3 စျေးနှုန်းနဲ့ ရရှိမယ့်အချိန်

Motorola Moto Z3 ကို အမေရိကန်မှာ Verizon ကွန်ရက်ပေါ်ကနေ အထူးသီးသန့်အဖြစ် ရောင်းချသွားမှာဖြစ်ပါတယ်။ စျေးနှုန်းက ဒေါ်လာ ၄၈၀ (5G Moto Mod မပါ) ဖြစ်ပါတယ်။ 5G Moto Mod ကို မမိတ်ဆက်သေးသလို ၂၀၁၉ နှစ်မတိုင်ခင်အထိ မရရှိနိုင်ဘူးလို့ သိရပါတယ်။

Ref: GizmoChina