ဖောက်ထွင်းမြင်နိုင်တဲ့ ၂၉ လက်မ touchscreen ပါဝင်ပြီး webOS သုံးထားတဲ့ LG ThinQ စမတ်ရေခဲသေတ္တာ

Samsung ဟာ touchscreen ပါဝင်တဲ့ ရေခဲသေတ္တာတွေကို အရင်က ထုတ်လုပ်ခဲ့သလို LG ကလည်း အတွင်းကို ဖောက်ထွင်းမြင်နိုင်မယ့် တံခါးတွေပါဝင်တဲ့ ရေခဲသေတ္တာတွေကို ဖန်တီးခဲ့ပါတယ်။

ဒီနှစ် CES 2018 မှာတော့ LG က InstaView ThinQ စမတ်ရေခဲသေတ္တာမှာ အဲ့ဒီစိတ်ကူးနှစ်ခုကို ပေါင်းစပ်ခဲ့ပြီး ရေခဲသေတ္တာမှာ ၂၉ လက်မ touchscreen ပါဝင်လာပါတယ်။ အဲ့ဒီ display ကို နှစ်ချက်နှိပ်လိုက်တဲ့အခါမှာ ကွန်ပျူတာ display တစ်ခုကနေ ဖောက်ထွင်းမြင်နိုင်တဲ့ screen အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။

LG ThinQ စမတ်ရေခဲသေတ္တာမှာ LG ရဲ့ webOS software နဲ့ Amazon ရဲ့ Alexa ကို အသုံးပြုပြီး အစားအစာတွေကို စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ အစားအစာတွေမှာ virtual sticker တွေနဲ့ ကုန်ဆုံးရက်တွေကို ကပ်ထားနိုင်သလို အစားအသောက်ကုန်ခါနီး ဒါမှမဟုတ် ပျက်စီးခါနီးတဲ့အခါ အလိုအလျောက်သတိပေးမှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရေခဲသေတ္တာအတွင်းမှာ wide-angle panoramic ကင်မရာတစ်ခု ထည့်သွင်းထားတာကြောင့် ရေခဲသေတ္တာကို အဝေးကနေ စစ်ဆေးကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

InstaView ThinQ စမတ် ရေခဲသေတ္တာရဲ့ တန်ဖိုးနဲ့ ဖြန့်ချိမယ့်အချိန်ကို မသိရသေးပါဘူး။

-နောင်နောင်
Ref: TheVerge