ေနျပည္ေတာ္၊ ရြာမ (ရန္ကုန္) ႏွင့္ မႏၲေလးၿမိဳ႕ရွိ အစိုးရနည္းပညာ အထက္တန္းေက်ာင္းမ်ားတြင္ ကာလတုိသင္တန္းမ်ား ဖြင့္မည္

[ Zawgyi ]

ေနျပည္ေတာ္၊ ရြာမ (ရန္ကုန္) နဲ႔ မႏၲေလးၿမိဳ႕ရွိ အစိုးရနည္းပညာ အထက္တန္းေက်ာင္းမ်ားမွာ ကၽြမ္းက်င္မႈ အေျချပဳ ကာလတုိသင္တန္းေတြ ဖြင့္လွစ္မယ္လုိ႔သိရပါတယ္။

သင္တန္းေတြကုိ စက္တင္ဘာ ၂ ရက္မွာ စတင္ ဖြင့္လွစ္သြားမွာျဖစ္ၿပီး အစိုးရနည္းပညာအထက္တန္းေက်ာင္း (ေနျပည္ေတာ္) မွာ အုတ္စီကၽြမ္းက်င္သင္တန္းနဲ႔ သံခ်ည္သံေကြးကၽြမ္းက်င္ သင္တန္းကုိလည္းေကာင္း၊ အစိုးရနည္းပညာအထက္တန္းေက်ာင္း (ရြာမ) မွာ ပံုဆင္၊ ပံု႐ိုက္ကၽြမ္းက်င္သင္တန္းနဲ႔ လမ္းခင္းကၽြမ္းက်င္သင္တန္းကိုလည္းေကာင္း၊ အစိုးရနည္းပညာ အထက္တန္းေက်ာင္း (မႏၲေလး) မွာ သံခ်ည္သံေကြး ကၽြမ္းက်င္သင္တန္းကိုလည္းေကာင္း ဖြင့္လွစ္ေပးသြားမွာျဖစ္ပါတယ္။

သင္တန္းကို မူလတန္းေအာင္ျမင္ၿပီး အသက္ ၁၈ ႏွစ္ျပည့္ၿပီး အသက္ ၄၀ ထက္မေက်ာ္လြန္သူေတြ တက္ေရာက္ႏုိင္ပါတယ္။ ေလွ်ာက္လႊာေတြကို ၾသဂုတ္ ၁၆ ရက္ မွ စက္တင္ဘာ ၁ ရက္ အထိ သက္ဆုိင္ရာ ေက်ာင္းအသီးသီးမွာ ရယူ ေလွ်ာက္ထားႏုိင္ပါတယ္။ သင္တန္းေၾကးမွာ အခမဲ့ျဖစ္ၿပီး သင္တန္းသို႔ က်ား/မ မေရြး တက္ေရာက္ႏုိင္ပါတယ္။ ေလွ်ာက္လႊာေတြကို www.mimu.info နဲ႔ https://bit.ly/2A3xiak မွာ ရယူႏုိင္ၿပီး eye.cbmsc@gmail.com သုိ႔လည္း ေပးပို႔ေလွ်ာက္ထားႏုိင္ပါတယ္။

အေသးစိတ္ကုိ အစုိးရနည္းပညာအထက္တန္းေက်ာင္း (ေနျပည္ေတာ္) ဖုန္း- ၀၉-၄၄၈၅၃၆၂၀၀၊ ၀၆၇-၄၀၁၄၂၅ – ၆၊ အစိုးရနည္းပညာအထက္တန္းေက်ာင္း (ရြာမ) ဖုန္း-၀၉-၂၅၀၃၇၇၁၈၈၊ ၀၁-၆၄၁၆၉၆၊ အစိုးရနည္းပညာအထက္တန္းေက်ာင္း (မႏၲေလး) ဖုန္း-၀၉-၇၉၁၃၇၁၂၇၄၊ ၀၂-၅၁၅၂၁၉၂ ကို ဆက္သြယ္ေမးျမန္း စံုစမ္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

နေပြည်တော်၊ ရွာမ (ရန်ကုန်) နဲ့ မန္တလေးမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှာ ကျွမ်းကျင်မှု အခြေပြု ကာလတိုသင်တန်းတွေ ဖွင့်လှစ်မယ်လို့သိရပါတယ်။

သင်တန်းတွေကို စက်တင်ဘာ ၂ ရက်မှာ စတင် ဖွင့်လှစ်သွားမှာဖြစ်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) မှာ အုတ်စီကျွမ်းကျင်သင်တန်းနဲ့ သံချည်သံကွေးကျွမ်းကျင် သင်တန်းကိုလည်းကောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) မှာ ပုံဆင်၊ ပုံရိုက်ကျွမ်းကျင်သင်တန်းနဲ့ လမ်းခင်းကျွမ်းကျင်သင်တန်းကိုလည်းကောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မန္တလေး) မှာ သံချည်သံကွေး ကျွမ်းကျင်သင်တန်းကိုလည်းကောင်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကို မူလတန်းအောင်မြင်ပြီး အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၀ ထက်မကျော်လွန်သူတွေ တက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို သြဂုတ် ၁၆ ရက် မှ စက်တင်ဘာ ၁ ရက် အထိ သက်ဆိုင်ရာ ကျောင်းအသီးသီးမှာ ရယူ လျှောက်ထားနိုင်ပါတယ်။ သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး သင်တန်းသို့ ကျား/မ မရွေး တက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို www.mimu.info နဲ့ https://bit.ly/2A3xiak မှာ ရယူနိုင်ပြီး eye.cbmsc@gmail.com သို့လည်း ပေးပို့လျှောက်ထားနိုင်ပါတယ်။

အသေးစိတ်ကို အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်) ဖုန်း- ၀၉-၄၄၈၅၃၆၂၀၀၊ ၀၆၇-၄၀၁၄၂၅ – ၆၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) ဖုန်း-၀၉-၂၅၀၃၇၇၁၈၈၊ ၀၁-၆၄၁၆၉၆၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး) ဖုန်း-၀၉-၇၉၁၃၇၁၂၇၄၊ ၀၂-၅၁၅၂၁၉၂ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။