ေနျပည္ေတာ္ရွိ မုိဘိုင္းဖုန္းလုပ္ငန္းရွင္မ်ား အစည္အေဝး က်င္းပ

[ Zawgyi ]

ေနျပည္ေတာ္ရွိ မုိဘိုင္းဖုန္းလုပ္ငန္ရွင္မ်ား အစည္းအေဝးကို ဧၿပီ ၃၀ ရက္၊ ေန႔လယ္ပိုင္းက ေနျပည္ေတာ္ရွိ Feel Restaurant မွာ က်င္းခဲ့ပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ မိုဘိုင္းဖုန္းလုပ္ငန္းရွင္မ်ားအားလံုး အတူတကြ စည္းစည္းလံုးလံုး၊ လက္တြဲညီညီ ေဆာင္ရြက္ႏိုင္ရန္ရည္ရြယ္ၿပီး ေနျပည္ေတာ္ မိုဘိုင္းဖုန္း လုပ္ငန္းရွင္မ်ားအသင္း ျဖစ္ေျမာက္ရန္ အစည္းအေဝးပြဲကို က်င္းပရျခင္းျဖစ္ပါတယ္လို႔လည္း သိရပါတယ္။

အခမ္းအနားကို ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ပ်ဥ္းမနား၊ တပ္ကုန္း၊ လယ္ေ၀းနဲ႔ သီရိငါးသီရိၿမိဳ႕နယ္မွ မုိဘိုင္းဖုန္းလုပ္ငန္းရွင္မ်ား တက္ေရာက္ၾကၿပီး ေနျပည္ေတာ္ မိုလ္ဘိုင္းဖုန္းလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းရန္အတြက္ အလုပ္အမႈေဆာင္ေတြကို ေရြးခ်ယ္တင္ေျမႇာက္ကာ အသင္းဖြဲ႕ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ေနျပည္ေတာ္ မိုဘိုင္းဖုန္း လုပ္ငန္းရွင္မ်ားအသင္းကို တရား၀င္ အသင္းအဖြဲ႕အျဖစ္ တည္ေထာင္ခြင့္ရေအာင္ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ၿပီး အသင္းလွုပ္ရွားမႈအျဖစ္ မိုဘိုင္းဖုန္း နည္းပညာဆိုင္ရာ Software & Hardware ပညာရပ္မ်ား ျပန္႔ပြားေရး၊ မိုဘိုင္းဖုန္းဆိုင္ရာ အသိပညာ အတတ္ပညာမ်ား ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ သင္တန္းမ်ား၊ အလုပ္ရုံေဆြးေႏြးပြဲမ်ား ၊ အသင္းအတြင္း လူမႈေရးပညာေရး ဆိုင္ရာမ်ား ဆက္လက္ေဆာင္ရြက္သြားဖို႕ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

နေပြည်တော်ရှိ မိုဘိုင်းဖုန်းလုပ်ငန်ရှင်များ အစည်းအဝေးကို ဧပြီ ၃၀ ရက်၊ နေ့လယ်ပိုင်းက နေပြည်တော်ရှိ Feel Restaurant မှာ ကျင်းခဲ့ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မိုဘိုင်းဖုန်းလုပ်ငန်းရှင်များအားလုံး အတူတကွ စည်းစည်းလုံးလုံး၊ လက်တွဲညီညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး နေပြည်တော် မိုဘိုင်းဖုန်း လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရန် အစည်းအဝေးပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်လို့လည်း သိရပါတယ်။

အခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးနဲ့ သီရိငါးသီရိမြို့နယ်မှ မိုဘိုင်းဖုန်းလုပ်ငန်းရှင်များ တက်ရောက်ကြပြီး နေပြည်တော် မိုလ်ဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်အတွက် အလုပ်အမှုဆောင်တွေကို ရွေးချယ်တင်မြှောက်ကာ အသင်းဖွဲ့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော် မိုဘိုင်းဖုန်း လုပ်ငန်းရှင်များအသင်းကို တရားဝင် အသင်းအဖွဲ့အဖြစ် တည်ထောင်ခွင့်ရအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်းလှုပ်ရှားမှုအဖြစ် မိုဘိုင်းဖုန်း နည်းပညာဆိုင်ရာ Software & Hardware ပညာရပ်များ ပြန့်ပွားရေး၊ မိုဘိုင်းဖုန်းဆိုင်ရာ အသိပညာ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ၊ အသင်းအတွင်း လူမှုရေးပညာရေး ဆိုင်ရာများ ဆက်လက်ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။