ေနာက္ဆံုးေပၚ Intel 8th Gen Core processor ေတြပါဝင္တဲ့ Dell Inspiron 2-in-1

IFA 2018 မစတင္ခင္မွာ Dell ဟာ အဆင့္ျမွင့္ထားတဲ့ Inspiron 2-in-1 စီးရီးေတြကို မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီ ကြန္ပ်ဴတာသစ္ေတြမွာ Intel ရဲ႕ 8th Gen Core U processor သစ္ေတြကို အသံုးျပဳထား႐ံုသာမက webcam နည္းပညာသစ္နဲ႔ Amazon Alexa တို႔ကိုလည္း ထည့္သြင္းထားပါတယ္။

Inspiron 7000 2-in-1 စီးရီးေတြကို ၁၃ လက္မ၊ ၁၅ လက္မ၊ ၁၇ လက္မ အရြယ္အစားေတြနဲ႔ ရရိွႏိုင္ပါတယ္။ RAM ကို 16GB DDR4 အထိ ရရိွႏိုင္သလို optional Intel Optane memory နဲ႔လည္း ရႏိုင္ပါတယ္။ Storage ကိုေတာ့ PCIe NVME SSD ေတြနဲ႔ ရရိွႏိုင္ပါတယ္။ ၁၅ လက္မနဲ႔ ၁၇ လက္မ ေမာ္ဒယ္ေတြမွာ NVIDIA GeForce MX150 graphics အေထာက္အပံ့ ပါဝင္ပါတယ္။

Display မွာ Dell ရဲ႕ CinemaColor နည္းပညာပါဝင္တာေၾကာင့္ ၾကည္လင္ျပတ္သားၿပီး အေရာင္စိုျပည္တဲ့ ႐ုပ္ထြက္ကို ရရိွႏိုင္ပါတယ္။ ဒါ့အျပင္ UHD resolution IPS panel ေတြနဲ႔လည္း ရရိွႏိုင္ပါတယ္။

Inspiron 7000 2-in-1 မွာပါဝင္လာတဲ့ webcam နည္းပညာသစ္ဟာ noise ကို ေလွ်ာ့ခ်ေပးႏုိင္သလို အလင္းနည္းတဲ့ ေနရာေတြမွာလည္း အရည္အေသြးကို ပိုမိုေကာင္းမြန္ေစတယ္လို႔ Dell က ေျပာပါတယ္။ လ်င္ျမန္တဲ့ authentication အတြက္ Windows Hello ပါဝင္သလို ပါဝါခလုတ္မွာလည္း fingerprint reader တစ္ခု ထည့္သြင္းထားပါတယ္။ Windows 10 ရဲ႕ Modern Standby အတြက္ အေထာက္အပံ့နဲ႔ ေပါင္းစပ္ထားတာေၾကာင့္ ကြန္ပ်ဴတာကို wake လုပ္တာနဲ႔ log-in လုပ္တာေတြကို ခ်က္ခ်င္းဆိုသလို လ်င္ျမန္တဲ့ အျမန္ႏႈန္းေတြနဲ႔ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။

ဒီကြန္ပ်ဴတာေတြမွာ Amazon Alexa digital assistant အတြက္ အေထာက္အပံ့ပါဝင္လာသလို မွတ္စုေတြ ေရးမွတ္ဖို႔အတြက္ Dell ရဲ႕ Active Pen ကိုလည္း ေထာက္ပံ့ေပးထာားပါတယ္။

ေနာက္ဆံုးေပၚ Inspiron 7000 2-in1 ေတြကို ေအာက္တိုဘာ ၂ ရက္မွာ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ တန္ဖိုးက ၈၇၉.၉၉ ေဒၚလာကေန စတင္မွာ ျဖစ္ပါတယ္။

Dell ဟာ 7000 စီးရီးေတြအျပင္ Intel ရဲ႕ 8th Gen U စီးရီး ပ႐ိုဆက္ဆာေတြပါဝင္တဲ့ Inspiron 5000 2-in-1 ေတြကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ အဆိုပါ ၁၄ လက္မအရြယ္ laptop ကို ဗားရွင္းႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္ၿပီး ႏွစ္မ်ိဳးစလံုးမွာ optional GeForce MX130 graphics ပါဝင္ပါတယ္။

ဒီေမာ္ဒယ္မွာလည္း Alexa အျပင္ Modern Standby, Windows Hello နဲ႔ integrated fingerprint reader တို႔ပါဝင္ပါတယ္။ RAM ကို 16GB အထိ ရရိွႏိုင္ၿပီး optional Intel Optane memory နဲ႔လည္း ရႏိုင္ပါတယ္။ Storage ကိုလည္း 1TB အထိ ရရိွႏိုင္ပါတယ္။

Inspiron 5000 စီးရီးေတြကိုလည္း ေအာက္တိုဘာ ၂ ရက္မွာ ေရာင္းခ်သြားမွာျဖစ္ၿပီး တန္ဖိုးက ၄၅၉.၉၉ ေဒၚလာကေန စတင္မယ္လို႔ သိရပါတယ္။

Ref: WindowsCentral

[ Unicode ]

IFA 2018 မစတင်ခင်မှာ Dell ဟာ အဆင့်မြှင့်ထားတဲ့ Inspiron 2-in-1 စီးရီးတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ ကွန်ပျူတာသစ်တွေမှာ Intel ရဲ့ 8th Gen Core U processor သစ်တွေကို အသုံးပြုထားရုံသာမက webcam နည်းပညာသစ်နဲ့ Amazon Alexa တို့ကိုလည်း ထည့်သွင်းထားပါတယ်။

Inspiron 7000 2-in-1 စီးရီးတွေကို ၁၃ လက်မ၊ ၁၅ လက်မ၊ ၁၇ လက်မ အရွယ်အစားတွေနဲ့ ရရှိနိုင်ပါတယ်။ RAM ကို 16GB DDR4 အထိ ရရှိနိုင်သလို optional Intel Optane memory နဲ့လည်း ရနိုင်ပါတယ်။ Storage ကိုတော့ PCIe NVME SSD တွေနဲ့ ရရှိနိုင်ပါတယ်။ ၁၅ လက်မနဲ့ ၁၇ လက်မ မော်ဒယ်တွေမှာ NVIDIA GeForce MX150 graphics အထောက်အပံ့ ပါဝင်ပါတယ်။

Display မှာ Dell ရဲ့ CinemaColor နည်းပညာပါဝင်တာကြောင့် ကြည်လင်ပြတ်သားပြီး အရောင်စိုပြည်တဲ့ ရုပ်ထွက်ကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် UHD resolution IPS panel တွေနဲ့လည်း ရရှိနိုင်ပါတယ်။

Inspiron 7000 2-in-1 မှာပါဝင်လာတဲ့ webcam နည်းပညာသစ်ဟာ noise ကို လျှော့ချပေးနိုင်သလို အလင်းနည်းတဲ့ နေရာတွေမှာလည်း အရည်အသွေးကို ပိုမိုကောင်းမွန်စေတယ်လို့ Dell က ပြောပါတယ်။ လျင်မြန်တဲ့ authentication အတွက် Windows Hello ပါဝင်သလို ပါဝါခလုတ်မှာလည်း fingerprint reader တစ်ခု ထည့်သွင်းထားပါတယ်။ Windows 10 ရဲ့ Modern Standby အတွက် အထောက်အပံ့နဲ့ ပေါင်းစပ်ထားတာကြောင့် ကွန်ပျူတာကို wake လုပ်တာနဲ့ log-in လုပ်တာတွေကို ချက်ချင်းဆိုသလို လျင်မြန်တဲ့ အမြန်နှုန်းတွေနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီကွန်ပျူတာတွေမှာ Amazon Alexa digital assistant အတွက် အထောက်အပံ့ပါဝင်လာသလို မှတ်စုတွေ ရေးမှတ်ဖို့အတွက် Dell ရဲ့ Active Pen ကိုလည်း ထောက်ပံ့ပေးထာားပါတယ်။

နောက်ဆုံးပေါ် Inspiron 7000 2-in1 တွေကို အောက်တိုဘာ ၂ ရက်မှာ ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက ၈၇၉.၉၉ ဒေါ်လာကနေ စတင်မှာ ဖြစ်ပါတယ်။

Dell ဟာ 7000 စီးရီးတွေအပြင် Intel ရဲ့ 8th Gen U စီးရီး ပရိုဆက်ဆာတွေပါဝင်တဲ့ Inspiron 5000 2-in-1 တွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ၁၄ လက်မအရွယ် laptop ကို ဗားရှင်းနှစ်မျိုးနဲ့ ရရှိနိုင်ပြီး နှစ်မျိုးစလုံးမှာ optional GeForce MX130 graphics ပါဝင်ပါတယ်။

ဒီမော်ဒယ်မှာလည်း Alexa အပြင် Modern Standby, Windows Hello နဲ့ integrated fingerprint reader တို့ပါဝင်ပါတယ်။ RAM ကို 16GB အထိ ရရှိနိုင်ပြီး optional Intel Optane memory နဲ့လည်း ရနိုင်ပါတယ်။ Storage ကိုလည်း 1TB အထိ ရရှိနိုင်ပါတယ်။

Inspiron 5000 စီးရီးတွေကိုလည်း အောက်တိုဘာ ၂ ရက်မှာ ရောင်းချသွားမှာဖြစ်ပြီး တန်ဖိုးက ၄၅၉.၉၉ ဒေါ်လာကနေ စတင်မယ်လို့ သိရပါတယ်။

Ref: WindowsCentral