[Zawgyi]
Xiaomi ဟာ Android One အသံုးျပဳထားတဲ့ Mi A2 နဲ႔ Mi2 Lite တို႔ကို ပြဲထုတ္မိတ္ဆက္လိုက္ပါတယ္။ ဒီဖုန္းႏွစ္မ်ိဳးထဲမွာ Mi A2 က စြမ္းေဆာင္ရည္ပိုမိုျမင့္မားၿပီး Lite ေမာ္ဒယ္မွာေတာ့ အရြယ္ႀကီးမားတဲ့ ဘက္ထရီပါဝင္လာပါတယ္။
Xiaomi Mi A2
Mi A2 မွာ ၅.၉၉ လက္မ IPS LCD ပါဝင္ၿပီး resolution က 1,080 x 2,160px ျဖစ္ပါတယ္။ Display ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ ဖုန္းရဲ႕အရြယ္အစားဟာ A1 နဲ႔ မတိမ္းမယိမ္းျဖစ္ေပမယ့္ ပံုမွန္ထက္ပိုရွည္တဲ့ aspect ratio ေၾကာင့္ screen ရဲ႕ ျမင္ကြင္းအက်ယ္က ၁၂ ရာခိုင္ႏႈန္း ပိုမိုလာပါတယ္။
Mi A2 မွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုက ဓာတ္ပံု႐ိုက္ကူးတဲ့အပိုင္း ျဖစ္ပါတယ္။ Selfie ကင္မရာက 20MP Sony IMX376 sensor ျဖစ္ပါတယ္။ 1µm pixel ေတြပါဝင္ေပမယ့္ အေမွာင္ထဲမွာ အလင္းအားပိုေကာင္းဖို႔အတြက္ pixel ေလးခုကို ေပါင္းစပ္ေပးႏိုင္ပါတယ္။ Selfie ေတြအတြက္ LED flash တစ္ခုပါဝင္ၿပီး AI စနစ္သံုး effects, HDR တို႔နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။
ေက်ာဘက္ကင္မရာႏွစ္ခုရဲ႕ sensor က တူညီၿပီး 12MP Sony IMX486 f/1.5 aperture ျဖစ္ပါတယ္။ ျမင္ကြင္းအေပၚမူတည္ၿပီး sensor ႏွစ္ခုအၾကား manual အလိုက္ ေျပာင္းလဲႏိုင္ပါတယ္။
Mi A2 မွာ လ်င္ျမန္တဲ့ Snapdragon 660 chipset ကို အသံုးျပဳထားပါတယ္။ RAM က base model မွာ 4GB ျဖစ္ၿပီး top model မွာေတာ့ 6GB ပါဝင္ပါတယ္။ Storage ကို 32GB, 64GB နဲ႔ 128GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ MicroSD slot မပါဝင္ပါဘူး။
ဖုန္းရဲ႕အထူက ၇.၃ မီလီမီတာရိွၿပီး အေလးခ်ိန္က ၁၆၆ ဂရမ္ပါ။ အလူမီနီယံကိုယ္ထည္ျဖစ္ၿပီး Black, Blue, Red, Gold, Rose Gold စတဲ့အေရာင္ေတြနဲ႔ ရရိွႏိုင္ပါတယ္။ ဘက္ထရီက 3,000mAh ျဖစ္ၿပီး 10W charger နဲ႔အသံုးျပဳႏိုင္ပါတယ္။
Xiaomi Mi A2 ကို ေစ်းကြက္ ၄၀ မွာ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ၾသဂုတ္လ ၁၀ ရက္ စပိန္မွာ ေရာင္းခ်မယ့္ ေစ်းႏႈန္းေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
RAM/Storage | Price |
4GB/32GB | €250 |
4GB/64GB | €280 |
6GB/128GB | €350 |
Xiaomi Mi A2 ကို တရားဝင္ေရာင္းခ်မယ့္ ႏိုင္ငံအားလံုးစာရင္းက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
Europe | Asia Pacific | Middle East & Africa | Americas |
Belarus | Bangladesh | Bahrain | Colombia |
Bulgaria | Hong Kong | Egypt | Mexico |
Czech Republic | India | Israel | |
France | Indonesia | Kuwait | |
Greece | Kazakhstan | Oman | |
Hungary | Malaysia | Qatar | |
Italy | Myanmar | Saudi Arabia | |
Poland | Nepal | UAE | |
Romania | Pakistan | ||
Russia | Philippines | ||
Slovakia | Singapore | ||
Spain | Sri Lanka | ||
Turkey | Taiwan | ||
Ukraine | Thailand | ||
Vietnam |
Xiaomi Mi A2 Lite
Xiaomi Mi A2 Lite မွာေတာ့ Snapdragon 625 chipset ကို အသံုးျပဳထားပါတယ္။ Screen ရဲ႕ အက်ယ္က တူညီတယ္လို႔ထင္ရေပမယ့္ ေရပန္းစားေနတဲ့ notch တစ္ခုနဲ႔ 19:9 aspect ratio ကို သံုးထားပါတယ္။
ဘက္ထရီကေတာ့ 4,000mAh ျဖစ္ပါတယ္။ ဂိမ္းကို မနားတမ္းေဆာ့မယ္ဆိုရင္ ၆ နာရီၾကာ သံုးႏိုင္ၿပီး သီခ်င္းနားေထာင္မယ္ဆိုရင္ေတာ့ ၃၄ နာရီၾကာ သံုးႏိုင္တယ္လို႔ Xiaomi က ေျပာၾကားခဲ့ပါတယ္။
Screen က ၅.၈၄ လက္မ 1080p+ resolution ျဖစ္ပါတယ္။ Notch ထဲမွာ 5MP အေရွ႕ဘက္ကင္မရာပါဝင္ၿပီး selfie ေတြကို bokeh effect ေတြနဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။
ေက်ာဘက္ကင္မရာႏွစ္ခုကေတာ့ 12MP+5MP ျဖစ္ပါတယ္။ 12MP sensor က ပင္မကင္မရာျဖစ္ၿပီး 1.25µm pixels နဲ႔ phase detection autofocus ပါဝင္ပါတယ္။
Mi A2 Lite ကို 3GB/32GB နဲ႔ 4GB/64GB ဆိုၿပီး ဗားရွင္းႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။ MicroSD slot ပါဝင္တာေၾကာင့္ သိုေလွာင္မႈပမာဏကို တိုးျမွင့္ႏိုင္ပါတယ္။
Xiaomi Mi A2 Lite ကို Mi A2 အတိုင္း ၾသဂုတ္လ ၁၀ ရက္ စပိန္မွာ စတင္ေရာင္းခ်သြားမွာျဖစ္ပါတယ္။
RAM/Storage | Price |
3GB/32GB | €180 |
4GB/64GB | €230 |
Ref: GSMArena
-ေနာင္ေနာင္
[foogallery id=”89122″]
[Unicode]
Xiaomi ဟာ Android One အသုံးပြုထားတဲ့ Mi A2 နဲ့ Mi2 Lite တို့ကို ပွဲထုတ်မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းနှစ်မျိုးထဲမှာ Mi A2 က စွမ်းဆောင်ရည်ပိုမိုမြင့်မားပြီး Lite မော်ဒယ်မှာတော့ အရွယ်ကြီးမားတဲ့ ဘက်ထရီပါဝင်လာပါတယ်။
Xiaomi Mi A2
Mi A2 မှာ ၅.၉၉ လက်မ IPS LCD ပါဝင်ပြီး resolution က 1,080 x 2,160px ဖြစ်ပါတယ်။ Display ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ ဖုန်းရဲ့အရွယ်အစားဟာ A1 နဲ့ မတိမ်းမယိမ်းဖြစ်ပေမယ့် ပုံမှန်ထက်ပိုရှည်တဲ့ aspect ratio ကြောင့် screen ရဲ့ မြင်ကွင်းအကျယ်က ၁၂ ရာခိုင်နှုန်း ပိုမိုလာပါတယ်။
Mi A2 မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက ဓာတ်ပုံရိုက်ကူးတဲ့အပိုင်း ဖြစ်ပါတယ်။ Selfie ကင်မရာက 20MP Sony IMX376 sensor ဖြစ်ပါတယ်။ 1µm pixel တွေပါဝင်ပေမယ့် အမှောင်ထဲမှာ အလင်းအားပိုကောင်းဖို့အတွက် pixel လေးခုကို ပေါင်းစပ်ပေးနိုင်ပါတယ်။ Selfie တွေအတွက် LED flash တစ်ခုပါဝင်ပြီး AI စနစ်သုံး effects, HDR တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။
ကျောဘက်ကင်မရာနှစ်ခုရဲ့ sensor က တူညီပြီး 12MP Sony IMX486 f/1.5 aperture ဖြစ်ပါတယ်။ မြင်ကွင်းအပေါ်မူတည်ပြီး sensor နှစ်ခုအကြား manual အလိုက် ပြောင်းလဲနိုင်ပါတယ်။
Mi A2 မှာ လျင်မြန်တဲ့ Snapdragon 660 chipset ကို အသုံးပြုထားပါတယ်။ RAM က base model မှာ 4GB ဖြစ်ပြီး top model မှာတော့ 6GB ပါဝင်ပါတယ်။ Storage ကို 32GB, 64GB နဲ့ 128GB ဆိုပြီး ရရှိနိုင်ပါတယ်။ MicroSD slot မပါဝင်ပါဘူး။
ဖုန်းရဲ့အထူက ရ.၃ မီလီမီတာရှိပြီး အလေးချိန်က ၁၆၆ ဂရမ်ပါ။ အလူမီနီယံကိုယ်ထည်ဖြစ်ပြီး Black, Blue, Red, Gold, Rose Gold စတဲ့အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ ဘက်ထရီက 3,000mAh ဖြစ်ပြီး 10W charger နဲ့အသုံးပြုနိုင်ပါတယ်။
Xiaomi Mi A2 ကို စျေးကွက် ၄၀ မှာ ရောင်းချသွားမှာဖြစ်ပါတယ်။ သြဂုတ်လ ၁၀ ရက် စပိန်မှာ ရောင်းချမယ့် စျေးနှုန်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
RAM/Storage | Price |
3GB/32GB | €180 |
4GB/64GB | €230 |
Xiaomi Mi A2 ကို တရားဝင်ရောင်းချမယ့် နိုင်ငံအားလုံးစာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။
Europe | Asia Pacific | Middle East & Africa | Americas |
Belarus | Bangladesh | Bahrain | Colombia |
Bulgaria | Hong Kong | Egypt | Mexico |
Czech Republic | India | Israel | |
France | Indonesia | Kuwait | |
Greece | Kazakhstan | Oman | |
Hungary | Malaysia | Qatar | |
Italy | Myanmar | Saudi Arabia | |
Poland | Nepal | UAE | |
Romania | Pakistan | ||
Russia | Philippines | ||
Slovakia | Singapore | ||
Spain | Sri Lanka | ||
Turkey | Taiwan | ||
Ukraine | Thailand | ||
Vietnam |
Xiaomi Mi A2 Lite
Xiaomi Mi A2 Lite မှာတော့ Snapdragon 625 chipset ကို အသုံးပြုထားပါတယ်။ Screen ရဲ့ အကျယ်က တူညီတယ်လို့ထင်ရပေမယ့် ရေပန်းစားနေတဲ့ notch တစ်ခုနဲ့ 19:9 aspect ratio ကို သုံးထားပါတယ်။
ဘက်ထရီကတော့ 4,000mAh ဖြစ်ပါတယ်။ ဂိမ်းကို မနားတမ်းဆော့မယ်ဆိုရင် ၆ နာရီကြာ သုံးနိုင်ပြီး သီချင်းနားထောင်မယ်ဆိုရင်တော့ ၃၄ နာရီကြာ သုံးနိုင်တယ်လို့ Xiaomi က ပြောကြားခဲ့ပါတယ်။
Screen က ၅.၈၄ လက်မ 1080p+ resolution ဖြစ်ပါတယ်။ Notch ထဲမှာ 5MP အရှေ့ဘက်ကင်မရာပါဝင်ပြီး selfie တွေကို bokeh effect တွေနဲ့ ရိုက်ကူးနိုင်ပါတယ်။
ကျောဘက်ကင်မရာနှစ်ခုကတော့ 12MP+5MP ဖြစ်ပါတယ်။ 12MP sensor က ပင်မကင်မရာဖြစ်ပြီး 1.25µm pixels နဲ့ phase detection autofocus ပါဝင်ပါတယ်။
Mi A2 Lite ကို 3GB/32GB နဲ့ 4GB/64GB ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ MicroSD slot ပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။
Xiaomi Mi A2 Lite ကို Mi A2 အတိုင်း သြဂုတ်လ ၁၀ ရက် စပိန်မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
RAM/Storage | Price |
3GB/32GB | €180 |
4GB/64GB | €230 |
Ref: GSMArena
-နောင်နောင်
[foogallery id=”89122″]