ေဒၚလာ ၃၀ တန္ Qin featurephone ေတြကို Xiaomi မိတ္ဆက္

[Zawgyi]

Xiaomi ဟာ Qin လို႔ေခၚတဲ့ featurephone စီးရီးတစ္မ်ိဳးကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ အဆိုပါ Qin featurephone ဖုန္း Xiaomi က ဒီဇိုင္းဖန္တီးထားတဲ့ crowdfunded ထုတ္ကုန္တစ္ခုျဖစ္ၿပီး AI လုပ္ေဆာင္ခ်က္အခ်ို႕နဲ႔ 4G ေရဒီယို ပါဝင္ပါတယ္။ ဒီပေရာဂ်က္ကို လူေပါင္း ၂၃,၀၀၀ က ေထာက္ခံခဲ့ၿပီး စုစုေပါင္း ယြမ္ ၆.၅ သန္း ရရိွထားပါတယ္။

Qin စီးရီးေတြဟာ နာမည္ေက်ာ္ တ႐ုတ္မင္းဆက္ရဲ႕ နာမည္ကို အသံုးျပဳထားတာျဖစ္ၿပီး “ခ်င္” လို႔ အသံထြက္ပါတယ္။ ပထမဆံုး ဖုန္းႏွစ္မ်ိဳးက ဆင္တူၿပီး ၂.၈ လက္မ 240 x 320 pixels screen ပါဝင္ပါတယ္။ ဒီဖုန္းေတြကို micro SIM ႏွစ္ခုနဲ႔ သံုးနိုင္ပါတယ္။

Qin 1 မွာ MediaTek MT6260A chipset နဲ႔ ARM7 CPU core တစ္ခု ပါဝင္ပါတယ္။ RAM က 8MB ျဖစ္ၿပီး storage က 16 MB ျဖစ္ပါတယ္။ GPS နဲ႔ LTE မပါဝင္ေပမယ့္ Wi-Fi နဲ႔ Bluetooth 4.2 တို႔နဲ႔သံုးႏိုင္ပါတယ္။ OS ကိုေတာ့ Nucleus လို႔ေခၚဆိုပါတယ္။ ဘက္ထရီက 1,480mAh ျဖစ္ၿပီး ၁၅ ရက္ၾကာ အသံုးျပဳႏိုင္ပါတယ္။

Qin 1s ကိုေတာ့ Spreadtrum SC9820 chipset နဲ႔အတူ 1.2GHz Cortex-A53 core ႏွစ္ခုနဲ႔ သံုးႏိုင္ပါတယ္။ RAM က 256MB ျဖစ္ၿပီး storage က 512MB ျဖစ္ပါတယ္။ VoLTE, GPS, Wi-Fi, Bluetooth 4.2 တို႔ပါဝင္ပါတယ္။ ဒီဖုန္းႏွစ္မ်ိဳးစလံုးမွာ USB-C charger နဲ႔ ေအာက္ေျခဘက္ စပီကာတို႔ ပါဝင္လာပါတယ္။

ထူးျခားတာက ဒီဖုန္းေတြရဲ႕ ေက်ာဘက္ေရာ အေရွ႕ဘက္မွာပါ ကင္မရာေတြ မပါဝင္ပါဘူး။ ဒါ့အျပင္ နားၾကပ္ေပါက္လည္း မပါဝင္ပါဘူး။

Qin 1 နဲ႔ Qin 1s ကို အနက္နဲ႔ အျဖဴဆိုၿပီး အေရာင္ႏွစ္မ်ိဳးနဲ႔ရရိွႏိုင္ပါတယ္။ တန္ဖိုးက ေဒၚလာ ၃၀ ျဖစ္ၿပီး စက္တင္ဘာ ၁၅ ရက္မွာ တင္ပို႔ေရာင္းခ်မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Xiaomi ဟာ Qin လို့ခေါ်တဲ့ featurephone စီးရီးတစ်မျိုးကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဆိုပါ Qin featurephone ဖုန်း Xiaomi က ဒီဇိုင်းဖန်တီးထားတဲ့ crowdfunded ထုတ်ကုန်တစ်ခုဖြစ်ပြီး AI လုပ်ဆောင်ချက်အချို့နဲ့ 4G ရေဒီယို ပါဝင်ပါတယ်။ ဒီပရောဂျက်ကို လူပေါင်း ၂၃,၀၀၀ က ထောက်ခံခဲ့ပြီး စုစုပေါင်း ယွမ် ၆.၅ သန်း ရရှိထားပါတယ်။

Qin စီးရီးတွေဟာ နာမည်ကျော် တရုတ်မင်းဆက်ရဲ့ နာမည်ကို အသုံးပြုထားတာဖြစ်ပြီး “ချင်” လို့ အသံထွက်ပါတယ်။ ပထမဆုံး ဖုန်းနှစ်မျိုးက ဆင်တူပြီး ၂.၈ လက်မ 240 x 320 pixels screen ပါဝင်ပါတယ်။ ဒီဖုန်းတွေကို micro SIM နှစ်ခုနဲ့ သုံးနိုင်ပါတယ်။

Qin 1 မှာ MediaTek MT6260A chipset နဲ့ ARM7 CPU core တစ်ခု ပါဝင်ပါတယ်။ RAM က 8MB ဖြစ်ပြီး storage က 16 MB ဖြစ်ပါတယ်။ GPS နဲ့ LTE မပါဝင်ပေမယ့် Wi-Fi နဲ့ Bluetooth 4.2 တို့နဲ့သုံးနိုင်ပါတယ်။ OS ကိုတော့ Nucleus လို့ခေါ်ဆိုပါတယ်။ ဘက်ထရီက 1,480mAh ဖြစ်ပြီး ၁၅ ရက်ကြာ အသုံးပြုနိုင်ပါတယ်။

Qin 1s ကိုတော့ Spreadtrum SC9820 chipset နဲ့အတူ 1.2GHz Cortex-A53 core နှစ်ခုနဲ့ သုံးနိုင်ပါတယ်။ RAM က 256MB ဖြစ်ပြီး storage က 512MB ဖြစ်ပါတယ်။ VoLTE, GPS, Wi-Fi, Bluetooth 4.2 တို့ပါဝင်ပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးမှာ USB-C charger နဲ့ အောက်ခြေဘက် စပီကာတို့ ပါဝင်လာပါတယ်။

ထူးခြားတာက ဒီဖုန်းတွေရဲ့ ကျောဘက်ရော အရှေ့ဘက်မှာပါ ကင်မရာတွေ မပါဝင်ပါဘူး။ ဒါ့အပြင် နားကြပ်ပေါက်လည်း မပါဝင်ပါဘူး။

Qin 1 နဲ့ Qin 1s ကို အနက်နဲ့ အဖြူဆိုပြီး အရောင်နှစ်မျိုးနဲ့ရရှိနိုင်ပါတယ်။ တန်ဖိုးက ဒေါ်လာ ၃၀ ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှာ တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSMArena