ေဒၚလာ ၂,၀၀၀ ခန္႔က်သင့္မယ့္ Samsung ေခါက္စမတ္ဖုန္း ၂၀၁၉ ခုႏွစ္ အေစာပုိင္းတြင္ ေတြ႕ျမင္ရႏိုင္

Samsung ဟာ ေခါက္စမတ္ဖုန္းတစ္မ်ိဳး ဖန္တီးေနတယ္ဆိုတာကို အားလုံးသိထားၾကၿပီး ျဖစ္ပါတယ္။ Samsung ဟာ ႏွစ္အနည္းငယ္အတြင္း ေခါက္စမတ္ဖုန္းစီမံကိန္း သုေတသနနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ေငြေၾကးမ်ားစြာသုံးစြဲခဲ့ၿပီး ၂၀၁၉ ခုႏွစ္အတြင္း အၿပီးသတ္ထြက္ရွိဖို႔ ႀကိဳးပမ္းေနပါတယ္။

Samsung အေနနဲ႔ ေခါက္စမတ္ဖုန္း concept ကို CES 2018 ျပပြဲမွာ ျပသခဲ့ပါတယ္။ အဲဒီထုတ္ကုန္ကုိ Galaxy X အျဖစ္ မိတ္ဆက္သြားမွာ ျဖစ္တယ္လို႔ Samsung အမႈေဆာင္အရာရွိခ်ဳပ္က ေျပာပါတယ္။

Samsung Galaxy X ဟာ ေဒၚလာ ၁,၈၅၀ ခန္႔ က်သင့္္ႏိုင္ၿပီး ဖုန္းတည္ေဆာက္မႈ အစိတ္အပိုင္းေတြ တပ္ဆင္ထုတ္လုပ္မႈကို ႏိုဝင္ဘာလမွာ စတင္ျပဳလုပ္ႏိုင္တယ္လို႔ သတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။

Galaxy X ထုတ္ကုန္ရဲ႕ ေဈးႏႈန္းေၾကာင့္ အေစာပုိင္းကာလမွာ limited-edition အျဖစ္ရပ္တည္ၿပီး ဝါသနာရွင္ စင္စစ္ေတြကိုပဲ ဆြဲေဆာင္ႏိုင္ဖြယ္ရွိပါတယ္။ အခ်ိန္အေတာ္ၾကာတဲ့အခါမွာ ေခါက္ႏိုင္တဲ့ OLED display ေတြဟာ ေဈးႏႈန္းသက္သာလာႏိုင္ၿပီး လူတိုင္းလက္လွမ္းမီတဲ့ အေျခအေနအထိ ေရာက္ရွိလာမွာ ျဖစ္ပါတယ္။

Galaxy X မ်က္ႏွာျပင္ကို ျဖန္႔လိုက္တဲ့အခါမွာ ၇.၃ လက္မရိွၿပီး ေခါက္ထားတဲ့အခ်ိန္မွာ ၄.၅ လက္မပဲ ရွိႏိုင္ပါတယ္။ Samsung Galaxy X ကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလမွာျပဳလုပ္မယ့္ MWC 2019 မွာ ျမင္ေတြ႕ရႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

Samsung ဟာ ခေါက်စမတ်ဖုန်းတစ်မျိုး ဖန်တီးနေတယ်ဆိုတာကို အားလုံးသိထားကြပြီး ဖြစ်ပါတယ်။ Samsung ဟာ နှစ်အနည်းငယ်အတွင်း ခေါက်စမတ်ဖုန်းစီမံကိန်း သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးများစွာသုံးစွဲခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း အပြီးသတ်ထွက်ရှိဖို့ ကြိုးပမ်းနေပါတယ်။

Samsung အနေနဲ့ ခေါက်စမတ်ဖုန်း concept ကို CES 2018 ပြပွဲမှာ ပြသခဲ့ပါတယ်။ အဲဒီထုတ်ကုန်ကို Galaxy X အဖြစ် မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ Samsung အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

Samsung Galaxy X ဟာ ဒေါ်လာ ၁,၈၅၀ ခန့် ကျသင့််နိုင်ပြီး ဖုန်းတည်ဆောက်မှု အစိတ်အပိုင်းတွေ တပ်ဆင်ထုတ်လုပ်မှုကို နိုဝင်ဘာလမှာ စတင်ပြုလုပ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

Galaxy X ထုတ်ကုန်ရဲ့ ဈေးနှုန်းကြောင့် အစောပိုင်းကာလမှာ limited-edition အဖြစ်ရပ်တည်ပြီး ဝါသနာရှင် စင်စစ်တွေကိုပဲ ဆွဲဆောင်နိုင်ဖွယ်ရှိပါတယ်။ အချိန်အတော်ကြာတဲ့အခါမှာ ခေါက်နိုင်တဲ့ OLED display တွေဟာ ဈေးနှုန်းသက်သာလာနိုင်ပြီး လူတိုင်းလက်လှမ်းမီတဲ့ အခြေအနေအထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

Galaxy X မျက်နှာပြင်ကို ဖြန့်လိုက်တဲ့အခါမှာ ရ.၃ လက်မရှိပြီး ခေါက်ထားတဲ့အချိန်မှာ ၄.၅ လက်မပဲ ရှိနိုင်ပါတယ်။ Samsung Galaxy X ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာပြုလုပ်မယ့် MWC 2019 မှာ မြင်တွေ့ရနိုင်ပါတယ်။

စိုးထက်
Ref: GSMArena