ဒေါ်လာ၂၀၀ တန် ဒရုန်းကို ဒေါ်လာ ၃ သန်းတန် ဒုံးကျည်နဲ့ ပစ်ချခဲ့

Amazon လိုမျိုး စတိုးတွေမှာ ဝယ်ယူနိုင်တဲ့ quadcopter ဒရုန်းကို အမေရိကန် မဟာမိတ်တစ်ဦးက Patriot ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းအရာကို အမေရိကန်စစ်တပ် စာတမ်းဖတ်ပွဲမှာဗိုလ်ချုပ်ကြီး ဒေးဗစ်ပါကင်စ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Amazon.com က ဒေါ်လာ ၂၀၀ တန် quadcopter ဟာ Patriot ကို မယှဉ်သာပါဘူး” လို့ အမေရိကန်စစ်တပ် လေ့ကျင့်ရေးနဲ့ သဘောတရားရေးရာ အုပ်ချုပ်သူအရာရှိ ပါကင်စ်က ပြောကြားခဲ့ပါတယ်။ အဆိုပါ ဒုံးကျည်ကို အမေရိကန်က ပစ်ခဲ့ခြင်းမဟုတ်ဘဲ ရန်သူနဲ့ ရင်ဆိုင်ရတဲ့ မဟာမိတ်တစ်ဦးက ဒရုန်းကို ပစ်ချခဲ့တာဖြစ်တယ်လို့ ပါကင်စ်က ဆိုပါတယ်။

Patriot ဒုံးကျည်ဟာ အခြားဒုံးကျည်တွေကို ပစ်ချဖို့အတွက် ထုတ်လုပ်ထားတဲ့ ဒုံးကျည်များဖြစ်ပါတယ်။

ထို့အတွက်ကြောင့် သေးငယ်ပြီး မြန်ဆန်တဲ့ ပစ်မှတ်များကို ပစ်ချနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်လာ ၂၀၀ တန် ဒရုန်းကို အမေရိကန်ဒေါ်လာ ၃.၄ သန်းတန် Patriot ဒုံးကျည်နဲ့ ပစ်ချခဲ့တာကတော့ စီးပွားရေးအရ တွက်ခြေမကိုက်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: CNET