ေဒၚလာတစ္ေသာင္း ဆုေၾကးေပးမည့္ Mobile Esports ၿပိဳင္ပြဲျပဳလုပ္မည္

[ Zawgyi ]

ရန္ကုန္တိုင္းေဒသႀကီးအတြင္းက တကၠသိုလ္ေက်ာင္းေပါင္း ၁၆ ေက်ာင္းပါဝင္တဲ့ Mobile Esports ၿပိဳင္ပြဲကို ျပဳလုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Game Cast Network Myanmar နဲ႔ရန္ကုန္တိုင္းေဒသႀကီးအတြင္းက ေက်ာင္းေပါင္း ၁၆ ေက်ာင္း ပူးေပါင္း လုပ္ေဆာင္ျခင္းျဖစ္ၿပီး လက္ရွိေက်ာင္းမွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ ပါဝင္ယွဥ္ၿပိဳင္ႏိုင္မယ္လို႔ သိရပါတယ္။ ပါဝင္တဲ့မိုဘိုင္းဂိမ္း အမ်ိဳးအစားကေတာ့ Mobile Legends Bang Bang နဲ႔ PUBG Mobile ဂိမ္းအမ်ိဳးအစားႏွစ္မ်ိဳး ျဖစ္ပါတယ္။

“ႏိုင္ငံတကာအဆင့္ ၿပိဳင္ပြဲေတြမွာ ျမန္မာႏိုင္ငံက Esports အားကစားသမားေတြအေနနဲ႔ ယွဥ္ၿပိဳင္မႈ အားေကာင္းတဲ့ အားကစားသမားေတြအေနနဲ႔ သတ္မွတ္ျခင္းခံေနရပါတယ္၊ ျမန္မာႏိုင္ငံက Esports ကစားသမားေတြအေနနဲ႔ ၿပိဳင္ပြဲေတြမွာ အရည္အခ်င္းအစစ္အမွန္ေတြ ထြက္ေပၚလာေစဖို႔အတြက္ ရည္႐ြယ္ၿပီးလုပ္တာပါ” လို႔ Game Cast Network Myanmar မွ တာဝန္ရွိသူ ဦးစိုးမိုးေအးက ေျပာၾကားခဲ့ပါတယ္။

Mobile Legends ဂိမ္းမွာ အႏိုင္ရရွိမယ့္ အသင္းအေနနဲ႔ ဆုေၾကးေဒၚလာ ၂,၅၀၀ ရရွိမွာ ျဖစ္ၿပီး ဒုတိယအသင္း အတြက္ ဆုေၾကးေဒၚလာ ၁,၅၀၀၊ တတိယအသင္းအတြက္ ေဒၚလာ ၈၀၀ နဲ႔အတူ ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆံုးကစားသမားဆုကိုလည္း ခ်ီးျမႇင့္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

PUBG မိုဘိုင္းဂိမ္းအတြက္ အႏိုင္ရရွိတဲ့အသင္းအေနနဲ႔ ဆုေၾကးေဒၚလာ ၂,၅၀၀ ရရွိမွာျဖစ္ၿပီး ဒုတိယအသင္းအတြက္ ဆုေၾကးေဒၚလာ ၁,၅၀၀ နဲ႔ တတိယအသင္းအတြက္ ဆုေၾကးေဒၚလာ ၈၀၀ ကုိ ခ်ီးျမွင့္သြားမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲတစ္ေလွ်ာက္ ရန္သူကို အမ်ားဆံုးသတ္ႏိုင္တဲ့ ကစားသမားဆုကိုလည္း ထပ္မံခ်ီးျမွင့္သြားမွာေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ရန်ကုန်တိုင်းဒေသကြီးအတွင်းက တက္ကသိုလ်ကျောင်းပေါင်း ၁၆ ကျောင်းပါဝင်တဲ့ Mobile Esports ပြိုင်ပွဲကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Game Cast Network Myanmar နဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျောင်းပေါင်း ၁၆ ကျောင်း ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး လက်ရှိကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။ ပါဝင်တဲ့မိုဘိုင်းဂိမ်း အမျိုးအစားကတော့ Mobile Legends Bang Bang နဲ့ PUBG Mobile ဂိမ်းအမျိုးအစားနှစ်မျိုး ဖြစ်ပါတယ်။

“နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံက Esports အားကစားသမားတွေအနေနဲ့ ယှဉ်ပြိုင်မှု အားကောင်းတဲ့ အားကစားသမားတွေအနေနဲ့ သတ်မှတ်ခြင်းခံနေရပါတယ်၊ မြန်မာနိုင်ငံက Esports ကစားသမားတွေအနေနဲ့ ပြိုင်ပွဲတွေမှာ အရည်အချင်းအစစ်အမှန်တွေ ထွက်ပေါ်လာစေဖို့အတွက် ရည်ရွယ်ပြီးလုပ်တာပါ” လို့ Game Cast Network Myanmar မှ တာဝန်ရှိသူ ဦးစိုးမိုးအေးက ပြောကြားခဲ့ပါတယ်။

Mobile Legends ဂိမ်းမှာ အနိုင်ရရှိမယ့် အသင်းအနေနဲ့ ဆုကြေးဒေါ်လာ ၂,၅၀၀ ရရှိမှာ ဖြစ်ပြီး ဒုတိယအသင်း အတွက် ဆုကြေးဒေါ်လာ ၁,၅၀၀၊ တတိယအသင်းအတွက် ဒေါ်လာ ၈၀၀ နဲ့အတူ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

PUBG မိုဘိုင်းဂိမ်းအတွက် အနိုင်ရရှိတဲ့အသင်းအနေနဲ့ ဆုကြေးဒေါ်လာ ၂,၅၀၀ ရရှိမှာဖြစ်ပြီး ဒုတိယအသင်းအတွက် ဆုကြေးဒေါ်လာ ၁,၅၀၀ နဲ့ တတိယအသင်းအတွက် ဆုကြေးဒေါ်လာ ၈၀၀ ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ရန်သူကို အများဆုံးသတ်နိုင်တဲ့ ကစားသမားဆုကိုလည်း ထပ်မံချီးမြှင့်သွားမှာကြောင်း သိရပါတယ်။