ေဒတာအသံုးျပဳမႈ အမ်ားဆံုးေဒသငါးခုကို Telenor က ေဖာ္ထုတ္

[ Zawgyi ]

အင္တာနက္ (ေဒတာ) အသံုးျပဳမႈအမ်ားဆံုး ေဒသငါးခုကို Telenor က ထုတ္ျပန္လိုက္ပါတယ္။

ဇန္နဝါရီနဲ႔ ဧၿပီလအတြင္းက ေဒတာအသံုးျပဳမႈေတြကို ႏိႈင္းယွဥ္ၿပီး အတိုးတက္ဆံုးေသာ ၿမိဳ႕နယ္ေတြကို ဆန္းစစ္ခဲ့တာျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္ နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိၿမိဳ႕နယ္ေတြဟာ ေဒတာအသံုးျပဳမႈ အတိုးတက္ဆံုးျဖစ္ ေၾကာင္း ေတြ႔ရွိရတယ္လို႔ သိရပါတယ္။ အဓိကက်တဲ့ ၿမိဳ႕ႀကီးေတြမွာ ေဒတာ အသံုးျပဳမႈႏႈန္းက ျမင့္မားတဲ့ အေျခအေနမွာ ရွိၿပီးသားျဖစ္တဲ့အျပင္ အခုေတြ႔ရွိခ်က္အရ ျမန္မာႏိုင္ငံအတြင္းက ျပည္နယ္ေတြမွာလည္း အျပဳသေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈေတြ တိုးလာတာကို ေတြ႔ႀကံဳေနရပါတယ္။ “ကြန္ရက္ အရည္အေသြး ျမွင့္တင္တဲ့ လုပ္ငန္းကို တစ္စိုက္မတ္မတ္ ေဆာင္ရြက္ခဲ့မႈ၊ ျမန္ႏႈန္းျမင့္ 4G ကြန္ရက္ တိုးခ်ဲ႕မႈေတြရဲ႕ ရလာဒ္ေတြေၾကာင့္ အထူး သျဖင့္ ေက်းလက္ေဒသ ေတြမွာ ေဒတာအသံုးျပဳမႈ ျမင့္တက္လာတာကို ျမင္ေတြ႔ရတာကို ကၽြန္ေတာ္တို႔ ဝမ္းေျမာက္ ဝမ္းသာ ျဖစ္မိပါတယ္” ဟု Telenor Myanmar ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ျဖစ္သူ Lars Erik Tellmann က ေျပာပါတယ္။

ေဒတာအသံုးျပဳမႈ အတိုးတက္ဆံုး ၁၅ ၿမိဳ႕နယ္အနက္ ခ်င္းျပည္နယ္ရွိ တြန္းဇံၿမိဳ႕နယ္ဟာ အဆေပါင္း ၆၉၅ ေက်ာ္ တိုးတက္ခဲ့ၿပီး ထိပ္ဆံုးေနရာမွာ ရပ္တည္ခဲ့ပါတယ္။ အဲဒီေနာက္ ရွမ္းျပည္နယ္ရွိ ဟိုပုန္းၿမိဳ႕နယ္ က ေဒတာအသံုးျပဳမႈ အဆေပါင္း ၂၀၁ ခန္႔ တိုးတက္ခဲ့ၿပီး ဒုတိယတိုးတက္မႈအရွိဆံုးၿမိဳ႕နယ္အျဖစ္ လည္းေကာင္း၊ ရွမ္းျပည္နယ္ ေမာက္မယ္ ၿမိဳ႕နယ္က ၁၆ ဆနဲ႔ တတိယေနရာ၊ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္က ၁၂ ဆနဲ႔ စတုထၱေနရာ အသီးသီး ရပ္တည္ခဲ့ၾကတယ္လို႔သိရပါတယ္။ အျခားေသာ ေဒတာအသံုးျပဳမႈ အတိုးတက္ဆံုး ၿမိဳ႕နယ္ေတြကေတာ့ ခ်င္းျပည္နယ္ အတြင္းရွိ ထန္တလန္ၿမိဳ႕နယ္၊ မတူပီၿမိဳ႕နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္အတြင္းရွိ ကြမ္းလံု ၿမိဳ႕နယ္၊ ေက်းသီးၿမိဳ႕နယ္၊ လင္းေခးၿမိဳ႕နယ္နဲ႔ မိုးေကာင္းၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး အတြင္းရွိ ဗန္းေမာက္ ၿမိဳ႕နယ္၊ ခႏၱီးၿမိဳ႕နယ္၊ ဟုမၼလင္း ၿမိဳ႕နယ္နဲ႔ ကခ်င္ျပည္နယ္အတြင္းရွိ မခ်မ္းေဘာၿမိဳ႕နယ္ေတြျဖစ္တယ္လို႔ ထုတ္ျပန္ပါတယ္။

-ထြန္းထြန္း

==============

[ Unicode ]

ဒေတာအသုံးပြုမှု အများဆုံးဒေသငါးခုကို Telenor က ဖော်ထုတ်

==============

အင်တာနက် (ဒေတာ) အသုံးပြုမှုအများဆုံး ဒေသငါးခုကို Telenor က ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီနဲ့ ဧပြီလအတွင်းက ဒေတာအသုံးပြုမှုတွေကို နှိုင်းယှဉ်ပြီး အတိုးတက်ဆုံးသော မြို့နယ်တွေကို ဆန်းစစ်ခဲ့တာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့နယ်တွေဟာ ဒေတာအသုံးပြုမှု အတိုးတက်ဆုံးဖြစ် ကြောင်း တွေ့ရှိရတယ်လို့ သိရပါတယ်။ အဓိကကျတဲ့ မြို့ကြီးတွေမှာ ဒေတာ အသုံးပြုမှုနှုန်းက မြင့်မားတဲ့ အခြေအနေမှာ ရှိပြီးသားဖြစ်တဲ့အပြင် အခုတွေ့ရှိချက်အရ မြန်မာနိုင်ငံအတွင်းက ပြည်နယ်တွေမှာလည်း အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ တိုးလာတာကို တွေ့ကြုံနေရပါတယ်။ “ကွန်ရက် အရည်အသွေး မြှင့်တင်တဲ့ လုပ်ငန်းကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့မှု၊ မြန်နှုန်းမြင့် 4G ကွန်ရက် တိုးချဲ့မှုတွေရဲ့ ရလာဒ်တွေကြောင့် အထူး သဖြင့် ကျေးလက်ဒေသ တွေမှာ ဒေတာအသုံးပြုမှု မြင့်တက်လာတာကို မြင်တွေ့ရတာကို ကျွန်တော်တို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်” ဟု Telenor Myanmar ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Lars Erik Tellmann က ပြောပါတယ်။

ဒေတာအသုံးပြုမှု အတိုးတက်ဆုံး ၁၅ မြို့နယ်အနက် ချင်းပြည်နယ်ရှိ တွန်းဇံမြို့နယ်ဟာ အဆပေါင်း ၆၉၅ ကျော် တိုးတက်ခဲ့ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။ အဲဒီနောက် ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ် က ဒေတာအသုံးပြုမှု အဆပေါင်း ၂၀၁ ခန့် တိုးတက်ခဲ့ပြီး ဒုတိယတိုးတက်မှုအရှိဆုံးမြို့နယ်အဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ် မောက်မယ် မြို့နယ်က ၁၆ ဆနဲ့ တတိယနေရာ၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ၁၂ ဆနဲ့ စတုထ္တနေရာ အသီးသီး ရပ်တည်ခဲ့ကြတယ်လို့သိရပါတယ်။ အခြားသော ဒေတာအသုံးပြုမှု အတိုးတက်ဆုံး မြို့နယ်တွေကတော့ ချင်းပြည်နယ် အတွင်းရှိ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ တီးတိန်မြို့နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ ကွမ်းလုံ မြို့နယ်၊ ကျေးသီးမြို့နယ်၊ လင်းခေးမြို့နယ်နဲ့ မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဗန်းမောက် မြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်း မြို့နယ်နဲ့ ကချင်ပြည်နယ်အတွင်းရှိ မချမ်းဘောမြို့နယ်တွေဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

-ထွန်းထွန်း