ေဈးႏႈန္းသက္သာၿပီး macOS အတြက္ ေထာက္ပံ့ေပးႏိုင္တဲ့ external GPU ကို Razer မိတ္ဆက္

[ Zawgyi ]

Razer ဟာ Core စီးရီး external GPU ကုိအဆင့္ျမႇင့္တင္ထားတဲ့ ေမာ္ဒယ္တစ္မ်ိဳးကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒီေမာ္ဒယ္က Core X ျဖစ္ၿပီး Thunderbolt 3 port ေတြပါဝင္တဲ့ Apple ရဲ႕ MacBook Pro laptop ေတြ အတြက္ ေထာက္ပံ့မႈလည္း ေပးထားပါတယ္။

Core X ဟာ Razer ရဲ႕ေဈးႏႈန္းသက္သာတဲ့ external GPU ေမာ္ဒယ္သစ္ျဖစ္ၿပီး ေဒၚလာ ၂၉၉ ပဲ က်သင့္ပါတယ္။ ဒါဟာ အရင္ထြက္ရွိခဲ့တဲ့ Core V2 ရဲ႕ေဈးႏႈန္း ၄၉၉ ေဒၚလာထက္ သက္သာပါတယ္။

Core X မွာ USB နဲ႔ Ethernet port ေတြအျပင္ Razer ရဲ႕ Chroma lighting လိုမ်ိဳး အဆင့္ျမင့္ feature ေတြ ပါဝင္လာပါတယ္။ Core X မွာ Core V2 ထက္ အဆင့္ျမႇင့္တင္ထားတဲ့ အရာတခ်ိဳ႕ ပါဝင္လာၿပီး Thunderbolt ကေန အားသြင္းႏိုင္တဲ့ 100W အားသြင္းစနစ္အျပင္ 650W power supply နဲ႔ ပုိႀကီးတဲ့ GPU slot သံုးခု ပါဝင္လာပါတယ္။

Core X နဲ႔ Core V2 တို႔ကို Apple ရဲ႕ macOS laptop ေတြနဲ႔ တြဲဖက္အသုံးျပဳႏိုင္ပါတယ္။ ဒါေပမဲ့ macOS နဲ႔ တြဲဖက္အသုံးျပဳဖို႔အတြက္ High Sierra 10.13.4 နဲ႔အထက္၊ Mac နဲ႔ တြဲဖက္ႏိုင္တဲ့ AMD Radeon card တို႔ သုံးစြဲဖို႔လိုတယ္လို႔ Razer ကေျပာပါတယ္။

Core X ကို Razer ရဲ႕ဝက္ဘ္ဆိုက္မွာ ၂၉၉ ေဒၚလာနဲ႔ စတင္ေရာင္းခ်ေနပါတယ္။

စုိးထက္
Ref: TheVerge

=======

[ Unicode ]

ဈေးနှုန်းသက်သာပြီး macOS အတွက် ထောက်ပံ့ပေးနိုင်တဲ့ external GPU ကို Razer မိတ်ဆက်

=======

Razer ဟာ Core စီးရီး external GPU ကိုအဆင့်မြှင့်တင်ထားတဲ့ မော်ဒယ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီမော်ဒယ်က Core X ဖြစ်ပြီး Thunderbolt 3 port တွေပါဝင်တဲ့ Apple ရဲ့ MacBook Pro laptop တွေ အတွက် ထောက်ပံ့မှုလည်း ပေးထားပါတယ်။

Core X ဟာ Razer ရဲ့ဈေးနှုန်းသက်သာတဲ့ external GPU မော်ဒယ်သစ်ဖြစ်ပြီး ဒေါ်လာ ၂၉၉ ပဲ ကျသင့်ပါတယ်။ ဒါဟာ အရင်ထွက်ရှိခဲ့တဲ့ Core V2 ရဲ့ဈေးနှုန်း ၄၉၉ ဒေါ်လာထက် သက်သာပါတယ်။

Core X မှာ USB နဲ့ Ethernet port တွေအပြင် Razer ရဲ့ Chroma lighting လိုမျိုး အဆင့်မြင့် feature တွေ ပါဝင်လာပါတယ်။ Core X မှာ Core V2 ထက် အဆင့်မြှင့်တင်ထားတဲ့ အရာတချို့ ပါဝင်လာပြီး Thunderbolt ကနေ အားသွင်းနိုင်တဲ့ 100W အားသွင်းစနစ်အပြင် 650W power supply နဲ့ ပိုကြီးတဲ့ GPU slot သုံးခု ပါဝင်လာပါတယ်။

Core X နဲ့ Core V2 တို့ကို Apple ရဲ့ macOS laptop တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ macOS နဲ့ တွဲဖက်အသုံးပြုဖို့အတွက် High Sierra 10.13.4 နဲ့အထက်၊ Mac နဲ့ တွဲဖက်နိုင်တဲ့ AMD Radeon card တို့ သုံးစွဲဖို့လိုတယ်လို့ Razer ကပြောပါတယ်။

Core X ကို Razer ရဲ့ဝက်ဘ်ဆိုက်မှာ ၂၉၉ ဒေါ်လာနဲ့ စတင်ရောင်းချနေပါတယ်။

စိုးထက်
Ref: TheVerge