ဈေးနှုန်းသက်သာတဲ့ Nokia 2.2 ကို တရားဝင်မိတ်ဆက်
[ Zawgyi ]
စိုးထက်
Ref: GSMArena
[ Unicode ]
HMD Global ဟာ ဈေးနှုန်းသက်သာတဲ့ Android One စမတ်ဖုန်း Nokia 2.2 ကိုအသုံးပြုထားပါတယ်။ Nokia 2.2 ကို ဒေါ်လာ ၁၀၀ နဲ့ရောင်းချမယ်လို့ သိရပါတယ်။
Nokia 2.2 အတွက် လုံးဝန်းတဲ့ ပိုလီကာဗွန်နိတ်ဒီဇိုင်းကို အသုံးပြုထားပြီး အသစ်ထွက်ရှိမယ့် Android Q ထောက်ပံ့မှု ပါဝင်မယ်လို့ သိရပါတယ်။
Nokia 2.2 မှာ ၅.၇ လက်မ IPS panel နဲ့ HD+ ရုပ်ထွက်အရည်အသွေးနဲ့ ရေစက်ပုံစံ notch မှာ 5MP selfie ကင်မရာ ပါဝင်လာပါတယ်။ ကျောဘက်မှာတော့ 13MP ကင်မရာနဲ့ LED flash ပါဝင်လာပါတယ်။ ဒါပေမဲ့ fingerprint reader မပါဝင်ပေမယ့် biometric လုံခြုံရေးအတွက် face unlock feature တော့ပါဝင်လာပါတယ်။
ဖုနး်မှာ Helio A22 chipset နဲ့အတူ quad-core CPU နဲ့ 2GB ဒါမှမဟုတ် 3GB RAM တစ်ခုခု ရွေးချယ်နိုင်ပါတယ်။ Nokia 2.2 အတွက် storage 16GB/32GB ပါဝင်ပြီး microSD ပေါက်ကတစ်ဆင့် storage ကိုတိုးချဲ့နိုင်ပါတယ်။ ဘက်ထရီကတော့ 3,000 mAh ဖြစ်ပြီး microUSB ကတစ်ဆင့် အားသွင်းနိုင်ပါတယ်။
HMD ထုတ်ကုန်တွေဟာ Android One အစီအစဉ်ထဲမှာ ပါဝင်လာပါတယ်။ ဒါကြောင့် Nokia 2.2 ဟာ ၃ နှစ်အတွင်း software update တွေရရှိမှာ ဖြစ်ပါတယ်။
Nokia 2.2 ကို ဇွန်လ ၁၁ ရက်ကစတင်ပြီး အနက်နဲ့ စတီးအရောင် ထုတ်လုပ်ထားပါတယ်။ Nokia 2.2 အတွက် 2GB/16GB မော်ဒယ်ကို ဒေါ်လာ ၁၀၀ နဲ့ 3GB/32GB မော်ကို ဒေါ်လာ ၁၁၅ ဒေါ်လာနဲ့ အသီးသီးရောင်းချမှာ ဖြစ်ပါတယ်။ HMD ဟာ ဒေါ်လာ ၁၁၂ တန်ဖိုးရှိ Nokia 2.2 ထုတ်ကုန်သစ်ကိုလည်း တစ်ကမ႓ာလုံးဖြန့်ချိမယ်လို့ ပြောကြားထားပါတယ်။
Ref: GSMArena