ေစ်းႏႈန္းသက္သာေသာ Realme C1 စမတ္ဖုန္းကို ျပည္တြင္းေစ်းကြက္သို႔ မိတ္ဆက္

Realme C1 စမတ္ဖုန္းကို ျပည္တြင္းမွာ စတင္မိတ္ဆက္ခဲ့ၿပီး ယခုလ ၂၉ ရက္မွ စတင္ဝယ္ယူႏုိင္မယ္လို႔ သိရပါတယ္။

အဆိုပါ စမတ္ဖုန္းမွာ 4G SIM ကတ္ႏွစ္ကတ္ တစ္ၿပိဳင္နက္ ထည့္သြင္းအသုံးျပဳႏုိင္တဲ့ Dual 4G နဲ႔ Dual VoLTE စနစ္ ေထာက္ပံ့ပါဝင္ၿပီး ႀကီးမားတဲ့မ်က္ႏွာျပင္၊ ႀကီးမားတဲ့ ဘက္ထရီစနစ္မ်ားအျပင္ Facial unlock နဲ႔ smart lock စနစ္ေတြ ေထာက္ပံ့ပါဝင္တယ္လို႔ သိရပါတယ္။ ျမင္ကြင္းအရြယ္အစား ၆.၂ လက္မရွိတဲ့ Notch Full Screen Display က 19:9 အထိ ေထာက္ပံ့ေပးႏုိင္ၿပီး ကိုယ္ထည္ေပၚမွာ Screen ပါဝင္မႈရာခုိင္ႏႈန္း ၈၈.၈ ရာခုိင္ႏႈန္း ရွိပါတယ္။ အျမန္ႏႈန္း 1.8 GHz ရွိတဲ့ Qualcomm Snapdragon 450 Octc-core processor ကို အသုံးျပဳထားၿပီး RAM 2GB နဲ႔ အခ်က္အလက္သိုေလွာင္ႏုိင္မႈ 16 GB ROM ရွိမွာျဖစ္ပါတယ္။ ေက်ာဘက္မွာ 13 MP နဲ႔ 2MP ကင္မရာႏွစ္လုံးတပ္ဆင္ထားၿပီး ေရွ႕ဘက္ကင္မရာကေတာ့ 5MP အမ်ဳိးအစားျဖစ္ပါတယ္။ ကင္မရာနဲ႔ ဘက္ထရီစနစ္ အတြက္ AI နည္းပညာေထာက္ပံ့ ပါဝင္ပါတယ္။ ဘက္ထရီကေတာ့ 4230mAh အမ်ဳိးအစားျဖစ္ၿပီး ဖုန္းေခၚဆိုမႈကို နာရီေပါင္း ၄၄ နာရီၾကာနဲ႔ ဂိမ္းကစားျခင္းကို ၁ဝ နာရီၾကာ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ Android OS 8.1 ကို ထည့္သြင္းထားၿပီး OTG စနစ္လည္း ေထာက္ပံ့ပါဝင္ပါတယ္။ ဒီဖုန္းကို တန္ဖိုး ၁၅၉ဝဝဝ က်ပ္နဲ႔ ေရာင္းခ်သြားမွာျဖစ္ၿပီး အေရာင္အေနနဲ႔ အျပာနဲ႔အနက္ ႏွစ္ေရာင္ရရွိႏုိင္မယ္လို႔ သိရပါတယ္။

Realme C1 စမတ္ဖုန္း မိတ္ဆက္ပြဲကို ဒီဇင္ဘာလ ၂၇ ရက္က Melia ဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့ၿပီး အဆိုပါ မိတ္ဆက္ပြဲမွာ Realme 2 Pro ကိုပါ တစ္ပါတည္း မိတ္ဆက္ခဲ့ပါတယ္။ Realme 2 Pro က ျမင္ကြင္းအရြယ္အစား ၆.၃ လက္မရွိၿပီး Qualcomm Snapdragon 660 AIE processor ကို အသုံးျပဳထားပါတယ္။ ေက်ာဘက္မွာ 16 MP နဲ႔ 2MP ကင္မရာႏွစ္လုံး တပ္ဆင္ထားၿပီး ေရွ႕ဘက္ကင္မရာကေတာ့ 16MP AI Selfie အမ်ဳိးအစားျဖစ္ပါတယ္။ Realme 2 Pro ကိုေတာ့ 4GB/64GB နဲ႔ 8GB/128GB ေမာ္ဒယ္ႏွစ္မ်ဳိး ထုတ္လုပ္ထားၿပီး 4GB/64GB အမ်ဳိးအစားကို ၃၁၉,၉ဝဝ က်ပ္၊ 8GB/128GB ကို ၃၉၉,၉ဝဝ က်ပ္နဲ႔ ေရာင္းခ်သြားမယ္လို႔သိရပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Realme C1 စမတ်ဖုန်းကို ပြည်တွင်းမှာ စတင်မိတ်ဆက်ခဲ့ပြီး ယခုလ ၂၉ ရက်မှ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

အဆိုပါ စမတ်ဖုန်းမှာ 4G SIM ကတ်နှစ်ကတ် တစ်ပြိုင်နက် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dual 4G နဲ့ Dual VoLTE စနစ် ထောက်ပံ့ပါဝင်ပြီး ကြီးမားတဲ့မျက်နှာပြင်၊ ကြီးမားတဲ့ ဘက်ထရီစနစ်များအပြင် Facial unlock နဲ့ smart lock စနစ်တွေ ထောက်ပံ့ပါဝင်တယ်လို့ သိရပါတယ်။ မြင်ကွင်းအရွယ်အစား ၆.၂ လက်မရှိတဲ့ Notch Full Screen Display က 19:9 အထိ ထောက်ပံ့ပေးနိုင်ပြီး ကိုယ်ထည်ပေါ်မှာ Screen ပါဝင်မှုရာခိုင်နှုန်း ၈၈.၈ ရာခိုင်နှုန်း ရှိပါတယ်။ အမြန်နှုန်း 1.8 GHz ရှိတဲ့ Qualcomm Snapdragon 450 Octc-core processor ကို အသုံးပြုထားပြီး RAM 2GB နဲ့ အချက်အလက်သိုလှောင်နိုင်မှု 16 GB ROM ရှိမှာဖြစ်ပါတယ်။ ကျောဘက်မှာ 13 MP နဲ့ 2MP ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ 5MP အမျိုးအစားဖြစ်ပါတယ်။ ကင်မရာနဲ့ ဘက်ထရီစနစ် အတွက် AI နည်းပညာထောက်ပံ့ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 4230mAh အမျိုးအစားဖြစ်ပြီး ဖုန်းခေါ်ဆိုမှုကို နာရီပေါင်း ၄၄ နာရီကြာနဲ့ ဂိမ်းကစားခြင်းကို ၁ဝ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android OS 8.1 ကို ထည့်သွင်းထားပြီး OTG စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီဖုန်းကို တန်ဖိုး ၁၅၉ဝဝဝ ကျပ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး အရောင်အနေနဲ့ အပြာနဲ့အနက် နှစ်ရောင်ရရှိနိုင်မယ်လို့ သိရပါတယ်။

Realme C1 စမတ်ဖုန်း မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်က Melia ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ မိတ်ဆက်ပွဲမှာ Realme 2 Pro ကိုပါ တစ်ပါတည်း မိတ်ဆက်ခဲ့ပါတယ်။ Realme 2 Pro က မြင်ကွင်းအရွယ်အစား ၆.၃ လက်မရှိပြီး Qualcomm Snapdragon 660 AIE processor ကို အသုံးပြုထားပါတယ်။ ကျောဘက်မှာ 16 MP နဲ့ 2MP ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ 16MP AI Selfie အမျိုးအစားဖြစ်ပါတယ်။ Realme 2 Pro ကိုတော့ 4GB/64GB နဲ့ 8GB/128GB မော်ဒယ်နှစ်မျိုး ထုတ်လုပ်ထားပြီး 4GB/64GB အမျိုးအစားကို ၃၁၉,၉ဝဝ ကျပ်၊ 8GB/128GB ကို ၃၉၉,၉ဝဝ ကျပ်နဲ့ ရောင်းချသွားမယ်လို့သိရပါတယ်။