ဈေးသက်သာတဲ့ Surface Laptop နဲ့ Surface Book 2 မော်ဒယ်တွေကို Microsoft မိတ်ဆက်

Microsoft ဟာ Surface Laptop နဲ့ Surface Book 2 မော်ဒယ်တွေအတွက် ဈေးနှုန်းသစ်တွေကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲ့ဒီ မော်ဒယ်နှစ်ခုစလုံးကို အခုအခါ အရင်ထက် ဈေးသက်သာစွာနဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ spec တွေကိုတော့ လျှော့ချထားပါတယ်။

Surface Laptop ရဲ့ base model သစ်ကို Intel Core m3 processor, Intel HD Graphics 615, 4GB RAM, 128GB storage တို့နဲ့ရရှိနိုင်ပြီး တန်ဖိုးက ၇၉၉ ဒေါ်လာဖြစ်ပါတယ်။ ဒီမော်ဒယ်ရဲ့ အရင်ဈေးနှုန်းက ၉၉၉ ဒေါ်လာဖြစ်ပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ Core i5 ကို အသုံးပြုထားပါတယ်။

Surface Book 2 ကိုလည်း အခုအခါ ၁၁၉၉ ဒေါ်လာနဲ့ ရရှိနိုင်ပြီဖြစ်ပါတယ်။ ဒီ ၁၃.၅ လက်မ မော်ဒယ်မှာ Intel
Core i5, 8GB RAM နဲ့ 128GB storage ပါဝင်ပါတယ်။ ဒီမော်ဒယ်ရဲ့ အရင်ဈေးနှုန်းက ၁၄၉၉ ဒေါ်လာဖြစ်ပြီး 256GB storage ပါဝင်ပါတယ်။

Microsoft ရဲ့ Surface ကွန်ပျူတာတွေဟာ ဈေးနှုန်းမြင့်မားမှုကြောင့် ဝေဖန်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေရပါတယ်။ ဒီမော်ဒယ်သစ်တွေဟာ ဈေးသက်သာပေမယ့် specification တွေကို လျှော့ချထားတာကြောင့် တန်ဖိုးအနေအထားက အရင်အတိုင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်အကျပ်အတည်း ရှိသူတွေနဲ့ processor အနည်းငယ်နှေးပြီး storage နည်းတဲ့အပေါ် ပြဿနာမရှိသူတွေအတွက်ကတော့ လက်လှမ်းမီနိုင်စေမှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena