ေစ်းသက္သာတဲ့ streaming-only Xbox ကို Microsoft ဖန္တီးေန

Microsoft ဟာ cloud gaming စနစ္တစ္ခု တည္ေဆာက္ေနတဲ့အေၾကာင္းကို ၿပီးခဲ့တဲ့လက E3 မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒီကေန႔မွာေတာ့ အဲ့ဒီစနစ္ကို Scarlett Cloud လို႔ ေခၚဆိုေၾကာင္းနဲ႔ အဆိုပါစနစ္က Microsoft ရဲ႕ မ်ိဳးဆက္သစ္ Xbox အစီအစဥ္ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တယ္ဆိုတဲ့ သတင္းတစ္ရပ္ ထြက္ေပၚလာပါတယ္။

Thurrot.com ရဲ႕အဆိုအရ အသစ္ထြက္မယ့္ Xbox ကို ေမာ္ဒယ္ႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္မယ္လို႔သိရပါတယ္။ ေမာ္ဒယ္တစ္မ်ိဳးက လက္ရိွ ဂိမ္းစနစ္ေတြေပၚမွာ အလုပ္လုပ္ႏိုင္တဲ့ သမား႐ိုးက် ဂိမ္းစက္တစ္ခုျဖစ္ၿပီး က်န္တစ္ခုက cloud ေပၚကဂိမ္းေတြကို stream လုပ္ေပးမယ့္ စြမ္းအင္သံုးစြဲမႈသက္သာတဲ့ system တစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။

အဲ့ဒီ streaming system မွာ streaming ဂိမ္းေတြနဲ႔ ဆက္စပ္တဲ့ latency ကို တံု႔ျပန္မႈတစ္စိတ္တစ္ပိုင္းအျဖစ္ processing power အခ်ိဳ႕ ဆက္လက္ပါဝင္ေနမွာျဖစ္ပါတယ္။ ဂိမ္းရဲ႕တစ္စိတ္တစ္ပိုင္းက ဂိမ္းစက္အတြင္းမွာ run ၿပီး က်န္တာေတြကို စနစ္ထံ stream လုပ္ေပးမယ္လို႔ ယူဆရပါတယ္။

Streaming Xbox ကို သမား႐ိုးက် Xbox ထက္ ေစ်းသက္သက္သာသာနဲ႔ ရရိွႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Microsoft ဟာ Xbox system ေတြကို အျမတ္ေငြနည္းနည္းနဲ႔သာ ေရာင္းခ်ၿပီး ဂိမ္းေတြနဲ႔ streaming ဝန္ေဆာင္မႈေတြရဲ႕ ေရာင္းအားေပၚမွာသာ မွီခိုေနပါတယ္။

Streaming full ဗီဒီယိုဂိမ္းေတြကို ကုမၸဏီအနည္းငယ္က ႀကိဳးပမ္းေဆာင္ရြက္ေနပါတယ္။ အဲ့ဒီထဲမွာ ပထမဆံုးက Onlive ျဖစ္ၿပီး ၂၀၁၂ ခုႏွစ္မွာ ေရာင္းအား ေဒၚလာ ၄.၈ သန္း ရိွခဲ့ပါတယ္။ Sony ကလည္း PlayStation Now ဝန္ေဆာင္မႈကေန streaming အတြက္ PS2, PS3 နဲ႔ PS4 ဂိမ္းေတြကို ေထာက္ပံ့ေနပါတယ္။ Nvidia ကလည္း ဒီႏွစ္ထဲမွာ streaming game ေစ်းကြက္ထဲကို ဝင္ေရာက္လာခဲ့ၿပီး GeForce Now ကေန streaming ဂိမ္းအနည္းငယ္ကို ေထာက္ပံ့ေပးထားပါတယ္။

Ref: TechCrunch

[ Unicode ]

Microsoft ဟာ cloud gaming စနစ်တစ်ခု တည်ဆောက်နေတဲ့အကြောင်းကို ပြီးခဲ့တဲ့လက E3 မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲ့ဒီစနစ်ကို Scarlett Cloud လို့ ခေါ်ဆိုကြောင်းနဲ့ အဆိုပါစနစ်က Microsoft ရဲ့ မျိုးဆက်သစ် Xbox အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။

Thurrot.com ရဲ့အဆိုအရ အသစ်ထွက်မယ့် Xbox ကို မော်ဒယ်နှစ်မျိုးနဲ့ ရရှိနိုင်မယ်လို့သိရပါတယ်။ မော်ဒယ်တစ်မျိုးက လက်ရှိ ဂိမ်းစနစ်တွေပေါ်မှာ အလုပ်လုပ်နိုင်တဲ့ သမားရိုးကျ ဂိမ်းစက်တစ်ခုဖြစ်ပြီး ကျန်တစ်ခုက cloud ပေါ်ကဂိမ်းတွေကို stream လုပ်ပေးမယ့် စွမ်းအင်သုံးစွဲမှုသက်သာတဲ့ system တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ streaming system မှာ streaming ဂိမ်းတွေနဲ့ ဆက်စပ်တဲ့ latency ကို တုံ့ပြန်မှုတစ်စိတ်တစ်ပိုင်းအဖြစ် processing power အချို့ ဆက်လက်ပါဝင်နေမှာဖြစ်ပါတယ်။ ဂိမ်းရဲ့တစ်စိတ်တစ်ပိုင်းက ဂိမ်းစက်အတွင်းမှာ run ပြီး ကျန်တာတွေကို စနစ်ထံ stream လုပ်ပေးမယ်လို့ ယူဆရပါတယ်။

Streaming Xbox ကို သမားရိုးကျ Xbox ထက် စျေးသက်သက်သာသာနဲ့ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Microsoft ဟာ Xbox system တွေကို အမြတ်ငွေနည်းနည်းနဲ့သာ ရောင်းချပြီး ဂိမ်းတွေနဲ့ streaming ဝန်ဆောင်မှုတွေရဲ့ ရောင်းအားပေါ်မှာသာ မှီခိုနေပါတယ်။

Streaming full ဗီဒီယိုဂိမ်းတွေကို ကုမ္ပဏီအနည်းငယ်က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အဲ့ဒီထဲမှာ ပထမဆုံးက Onlive ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ရောင်းအား ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါတယ်။ Sony ကလည်း PlayStation Now ဝန်ဆောင်မှုကနေ streaming အတွက် PS2, PS3 နဲ့ PS4 ဂိမ်းတွေကို ထောက်ပံ့နေပါတယ်။ Nvidia ကလည်း ဒီနှစ်ထဲမှာ streaming game စျေးကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး GeForce Now ကနေ streaming ဂိမ်းအနည်းငယ်ကို ထောက်ပံ့ပေးထားပါတယ်။

Ref: TechCrunch