ဈေးသက်သာတဲ့ Nokia 2 ကို HMD Global မိတ်ဆက်ကြေညာ

ကုမ္ပဏီရဲ့ဈေးအသက်သာဆုံး Nokia ထုတ်ကုန်ဖြစ်တဲ့ Nokia 2 ကို HMD Global က မိတ်ဆက်လိုက်ပါတယ်။ ဒီ Nokia 2 ဟန်းဆက်ကို အိန္ဒိယမှာ မိတ်ဆက်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Nokia 2 မှာ pure Android 7.1 Nougat ကို အသုံးပြုထားပြီး security update တွေကို လစဉ်ထောက်ပံ့ပေးမယ့်အပြင် Android 8.0 Oreo ကိုလည်း အဆင့်မြှင့်တင်နိုင်မယ်လို့ HMD Global က ကတိပြု ပြောကြားခဲ့ပါတယ်။

စမတ်ဖုန်းရဲ့ အထင်ရှားဆုံးအချက်က ဘက်ထရီနဲ့ နှစ်ရက်ကြာအသုံးပြုနိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Nokia 2 Specifications

  • Operating System: Android 7.1.1 Nougat
  • Display: 5-inch HD (720 x 1280) LTPS LCD | Corning Gorilla Glass 3
  • Processor: 1.3 GHz Qualcomm Snapdragon 212
  • RAM: 1 GB LPPDDR 3
  • Internal Storage: 8 GB; expandable up to 128 GB with microSD card
  • Rear Camera: 8 MP autofocus with LED flash
  • Front Camera: 5 MP fixed-focus
  • Battery: 4,100 mAh
  • Dimensions: 143.5 x 71.3 x 9.30 mm

တန်ဖိုးက ၁၁၅ ဒေါ်လာဖြစ်ပြီး Pewter/Black, Pewter/White နဲ့ Copper/Black ဆိုပြီး အရောင်စပ် သုံးမျိုးနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ စတင်ရောင်းချမှုကိုတော့ နိုဝင်ဘာလလယ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: AndroidAuthority