ေစ်းသက္သာတဲ့ စမတ္ဖုန္း gimbal ကို Xiaomi Mijia မိတ္ဆက္

Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Mijia ဟာ စမတ္ဖုန္းေတြအတြက္ gimbal တစ္မ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။

အဆိုပါ gimbal မွာ ၈၆ မီလီမီတာ အက်ယ္ရိွတဲ့ ဟန္းဆက္ေတြကို တပ္ဆင္ႏိုင္ပါတယ္။ အေလးခ်ိန္က ၂၀၀ ဂရမ္ပါ။ 5,000mAh ဘက္ထရီကေန 5V/1.5A စြမ္းအင္ ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဖုန္းကို အားမသြင္းဘူးဆိုရင္ေတာ့ ၁၆ နာရီၾကာ အသံုးျပဳႏုိင္ပါတယ္။

ဒီ gimbal ဟာ 3-axis stabilization ကို ေထာက္ပံ့ေပးထားၿပီး တြဲဖက္သံုးႏိုင္တဲ့ app မွာပါဝင္တဲ့ auto tracking က ၃၆၀ ဒီဂရီအျပည့္ လိုက္ႏိုင္ပါတယ္။ ဒါ့အျပင္ timpe-lapse ဓာတ္ပံုေတြကိုလည္း ႐ိုက္ႏိုင္ပါတယ္။

ေအာက္ေျခမွာ ၁/၄ လက္မ ဝက္အူတစ္ခု ပါဝင္တာေၾကာင့္ gimbal ကို tripod တစ္ခု ဒါမွမဟုတ္ အျခား mount ေတြေပၚမွာ တပ္ဆင္ႏိုင္ပါတယ္။

Mijia gimbal သစ္ကို တ႐ုတ္ႏုိင္ငံမွာ ဇြန္လ ၁၆ ရက္စၿပီး ေရာင္းခ်သြားမွာျဖစ္ပါတယ္။ တန္ဖိုးက ၉၄ ေဒၚလာ ျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Mijia ဟာ စမတ်ဖုန်းတွေအတွက် gimbal တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ gimbal မှာ ၈၆ မီလီမီတာ အကျယ်ရှိတဲ့ ဟန်းဆက်တွေကို တပ်ဆင်နိုင်ပါတယ်။ အလေးချိန်က ၂၀၀ ဂရမ်ပါ။ 5,000mAh ဘက်ထရီကနေ 5V/1.5A စွမ်းအင် ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကို အားမသွင်းဘူးဆိုရင်တော့ ၁၆ နာရီကြာ အသုံးပြုနိုင်ပါတယ်။

ဒီ gimbal ဟာ 3-axis stabilization ကို ထောက်ပံ့ပေးထားပြီး တွဲဖက်သုံးနိုင်တဲ့ app မှာပါဝင်တဲ့ auto tracking က ၃၆၀ ဒီဂရီအပြည့် လိုက်နိုင်ပါတယ်။ ဒါ့အပြင် timpe-lapse ဓာတ်ပုံတွေကိုလည်း ရိုက်နိုင်ပါတယ်။

အောက်ခြေမှာ ၁/၄ လက်မ ဝက်အူတစ်ခု ပါဝင်တာကြောင့် gimbal ကို tripod တစ်ခု ဒါမှမဟုတ် အခြား mount တွေပေါ်မှာ တပ်ဆင်နိုင်ပါတယ်။

Mijia gimbal သစ်ကို တရုတ်နိုင်ငံမှာ ဇွန်လ ၁၆ ရက်စပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက ၉၄ ဒေါ်လာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena