ေငြေၾကးသန္းေပါင္းမ်ားစြာ ခုိးယူခဲ့တဲ့ အီးေမးလ္အတု ျပဳလုပ္တဲ့ဂိုဏ္းကုိ FBI ဖမ္းဆီး

[ Zawgyi ]

FBI ဟာ ဇြန္လ ၁၁ ရက္ (တနလၤာေန႔) က အီးေမးလ္အတုျပဳလုပ္မႈထဲ ပါဝင္သူေတြကို ဖမ္းဆီးခဲ့ၿပီး ႏိုင္ငံေပါင္း ၇ ႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းမႈ ၇ ခု ျပဳလုပ္ခဲ့ပါတယ္။

အဆိုပါ အီးေမးလ္အတုျပဳလုပ္သူေတြက ႏိုင္ငံေပါင္း ၇ ႏိုင္ငံမွာ ျဖန္႔ၾကက္ၿပီး လုပ္ငန္းအလတ္စားေတြကို ပစ္မွတ္ထားကာ ကုမၸဏီဘ႑ာေရးေတြကုိ ကိုင္တြယ္တဲ့ ဝန္ထမ္းေတြကို လွည့္စားဖို႔ႀကိဳးပမ္းခဲ့ပါတယ္။ ဆိုက္ဘာနဲ႔သက္ဆိုင္တဲ့ ဘ႑ာေရး လိမ္လည္မႈဟာ ႏိုင္ဂ်ီးရီးယားႏိုင္ငံက စတင္ၿပီး လွည့္စားခံရတဲ့သားေကာင္ေတြက လုပ္ငန္းပူးေပါင္း လုပ္ကုိင္သူေတြဆီ ေငြေၾကးေပးပုိ႔တယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။

အခုလိမ္လည္မႈဟာ အေသးစားလုပ္ငန္းေတြမွာ မျဖစ္ေပၚခဲ့ေပမယ့္လည္း လစ္သူေယးနီးယားက သံသယရွိသူတစ္ဦးက Google နဲ႔ Facebook သုံးစြဲသူေတြဆီကေန ေဒၚလာ သန္း ၁၀၀ အီးေမးလ္လိမ္လည္မႈ ျပဳလုပ္ခဲ့ဖူးပါတယ္။

အခုအမႈကိုေတာ့ ေျခာက္လၾကာ စုံစမ္းစစ္ေဆးခဲ့ၿပီး အေမရိကန္မွာ ဖမ္းဆီးမႈ ၄၂ ခု၊ ႏိုင္ဂ်ီးရီးယားမွာ ၂၉ ခုနဲ႔ ကေနဒါ၊ ေမာရီးရွပ္စ္နဲ႔ ပိုလန္မွာ ဖမ္းဆီးမႈ ၃ ခုျပဳလုပ္ခဲ့ပါတယ္။ လိမ္လည္သူေတြဆီက ေဒၚလာ ၁၄ သန္း ျပန္လည္ ရရွိထားၿပီး Operation WireWire ကေန ေဒၚလာ ၂.၄ သန္း သိမ္းဆည္းထားတယ္လုိ႔ FBI က ေျပာပါတယ္။

အခုဖမ္းဆီးမႈထဲမွာ တရားေရးဌာန၊ အမိေျမလုံၿခဳံေရးဌာန၊ ဘ႑ာေရးဌာနနဲ႔ အေမရိကန္စာတိုက္ စုံစမ္းစစ္ေဆးေရးဌာနတို႔ ပါဝင္လာပါတယ္။ အေမရိကန္ဟာ ႏိုင္ဂ်ီးရီးယား၊ ပုိလန္၊ ကေနဒါ၊ ေမာေရးရွပ္စ္၊ အင္ဒိုနီးရွားနဲ႔ မေလးရွားက ဥပေဒအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။

တရားေရးဌာနအေနနဲ႔ ကုမၸဏီတခ်ိဳ႕နဲ႔ ဥပေဒကုမၸဏီေတြကို ပစ္မွတ္ထားတဲ့ အီးေမးလ္အတု ျပဳလုပ္မႈကေနရရွိတဲ့ ေဒၚလာ ၁၀ သန္းထက္မနည္း ေငြေၾကးခဝါခ်မႈအတြက္ ဖေလာ္ရီဒါျပည္နယ္က လူ ၂၃ ဦးကုိ စြဲခ်က္တင္ခဲ့ပါတယ္။ အီးေမးလ္အတုျပဳလုပ္ကာ ေဒၚလာ ၂၄၆,၀၀၀ ေတာင္းဆိုၿပီး အိမ္ၿခံေျမေရွ႕ေနအေပၚ လိမ္လည္မႈအတြက္ ဒဲလက္စ္ၿမိဳ႕မွာေနထိုင္ေနတဲ့ ႏိုင္ဂ်ီးရီးယားႏိုင္ငံသား ၂ ဦးကုိ လည္း အစိုးရေရွ႕ေနက စြဲခ်က္တင္ထားပါေသးတယ္။ ႏိုင္ဂ်ီးရီးယားႏိုင္ငံသား ၂ ဦးဟာ ေဒၚလာ ၆၆၅,၀၀၀ ေငြေၾကး ခဝါခ်မႈနဲ႔လည္း စြဲခ်က္တင္ခံထားရပါတယ္။

ကြန္နက္တီကပ္ျပည္နယ္က သံသယရွိသူ ၃ ဦးကိုလည္း အီးေမးလ္အတုျပဳလုပ္ၿပီး ေဒၚလာ ၂.၆ သန္း ခိုးယူဖုိ႔ ႀကိဳးစားမႈနဲ႔ စြဲခ်က္တင္ထားတယ္လို႔ သိရပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

FBI ဟာ ဇွန်လ ၁၁ ရက် (တနင်္လာနေ့) က အီးမေးလ်အတုပြုလုပ်မှုထဲ ပါဝင်သူတွေကို ဖမ်းဆီးခဲ့ပြီး နိုင်ငံပေါင်း ရ နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းမှု ရ ခု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အီးမေးလ်အတုပြုလုပ်သူတွေက နိုင်ငံပေါင်း ရ နိုင်ငံမှာ ဖြန့်ကြက်ပြီး လုပ်ငန်းအလတ်စားတွေကို ပစ်မှတ်ထားကာ ကုမ္ပဏီဘဏ္ဍာရေးတွေကို ကိုင်တွယ်တဲ့ ဝန်ထမ်းတွေကို လှည့်စားဖို့ကြိုးပမ်းခဲ့ပါတယ်။ ဆိုက်ဘာနဲ့သက်ဆိုင်တဲ့ ဘဏ္ဍာရေး လိမ်လည်မှုဟာ နိုင်ဂျီးရီးယားနိုင်ငံက စတင်ပြီး လှည့်စားခံရတဲ့သားကောင်တွေက လုပ်ငန်းပူးပေါင်း လုပ်ကိုင်သူတွေဆီ ငွေကြေးပေးပို့တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

အခုလိမ်လည်မှုဟာ အသေးစားလုပ်ငန်းတွေမှာ မဖြစ်ပေါ်ခဲ့ပေမယ့်လည်း လစ်သူယေးနီးယားက သံသယရှိသူတစ်ဦးက Google နဲ့ Facebook သုံးစွဲသူတွေဆီကနေ ဒေါ်လာ သန်း ၁၀၀ အီးမေးလ်လိမ်လည်မှု ပြုလုပ်ခဲ့ဖူးပါတယ်။

အခုအမှုကိုတော့ ခြောက်လကြာ စုံစမ်းစစ်ဆေးခဲ့ပြီး အမေရိကန်မှာ ဖမ်းဆီးမှု ၄၂ ခု၊ နိုင်ဂျီးရီးယားမှာ ၂၉ ခုနဲ့ ကနေဒါ၊ မောရီးရှပ်စ်နဲ့ ပိုလန်မှာ ဖမ်းဆီးမှု ၃ ခုပြုလုပ်ခဲ့ပါတယ်။ လိမ်လည်သူတွေဆီက ဒေါ်လာ ၁၄ သန်း ပြန်လည် ရရှိထားပြီး Operation WireWire ကနေ ဒေါ်လာ ၂.၄ သန်း သိမ်းဆည်းထားတယ်လို့ FBI က ပြောပါတယ်။

အခုဖမ်းဆီးမှုထဲမှာ တရားရေးဌာန၊ အမိမြေလုံခြုံရေးဌာန၊ ဘဏ္ဍာရေးဌာနနဲ့ အမေရိကန်စာတိုက် စုံစမ်းစစ်ဆေးရေးဌာနတို့ ပါဝင်လာပါတယ်။ အမေရိကန်ဟာ နိုင်ဂျီးရီးယား၊ ပိုလန်၊ ကနေဒါ၊ မောရေးရှပ်စ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားက ဥပဒေအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

တရားရေးဌာနအနေနဲ့ ကုမ္ပဏီတချို့နဲ့ ဥပဒေကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ အီးမေးလ်အတု ပြုလုပ်မှုကနေရရှိတဲ့ ဒေါ်လာ ၁၀ သန်းထက်မနည်း ငွေကြေးခဝါချမှုအတွက် ဖလော်ရီဒါပြည်နယ်က လူ ၂၃ ဦးကို စွဲချက်တင်ခဲ့ပါတယ်။ အီးမေးလ်အတုပြုလုပ်ကာ ဒေါ်လာ ၂၄၆,၀၀၀ တောင်းဆိုပြီး အိမ်ခြံမြေရှေ့နေအပေါ် လိမ်လည်မှုအတွက် ဒဲလက်စ်မြို့မှာနေထိုင်နေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၂ ဦးကို လည်း အစိုးရရှေ့နေက စွဲချက်တင်ထားပါသေးတယ်။ နိုင်ဂျီးရီးယားနိုင်ငံသား ၂ ဦးဟာ ဒေါ်လာ ၆၆၅,၀၀၀ ငွေကြေး ခဝါချမှုနဲ့လည်း စွဲချက်တင်ခံထားရပါတယ်။

ကွန်နက်တီကပ်ပြည်နယ်က သံသယရှိသူ ၃ ဦးကိုလည်း အီးမေးလ်အတုပြုလုပ်ပြီး ဒေါ်လာ ၂.၆ သန်း ခိုးယူဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET