ငွေကြေးဆိုင်ရာဝန်ဆောင်မှု နည်းပညာများကိုအသုံးပြုခြင်း ဖြင့် အသေးစားငွေကြေး အဖွဲ့ အစည်းများ ပိုမိုတွင်ကျယ်လာမည်

[Zawgyi]






Musoni ကိုသုံးစွဲပြီး လည်ပတ်နေတဲ့ လုပ်ငန်းတွေ ပြည်တွင်းမှာရှိနေပြီး လုပ်ငန်းလည်ပတ်မှုအတွက် များစွာအကျိုးရှိနေတယ်လို့သိရပါတယ်။


 

[Unicode]

အရည်အသွေးမြင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှု နည်းပညာတွေကို အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံရှိ အသေးစားငွေကြေးအဖွဲ့အစည်းတွေမှာ လာမည့်နှစ်အတွင်း ပိုမိုတွင်ကျယ်လာမယ်လို့ ThitsaWorks မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။

ဒီလိုတွင်ကျယ်လာစေဖို့ အဖွဲအစည်းတိုင်းမှာ ယုံကြည်စိတ်ချရပြီး  မြန်ဆန်တဲ့ စနစ်ကောင်းတွေ လိုအပ်တယ်လို့သိရပါတယ်။ အဆိုပါ စနစ်တွေကို အသုံးပြုပြီး အသေးစားငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ ဆုံးရှုံးမှုလျော့ နည်းစေရန်နဲ့ စွမ်းဆောင်ရည် မြင့်မားလာစေရန် ဆောင်ရွက်နိုင်ရုံသာမက မိုဘိုင်းပိုက်ဆံ၊ စမတ်ဖုန်း အပ်လီကေးရှင်းစတဲ့ နည်းပညာသစ်တွေကို အများ အပြား သုံးစွဲလာအောင် ဆောင် ရွက်သွားနိုင်မှာဖြစ်တယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း အများစုမှာ client တွေကို  ထိရောက်စွာ ဝန်ဆောင်မှု ပေးနိုင်ရန်ခက်ခဲတဲ့ ခေတ်မမီ တဲ့စနစ်တွေကိုသာ လက်ရှိအ သုံးပြုနေရတယ်လို့ သိရပါ တယ်။

ThitsaWorks အနေနဲ့ အဆို ပါအခက်အခဲများကို ဖြေရှင်းနိုင် ရန် cloud နည်းပညာကိုအခြေ ခံထားပြီး  အသေးစားငွေကြေးလုပ် ငန်းတွေ အတွက်သီးသန့် ပြုလုပ် ထားတဲ့ Musoni  ကိုတရားဝင် လုပ်ငန်းပါတနာရယူ ဆောင် ရွက်လျက်ရှိပြီး အဆိုပါ Musoni စနစ်မှာ ခေတ်မီတဲ့ စနစ်ဖြစ်တယ် လို့ သိရပါတယ်။

Musoni စနစ်အနေနဲ့ အသေး စားငွေကြေး လုပ်ငန်းများ တွင်ငွေချေးသူများ၊ အုပ်စုများ၊ စုငွေနှင့် ချေးငွေများကို လွယ်လွယ် ကူကူ စီမံခန့်ခွဲနိုင်စေရန်ပြုလုပ် ပေးထားပါတယ်။အသေးစား ငွေကြေး လုပ်ငန်းတွေရဲ့ အ ကောင်းဆုံး လုပ်ဆောင်မှု အပေါ် မူတည်ကာ report တည်ဆောက်နိုင်ပြီး သုံးစွဲသူများမှ ခလုတ်တစ်ချက်နှိပ်ရုံနဲ့မိမိ လိုအပ်တဲ့ ဒေတာအချက်အလက် တွေကို ရယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါစနစ်ကို  မြန်မာနိုင်ငံတွင် အဆင်ပြေချောမွေ့စွာ အသုံးပြု နိုင်ရန် မြန်မာဘာသာသို့ဘာ သာပြန်ဆိုထားပြီး FRD မှ အဓိက လိုအပ်သော စည်းမျဉ်း ဥပဒေဆိုင်ရာ အစီရင်ခံစာများ လည်း ပါဝင်တယ်လို့ သိရပါတယ််။

ဒါ့အပြင် Musoni စနစ်မှာ အသေးစား ငွေကြေးလုပ်ငန်းတွေအတွက် သင့်တော်တဲ့နည်းပညာသစ်ကို အသုံးပြုထားပြီး မိုဘိုင်း ပိုက်ဆံ လွှဲပြောင်းခြင်း ဝန်ဆောင်မှုများ၊ ငွေပေးချေမှုအတွက် အလိုအ လျောက်သတိပေးတဲ့ SMS စာတိုပေးပို့ခြင်းစနစ်၊ ချေးငွေ အရာရှိများ ဒေတာကောက်ယူ ရာမှာ အင်တာနက်ချိတ်ဆက်မှု မလိုအပ်ဘဲ offline အသုံးပြု နိုင်မယ့် tablet အပလီကေးရှင်း၊ client များ အသုံးပြုနိုင်မယ့် မိုဘိုင်း ဘဏ်ဝန်ဆောင်မှုအပလီ ကေးရှင်း (mobile banking app) နဲ့ ချေးငွေပေးရန် ဆုံးဖြတ် ချက်ချရာမှာ အထောက်အကူ ဖြစ်နိုင်မယ့် Credit Scoring စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ Musoni စနစ်ရဲ့အားသာချက်မှာ ပြည်တွင်းထောက်ပံ့မှု (Local support) ရှိခြင်းဖြစ်ပါတယ််။

Musoni ကိုသုံးစွဲပြီး လည်ပတ်နေတဲ့ လုပ်ငန်းတွေ ပြည်တွင်းမှာရှိနေပြီး လုပ်ငန်းလည်ပတ်မှုအတွက် များစွာအကျုုိးရှိနေတယ်လို့သိရပါတယ်။

Musoni နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ကို www.musonisystem.com နဲ့ ThitsaWorks အကြောင်းကို www.thitsaworks.com မှာ ဝင်ရောက်လေ့လာနိုင်ပါမှာ ဖြစ်ပါတယ်။ Musoni စနစ်ကို အသုံးပြုလိုတဲ့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတွေအနေနဲ့ [email protected] (သို့) ၀၉ ၉ ၇၈၆၆၉ ၄၄၂ သို့ ဆက် သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။