ေငြေၾကးစီမံႏိုင္မႈအခန္းက႑ျမွင့္တင္ေပးႏိုင္ရန္အတြက္ UNCDF ႏွင့္ ျပည္တြင္း ကုမၸဏီႏွစ္ခုပူးေပါင္း

[Zawgyi]

အမ်ိဳးသမီးစီးပြားေရးလုပ္ငန္းေတြရဲ႕ေငြေၾကးစီမံႏိုင္မႈအခန္းက႑ ျမင့္တက္လာေစဖို႔ အတြက္ United Nations Capital Development Fund (UNCDF) နဲ႔ ျပည္တြင္း ကုမၸဏီႏွစ္ခုျဖစ္ၾကတဲ့ ျမန္မာ့ ၾသဘာ၊ 1-Stop တို႔ပူးေပါင္းလုပ္ေဆာင္သြားမယ္ လို႔သိရပါတယ္။

အဲ့ဒီေဆာင္ရြက္မႈကို ႏွစ္ႏွစ္တာလုပ္ေဆာင္သြားမွာျဖစ္ကာ ျပည္တြင္းရွိ၀င္ေငြနည္းပါတဲ့ အမ်ိဳး သမီးစီးပြားေရးလုပ္ငန္းရွင္ေတြကို 1-Stop အေနနဲ႔ကိုယ္စားလွယ္အျဖစ္ခန္႔အပ္ သြားမွာျဖစ္ပါတယ္။ အမ်ိဳးသမီးပိုင္ ကုန္စံုဆိုင္ ၆,၀၀၀ မွတစ္ဆင့္ သက္ဆိုင္ရာကြန္ရက္ေပါင္း ၃၀ နဲ႔ e-Commerce ကုန္သည္ေပါင္း ၁၀၀ ကိုအသံုးျပဳၿပီး ေတာ့ မိုဘိုင္းေငြျဖည့္ေပးျခင္း၊ ေဘလ္လက္ေဆာင္ေပးျခင္း၊ ေလယာဥ္လက္မွတ္၊ ကားလက္မွတ္ အတြက္ေငြေပးသြင္းေတြကိုျပဳလုပ္ေပးမွာျဖစ္ပါတယ္။

“အခုလိုပူးေပါင္းေဆာင္ရြက္မႈက အမ်ိဳးသမီးကို္ယ္စားလွယ္ေတြအတြက္ ၎တို႔မိသားစုအ တြက္၀င္ေငြေတြတိုးေစႏိုင္သလို အျခားသူေတြအတြက္လည္း ေငြေပးေခ်မႈနဲ႔ ေငြလႊဲ၀န္ ေဆာင္မႈေတြ ကိုျပဳလုပ္ႏိုင္တဲ့ ပလက္ေဖာင္းတစ္ခုျဖစ္လာမွာပါ” လို႔ UNCDF ရဲ႕ Country Coordinator ျဖစ္သူ Paul Luchtenburg ကေျပာၾကားခဲ့ပါတယ္။

-ေအာင္သက္ကို

 

[Unicode]

အမျိုးသမီးစီးပွားရေးလုပ်ငန်းတွေရဲ့ငွေကြေးစီမံနိုင်မှုအခန်းကဏ္ဍ မြင့်တက်လာစေဖို့ အတွက် United Nations Capital Development Fund (UNCDF) နဲ့ ပြည်တွင်း ကုမ္ပဏီနှစ်ခုဖြစ်ကြတဲ့ မြန်မာ့ သြဘာ၊ 1-Stop တို့ပူးပေါင်းလုပ်ဆောင်သွားမယ် လို့သိရပါတယ်။

အဲ့ဒီဆောင်ရွက်မှုကို နှစ်နှစ်တာလုပ်ဆောင်သွားမှာဖြစ်ကာ ပြည်တွင်းရှိ၀င်ငွေနည်းပါတဲ့ အမျိုး သမီးစီးပွားရေးလုပ်ငန်းရှင်တွေကို 1-Stop အနေနဲ့ကိုယ်စားလှယ်အဖြစ်ခန့်အပ် သွားမှာဖြစ်ပါတယ်။ အမျိုးသမီးပိုင် ကုန်စုံဆိုင် ၆,၀၀၀ မှတစ်ဆင့် သက်ဆိုင်ရာကွန်ရက်ပေါင်း ၃၀ နဲ့ e-Commerce ကုန်သည်ပေါင်း ၁၀၀ ကိုအသုံးပြုပြီး တော့ မိုဘိုင်းငွေဖြည့်ပေးခြင်း၊ ဘေလ်လက်ဆောင်ပေးခြင်း၊ လေယာဉ်လက်မှတ်၊ ကားလက်မှတ် အတွက်ငွေပေးသွင်းတွေကိုပြုလုပ်ပေးမှာဖြစ်ပါတယ်။

“အခုလိုပူးပေါင်းဆောင်ရွက်မှုက အမျိုးသမီးကို်ယ်စားလှယ်တွေအတွက် ၎င်းတို့မိသားစုအ တွက်ဝင်ငွေတွေတိုးစေနိုင်သလို အခြားသူတွေအတွက်လည်း ငွေပေးချေမှုနဲ့ ငွေလွှဲဝန် ဆောင်မှုတွေ ကိုပြုလုပ်နိုင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်လာမှာပါ” လို့ UNCDF ရဲ့ Country Coordinator ဖြစ်သူ Paul Luchtenburg ကပြောကြားခဲ့ပါတယ်။

-အောင်သက်ကို