ငွေစက္ကူမှသည် ကတ်စနစ်ဆီသို့ အရွေ့အတွက် သုံးစွဲသူများ၏အမြင်

ဦးသန်းဝင်း
(YUZANA LED & SIGN)

လက်ရှိကတ် မသုံးသေးပါဘူး။ ကတ်စံနစ်တွင်ကျယ် လာစေချင်ပါတယ်။ ဝန်ထမ်းလစာကို ကတ်ထဲထည့်ပေးခြင်းဖြင့် အလုပ်ရှုပ်သက်သာစေမှာ ဖြစ်ပါတယ်။ ကတ်ကိုင်ဆောင်မှုများ လာရင်တော့ လုယက်မှုလျော့ကျ သွားနိုင်မယ်ထင်ပါတယ်။ ငွေပေးချေမှု တော်တော်များများကို ကတ်စနစ်နဲ့ အလုပ်ရှုပ်သက်သာလာစေမှာ ဖြစ်ပါတယ်။ online shopping လုပ်ငန်းတွေလည်း တွင်ကျယ်လာမှာပါ။ လွယ်လွယ်ငွေပေးခြေနိုင်တာကြောင့် သွေးရဲတဲ့ ကျွန်တော်တို့လူ မျိုးတွေအတွက် ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

မငွေစန္ဒီလင်း (ခ) မစန္ဒီစုကြည်
Department Head (Sales & Marketing)

ခေတ်အရ ပြောင်းလဲလာကြတာပေါ့၊ သယ်ဆောင်သိမ်းဆည်းရ လွယ်ကူတာလဲပါတာပေါ့။ ကတ်အသုံးပြုဖို့အခက်ခဲရှိတဲ့ လူတန်း
စားတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမယ် ငွေပမာဏများရင်သာ၊ ကတ်နဲ့ရှင်းဖို့ လွှဲဖို့အဆင်ပြေတာပါ။ လုံးဝငွေစက္ကူ  အသုံးမပြုတော့တာမျိုး ဖြစ်လာနိုင်ချေ နည်းပါတယ်။ ကတ်တစ်ခုတည်းကိုသာ ကိုင်ထားမယ်ဆိုရင် ကိုယ့်ပိုင်ဆိုင်မှုအားလုံးက ကတ်ရဲ့လုံခြုံရေးပေါ် မူတည်သွားပြီလေ။ ATM card တွေနဲ့ Visa card တွေ သုံးနေပါတယ်။ ကတ်အတွက်က အသုံးပြုနည်း မှန်ကန်စွာသိရှိဖို့နဲ့ card service (နေရာမရွေး၊ အချိန်မရွေး) အပြည့်အဝ ရရှိနိုင်ဖို့ လွယ်ကူပါ့မလား Cash ကတော့ ကိုယ့်လက်ထဲ ရှိနေရင် ဘယ်ချိန်ဘယ်နေရာဖြစ်ဖြစ် ထုတ်သုံးလို့ ရနေတယ်လေ ဒါပါပဲ။

မမေမျိုးဟန်
(Ooredoo Myanmar)

ငွေစက္ကူကို သယ်သွားရတာ ကရိကထများတယ်။ ငွေပမာဏများလေပိုပြီး သတိရှိရလေပဲ။ ငွေစက္ကူကျတော့ ပျောက်သွားရင် ပြန်ရဖို့
ခက်တယ်။ ကတ်ကျတော့ အလွယ်တကူနဲ့ သယ်သွားလို့ရတယ်။ ကတ်ထဲမှာ ပိုက်ဆံဘယ်လောက် ရှိနေလဲဆိုတာ အပြင်လူ မသိနိုင်ဘူး။ ကတ်ကကျတော့ ပျောက်သွားရင် ချက်ချင်းကတ် ထုတ်ပေးထားတဲ့ ဘဏ်ကို ဖုန်းဆက်အကြောင်းကြားပြီး ကတ်ကို ပိတ်ခိုင်းလိုက်လို့ရတယ်။ အခြားနိုင်ငံတွေမှာဆိုရင် credit ကတ်ကို တစ်ယောက်ယောက်က ခိုးသုံးထားတာကို bill လာတဲ့ အချိန်သိရင် ဒါက ကိုယ်တကယ် ဝယ်ထားသုံးထားတာ မဟုတ်ဘူးဆိုပြီး သက်သေနဲ့ သေချာရှင်းပြရင် ငွေကြေးဆုံးရှုံးမှုမဖြစ်ဘူး။  အဲဒီတော့ နည်းပညာကောင်းကောင်းနဲ့ လုံခြုံမှုစနစ်ကောင်းကောင်းကို သုံးထားရင် ကတ်သုံးတဲ့ ဓလေ့ဟာ လူတွေကြားထဲမှာ ပိုပြီးရင်းနှီးလာပြီး သုံးတဲ့သူတွေပိုများလာမှာပါ။

ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေကို ဖောင်းကားပြီး ထည့်သယ်စရာ မလိုတော့ဘူးပေါ့။ ကတ်လေးကို ပေါ့ပေါ့ပါးပါးနဲ့ထည့်ပြီး သွားလိုရာကို သွားလို့ရသလို ကိုယ်ဝယ်ချင်တဲ့အခါလဲ လွယ်လွယ်ကူကူနဲ့ ဆိုင်မှာဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ ဝယ်လို့ရတယ်။ အခုက ဒီဂျစ်တယ်ခေတ်ဖြစ်လာတော့ ကတ်ကို ပိုပြီးအသုံးပြုရတာဟာ ကိုယ့်အတွက် လုံခြုံစိတ်ချရသလို ငွေသားတွေကို ရေတွက်ရတဲ့အခါမှာ ကုန်တဲ့အချိန်တွေအတွက်လဲ လျော့ပါးသွားမှာဖြစ်ပါတယ်။ eCommerce စနစ်ဟာ ပိုပြီးတွင်ကျယ်လာမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျွန်မ American Express Card ကို အသုံးပြုပြတယ်။ ဘာလို့လဲဆိုတော့ အဲဒီကတ်က အသုံးပြုတဲ့သူတွေအတွက် ပို
ကောင်းတဲ့ဝန်ဆောင်မှု တွေပေးထားတဲ့အတွက်ကြောင့်ပါ။

နောက်ပြီး American Express Card နဲ့ ဈေးဝယ်ရင်ရတဲ့ အခွင့်အရေးဟာ အခြား အခြား ကတ်တွေကို သုံးပြီးဈေးဝယ်ရင်ရတဲ့ အခွင့်အရေးတဲ့ ပိုကောင်းတဲ့ ဝန်ဆောင်မှုကိုရပါတယ်။

ငွေသားနဲ့ ကတ်ကွာခြားချက်ကတော့ ငွေသားက အလွယ်တကူ သယ်သွားလို့မရဘူး။ ကန့်သတ်ချက်ရှိတယ်။ ကတ်ကတော့ အလွယ်တကူ သယ်သွားလို့ရတယ်။ ငွေသားအသုံးပြုရင် ချက်ချင်းလက်ငင်းငွေကို ရှင်းရတယ်။ ကတ်ကိုအသုံးပြုရင်တော့ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုကိုရောက်မှ ငွေပေးချေနိုင်ပါတယ်။

ဦးမျိုးကိုကို
Founder (Steel structure Details Estimating Class)

မှန်ကန်တ အရွေ့လို့မြင်မိပါတယ်။ card စနစ်တွေသာ အမှန်တကယ်အလုပ် ဖြစ်လာမယ်ဆိုလျင် အကျိုးဆက်တွေကတော့ များလာမယ်ပေါ့။ စက္ကူတွေသုံးရတာ နည်းလာမယ်၊ သစ်တောတွေ မပြုန်းတီးတော့ဘူးပေါ့။ အလားတူ လုံခြုံရေးအရ ကြည့်မယ်ဆိုလဲ ငွေထုပ်ကြီးကိုင်မသွားရတော့ တို့အချိန်ကုန် သက်သာတာတို့ စတဲ့ကောင်းကျိုးလေးတွေ ရလာမယ်ပေါ့။ လက်ရှိကတော့ KBZ MPU, Master card ဒါပဲသုံးနေပါသေးတယ်။ အဓိက ကွာခြားချက်ကတော့ ခေတ်မီလာတာနဲ့ နောက်ကျတာ လို့မြင်မိတယ်။ အရွေ့တစ်ခုမှာ မှန်ကန်စွာ လိုက်ပြောင်းလဲနိုင်လို့တော့လိုတယ်။ စနစ်သစ်ကို လက်မခံဘဲ စနစ်ဟောင်းကို ဆက်လက် ကိုင်ထားမယ်ဆိုရင်တော့ အာဖရိကနိုင်ငံ တချို့လို ငွေထုပ်ကြီးကိုင်ပြီး လက်ဖက်ရည်သောက် ထွက်နေရပါဦးမယ်။

ကောင်းပါတယ် လုပ်သင့်တာတော့ကြာနေပြီ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေလဲ မကြာခင်ဝင်လာတော့မှာဆိုတော့ ကြိုတင်ပြင်
ဆင်ထားသင့်ပါတယ်။ ရိုးရိုးငွေပေးချေတာနဲ့ ကတ်သုံးပြီး ငွေပေးချေတာက အဓိက ကွာခြားချက်ကတော့အချိန်ပေါ့၊ နောက်တစ်ချက်က
ငွေစက္ကူ  အတုအစစ်တို့စတဲ့ ပြဿနာတွေ နည်းသွားမယ်။ ကတ်စနစ်မှာတော့ အားနည်းချက်ဖြစ် အင်တာနက် လိုင်းကောင်းဖို့နဲ့ လုံခြုံရေး
စနစ် စိတ်ချရဖို့တော့လိုမယ်။ အားသာတာကတော့ငွေစက္ကူ တွေသွားလေရာ ယူသွးစရာမလိုတာတို့၊ အချိန်မရွေး မိမိရှိရာနေရာကနေ ငွေလွှဲတာတို့ ဘေဆောင်တာတို့ အကုန်လုပ်ဆောင်နိုင်တာပေါ့။ အပေါ်မှာပြောခဲ့သလိုပေါ့ မြန်ဆန်မှုနဲ့ လုံခြုံဖို့ကိုအဓိက ထားလုပ်ရမယ်။ နည်းပညာပိုင်းကိုလဲ စဉ်ဆက်မပြတ် Upgrade လုပ်ပေးနိုင်ရမယ်။ error တခုခုဖြစ်ဘယ်လို
ကိုင်တွယ်ဖြေရှင်းရမလဲ စတဲ့အချက်တွေကို အသေးစိတ်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

မဇင်မာထွန်း
(Manager ZARNI Electronic and LED)

Card နဲ့ သုံးရတာ သဘောကျပါတယ်။ ကတ်ကိုတစ်နိုင်ငံလုံးမှာ သုံးစွဲတာ ပိုတွင်ကျယ်ရင်ပိုကောင်းမယ်။ ခုတော့ တစ်နိုင်ငံလုံးမရတော့ သုံးရတာ အဆင်မပြေသေးဘူးပေါ့။ Kbz MPU နဲ့ Yoma ကတ်တွေ သုံးဖြစ်နေပါတယ်။ Cash က ငွေအတုတွေဘာတွေ စိတ်ပူနေရသေးတယ်၊ ထိန်းသိမ်းနေရတယ်။ Card ကျ တစ်ခုပဲ ထိန်းသိမ်းရင်ရပြီ၊ ပိုက်ဆံစုတ်တာ အတုတွေ ဘာတွေ စိတ်ပူစရာ မလိုတော့ပေါ့။

ဟိန်းမင်းထွန်း
(စီးပွားရေးလုပ်ငန်းရှင်)

လုံခြုံမှုရှိတယ်၊ ခါးပိုက်နှိုက်ခံရတာမျိုးတွေ ကင်းသွားတယ်။ ဘဏ်ဝန်ဆောင်မှုတွေက ခက်ခဲနိုင်တယ်။ Hacker သမားတွေကြောင့်လည်း အခက်အခဲ ရှိလာနိုင်ပါတယ်။ MPU နဲ့ VISA card ကိုသုံးနေတာပါ။ ပိုက်ဆံသယ်စရာ မလိုတော့ဘူး၊ အပျက်အစီး အပြဲအစုတ် ပြဿနာကင်းတယ်။ သဘောကျပါတယ်။ စကားအများကြီး ပြောနေစရာ မလိုတော့ဘူး၊ စောင့်စရာလည်း မလိုတော့ဘူး။ အားသာချက်အနေနဲ့ အန္တရာယ်ကင်းသလို၊ အားနည်းချက်ကတော့ ဝန်ဆောင်မှု ကောင်းဖို့တော့ လိုတယ်၊ လိုင်းတွေလည်း ကောင်းဖို့လိုတယ်။ ကတ်လုံခြုံရေး၊ Internet တွေ Hacker တွေကြောင့် သုံးစွဲသူတွေ နစ်နာမှုရှိလာရင် ဖြေရှင်းပေးမယ့် စည်းမျဉ်းဥပဒေများ လိုအပ်ပါတယ်။

ဆုလာဘ်လှိုင်
(GTMH Telecom Project Manager)

ကတ်ကိုသုံးရတာ ပိုအဆင်ပြေတယ်လို့ ထင်ပါတယ်။ ငွေပေးချေမှုက ပိုလွယ်ကူလာတဲ့အတွက် အချိန်ကုန် သက်သာတယ်။ စီးပွားရေးတွေမှာ အချိန်ကုန်သက်သာပြီး ပိုစိတ်ချရလာမယ်။ အမှားအယွင်းနည်းလာမယ်။ လက်ရှိ CB Credit card ကိုသုံးနေပါတယ်။
ငွေသားနဲ့ ကတ်ကွာဟချက်ကတော့ သယ်ဆောင်ရလွယ်ကူမှု၊ ခက်ခဲမှု၊ အချိန် ကုန်သက်သာမှု စတာတွေပါပဲ။

ကိုသူရဖြိုးဝေ
(Social Contant Writer Mobile Company)

အများနိုင်ငံတွေမှာ ကတ်စနစ်နဲ့ ငွေပေးချေမှုတွေ လုပ်နေတာကြာပါပြီ။ ဒီနိုင်ငံမှာလည်း ခုဆိုရင်ကတ်စနစ်တွေနဲ့ ecommeriacal စနစ်
တွေ၊ အွန်လိုင်းကနေ ငွေပေးချေမှုတွေ တွင်ကျယ်လာတာ တွေ့ရပါတယ်။ ကတ်စနစ်ကို လက်ခံတယ်။ ကြိုက်တယ်။ အချိန်ကုန်သက်
သာတယ်၊ လက်ထဲ ငွေသားမကိုင်ရတော့ အလုပ်ရှုပ်သက်သာတယ်။ ငွေသားမကိုင်ဘဲ ကတ်နဲ့ပေးချေမှုကို ကျွန်တော်ကတော့ ကြိုက်
တယ်။ ကတ်စနစ်နဲ့ ပေးချေလို့ ရတဲ့နေရာတွေ များများစားစားပေါ်ပေါက် လာစေချင်တယ်။ ပေးချေမှုအပိုင်းမှာ တွင်တွင်ကျယ်ကျယ်
ကောင်းကောင်းမွန်မွန် ပေးချေလို့ မရသေးတာတော့ အခက်အခဲရှိတယ်။ ခုဆိုရင် မြန်မာပြည်မှာ ကားငှားတဲ့ ဝန်ဆောင်မှုတွေ ပေါ်လာပြီ၊ နိုင်ငံတကာမှာလည်း ကားငှားဝန်ဆောင်မှုတွေရှိပါတယ်။ ကားငှါးဝန်ဆောင်မှုဆိုတဲ့ အထဲမှာ
ကိုယ်ပိုင်ကားကို မောင်းပြီး ငှါးလို့ရတဲ့ ဝန်ဆောင်မှုပါ။ အွန်လိုင်းဘိုကင် တင်ရတယ်။ ငွေပေးချေမှုကလည်း Debit Card, ငွေသား ပေးချေလို့ မရပါဘူး။ Credit Card နဲ့သာ ငွေပေးချေလို့ ရပါတယ်။ ခေတ်ကာလ နောက်ပိုင်းရဲ့ ပြောင်းလဲမှုမှာ ငွေ သားပေးချေမှုတွေ လျော့နည်းပြီး ကတ်စနစ်နဲ့ပေးချေမှုတွေ များလာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဇင်ရတနာထွန်း
(Office Manager) (Shwemom News & Media Website)

ပိုက်ဆံကျပျောက်မှာ မပူရတော့ဘူး။ လုံခြုံမှုလည်း ဖြစ်တယ်။ ပိုက်ဆံအရေးတကြီးလိုရင် ATM စက်အပြေး လိုက်ရှာပြီး ထုတ်စရာမလို
တော့ဘူး။ ပိုက်ဆံက Card ထဲမှာတင်ရှိနေတာဆိုတော့ ဝယ်ယူပြီးရင် တစ်ခါတည်း Card လေး ပေးလိုက်ရုံပဲ။ ATM Card တွေပဲ သုံးဖြစ်တယ်။ AYA and AGD ကတ်သုံးပါတယ်။ ပေါ့ပေါ့ပါးပါး သွားလေရာ သယ်ဆောင်နိုင်တယ်။ ပိုက်ဆံအထပ်လိုက် အထူကြီး သယ်စရာ မလိုတော့ဘူး။ ငွေစက္ကူမှာ ကပ်ပါနေတဲ့ ပိုးမွှား အန္တရာယ်လည်းမပူရတော့ဘူး။ အရမ်းကောင်းတဲ့ အစီအစဉ်တစ်ခုလို့ မြင်ပါတယ်။ လူတန်းစားမရွေးတော့ သုံးနိုင်မယ်မထင်ဘူး။ Bus စီးတဲ့အခါမှာလည်း သုံးလို့ရရင် ပိုအဆင်ပြေတာပေါ့။ အကြွေလိုက်ရှာနေစရာ မလိုတော့ဘူး။

ကိုခိုင်လင်းစိုး
(Freelance Photographer)

နည်းပညာ တိုးတက်မှုအပေါ် လိုက်ပြီး ငွေရှင်းတာ၊ ငွေလွှဲတာတွေကို ကတ်နဲ့အသုံးပြုလာကြတယ်။ နည်းပညာ တိုးတက်လာရင်
ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးဒွန်တွဲ ပါလာတယ်။ ကောင်းကျိုးက ဘာလဲဆိုတာ့ ငွေစက္ကူ အတု တွေ့ကြုံရမှု မရှိနိုင်ဘူး၊ ငွေအကြွေ ပြန်အမ်းမှုပြသနာ လျော့နည်းတာပေါ့။ ငွေစက္ကူ အသုံး မပြုတော့ဘူးဆိုရင် မဖြစ်နိုင်ဘူး။ တခြားနိုင်ငံတွေမှာလည်း ယခုလက်ရှိအချိန်ထိ ငွေစက္ကူဆိုတာ သုံးနေသေးတုန်းလေ။ တစ်ခုပဲ ငွေစက္ကူဆိုတာ နှစ်ပေါင်းကြာရှည်မခံဘူး အဲ့ဒီတော့ ၅၀ တန်၊ ၁၀၀ တန် အစရှိတဲ့ ငွေစက္ကူတွေကို ကျပ်ပြားစေ့အဖြစ် ပြောင်းထုတ်ရင်တော့ ကြာရှည်ခံ လာနိုင်ပါတယ်။ ဘယ်လို ကတ်အမျိုးအစားလဲ ဆိုတော့ကျွန်တော်တို့နိုင်ငံကဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ လူတိုင်းလက်ထဲမှာ ATM, MPU ကတ်တွေပဲ ရှိကြတာပဲလေ၊ Visa, Master ကတ်တွေကျ သိပ်မသုံးကြဘူး၊ နိုင်ငံခြား အသွားအလာရှိတဲ့ သူတွေလောက်သာ ကိုင်ကြတာပါ။ ဘာကွာလဲဆိုတော့ ပထမပြောခဲ့သလို ကောင်းကျိုး ဆိုးကျိုးပေါ့။ ကောင်းကျိုးက ပြောပြီးပြီ ဆိုးကျိုးပဲ။ ဆိုးကျိုးက ဘာတွေလဲ ဆိုတော့ card ကနေ cash ပြန်ထုတ်ရာ ATM စက် ပြဿနာတွေ ကြုံရတယ်။ ဆိုင်တွေ့တိုင်း ကတ်နဲ့ ရှင်းမရဘူး။ ခက်တာက ဆိုင်တစ်ဆိုင် ကတ်တစ်မျိုးဖြစ်နေ
တယ်။ ဥပမာ – ocean မှာ ဈေးဝယ်ရင် သူတို့ဆီက ထုတ်တဲ့ကတ်နဲ့ပဲရှင်းရတယ်၊ OK $ နဲ့ရှင်းတာရှိတယ်၊ အမျိုးမျိုးကွဲနေတယ်။ အဲ့တော့ လူတိုင်း ကတ်ပေါင်းစုံ ကိုင်ရမလို ဖြစ်နေတယ်။ အဲ့ဒါမကောင်းတဲ့အချက်ပဲ။

သိန်းသန်းဇော် (လူထုဓာတ်ခွဲခန်း)

လုံခြုံမှုရှိပြီး စမတ်ကျတယ်လို့ ထင်ပါတယ်။ စက္ကူတွေလည်း သက်သာပြီး အရင်ထက်ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ထင်တယ်။ MPU Card ကိုသုံးနေပါတယ်။ ဘာဘဲလုပ်လုပ် ယူဆောင်ရတာ Card က ပိုကောင်းမယ်လို့ ထင်မိပါတယ်။ အဆင်ပြေတယ်လို့ ထင်ပါတယ်။
ရိုးရိုးငွေပေးချေတာထက်စာရင် ကတ်ကိုသုံးတာ အချိန်ကုန်သက်သာစေတယ်လို့ ထင်မိပါတယ်။ ကတ်နဲ့ငွေပေးချေတဲ့အခါ အားသာချက်က အချိန်ကုန်သက်သာပြီး၊ အားနည်းချက်ကတော့ Connection မကောင်းတာကြောင့်လို့ ထင်မိတယ်။ နေရာတိုင်းမှာ ATM စက်တွေများများ ရှိဖို့ရယ် Connection တွေကောင်းဖို့ရယ် လိုအပ်တယ်လို့ ထင်ပါတယ်။