ခေါက်နိုင်တဲ့ ZTE Axon M ဖုန်းကို အောက်တိုဘာလလယ်တွင် တွေ့မြင်ရမည်

အောက်တိုဘာ ၁၇ ရက်ဟာ ZTE ရဲ့ brand တွေ အလုပ်များမယ့်နေ့ဖြစ်ပြီး nubia နဲ့ Axon တို့က ထုတ်ကုန်သစ်တွေ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီထုတ်ကုန်နှစ်မျိုးထဲမှာ Axon M က ပိုမိုစိတ်ဝင်စားစရာကောင်းပြီး ခေါက်ထားနိုင်မယ့် screen နှစ်ခု ပါဝင်မယ်လို့ သိရပါတယ်။

 

Samsung ရဲ့ Galaxy X နဲ့ မတူတာက Galaxy X မှာ flexible screen တစ်ခုတည်းသာ ပါဝင်ဖွယ်ရှိပြီး ZTE ကတော့ သီးခြား panel နှစ်ခုကို အသုံးပြုဖွယ်ရှိပါတယ်။ Panel တစ်ခုစီက 1080p resolution ဖြစ်ပြီး screen နှစ်ခုဆုံမယ့်နေရာရဲ့ bezel က သေးငယ်တယ်လို့ ဆိုပါတယ်။

Screen ကို ဖြန့်လိုက်တဲ့အခါမှာ Axon M ရဲ့ screen က ၆.၈ လက်မရှိပြီး 2,160 x 1,920px resolution နဲ့ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ Screen ကို ခေါက်ထားတဲ့အခါမှာတော့ screen တွေက Axon M ရဲ့ အရှေ့ဘက်နဲ့ ကျောဘက်မှာ ရှိနေမှာဖြစ်ပါတယ်။

ဒီဖုန်းမှာ Snapdragon 820 chipset, 4GB RAM နဲ့ 32GB storage ပါဝင်ပြီး အမေရိကန်မှာ AT&T ကနေတစ်ဆင့် ဒေါ်လာ ၆၅၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena