ေခါက္စမတ္ဖုန္းကို Samsung ထက္ အရင္မိတ္ဆက္ဖို႔ စီစဥ္ေနတဲ့ Huawei

[Zawgyi]

ကမ႓ာ့တတိယအႀကီးဆံုး စမတ္ဖုန္းကုမၸဏီျဖစ္တဲ့ Huawei ဟာ ေခါက္ႏိုင္တဲ့ စမတ္ဖုန္းတစ္မ်ိဳးကို Android အဓိကၿပိဳင္ဘက္ျဖစ္တဲ့ Samsung ထက္ အရင္မိတ္ဆက္ဖို႔ ႀကိဳးစားေနေၾကာင္း Nikkei က ေဖာ္ျပခဲ့ပါတယ္။

Samsung ဟာ display ဆန္းသစ္တီထြင္မႈမွာ ကာလၾကာရွည္ ဦးေဆာင္ေနသလို ကုမၸဏီရဲ႕ဌာနခြဲျဖစ္တဲ့ Samsung Display ကလည္း ပိုမိုအၾကမ္းခံၿပီး မကြဲႏိုင္တဲ့ flexible phone screen သစ္ကို မိတ္ဆက္ေၾကညာထားပါတယ္။ ဒါ့အျပင္ Huawei ကလည္း တ႐ုတ္ supplier BOE ရဲ႕ flexible OLED panel ေတြကို အသံုးျပဳၿပီး ေခါက္ႏိုင္တဲ့ ဟန္းဆက္ေတြကို ထုတ္လုပ္ဖို႔စီစဥ္ေနသလို လာမယ့္ႏွစ္ အေစာပိုင္းမွာ မိတ္ဆက္သြားဖို႔ စီစဥ္ေနသလို သိရပါတယ္။

၁၉၉၃ ခုႏွစ္က စတင္ခဲ့တဲ့ Beijing Oriental Electronics (BOE) ဆိုတာဟာ နည္းပညာေစာင့္ၾကည့္ေလ့လာသူ အမ်ားစုနဲ႔ ရင္းႏွီးကၽြမ္းဝင္တဲ့ နာမည္တစ္ခု မဟုတ္ပါဘူး။ ဒီကုမၸဏီရဲ႕ display လုပ္ငန္းဟာ လတ္တေလာႏွစ္ေတြမွာ အလ်င္အျမန္တိုးတက္လာခဲ့သလို Apple ရဲ႕ iPhone LCD လုပ္ငန္းအခ်ိဳ႕ကိုလည္း ရယူထားႏိုင္ခဲ့ပါတယ္။ BOE ရဲ႕ ေနာက္ထပ္လႈပ္ရွားမႈက OLED ထုတ္လုပ္မႈနဲ႔ တီထြင္ဆန္းသစ္မႈေတြကို တြန္းအားေပး ေဆာင္ရြက္ဖို႔ျဖစ္ပါတယ္။

Huawei ရဲ႕ ေခါက္စမတ္ဖုန္းကို ၂၀၁၉ အေစာပိုင္းမွာ မိတ္ဆက္သြားဖြယ္ရိွၿပီး BOE ရဲ႕ flexible OLED display ကို အသံုးျပဳထားတယ္လို႔ ဆိုပါတယ္။

BOE ရဲ႕ screen နည္းပညာဟာ Samsung ထက္ အရည္အေသြးနိမ့္ေပမယ့္လည္း ေခါက္စမတ္ဖုန္းကို Samsung ထက္ အရင္ဆံုး မိတ္ဆက္ဖို႔ ရည္ရြယ္ထားတဲ့ Huawei ကို ရပ္တန္႔ေစမွာ မဟုတ္ဘူးလို႔ ယူဆရပါတယ္။

Wall Street Journal ကလည္း Samsung ရဲ႕ ကိုယ္ပိုင္ ေခါက္စမတ္ဖုန္း အစီအစဥ္ေတြကို လာမယ့္ႏွစ္မွာ ေတြ႕ျမင္ရမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ Huawei ရဲ႕ ေခါက္စမတ္ဖုန္းကို အေရအတြက္ ၃၀,၀၀၀ အထိသာ ကန္႔သတ္ထုတ္လုပ္သြားဖြယ္ရိွေၾကာင္းလည္း သိရပါတယ္။

Ref: TheVerge/Mashable

-ေနာင္ေနာင္

[Unicode]

ကမ႓ာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Huawei ဟာ ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်မျိုးကို Android အဓိကပြိုင်ဘက်ဖြစ်တဲ့ Samsung ထက် အရင်မိတ်ဆက်ဖို့ ကြိုးစားနေကြောင်း Nikkei က ဖော်ပြခဲ့ပါတယ်။

Samsung ဟာ display ဆန်းသစ်တီထွင်မှုမှာ ကာလကြာရှည် ဦးဆောင်နေသလို ကုမ္ပဏီရဲ့ဌာနခွဲဖြစ်တဲ့ Samsung Display ကလည်း ပိုမိုအကြမ်းခံပြီး မကွဲနိုင်တဲ့ flexible phone screen သစ်ကို မိတ်ဆက်ကြေညာထားပါတယ်။ ဒါ့အပြင် Huawei ကလည်း တရုတ် supplier BOE ရဲ့ flexible OLED panel တွေကို အသုံးပြုပြီး ခေါက်နိုင်တဲ့ ဟန်းဆက်တွေကို ထုတ်လုပ်ဖို့စီစဉ်နေသလို လာမယ့်နှစ် အစောပိုင်းမှာ မိတ်ဆက်သွားဖို့ စီစဉ်နေသလို သိရပါတယ်။

၁၉၉၃ ခုနှစ်က စတင်ခဲ့တဲ့ Beijing Oriental Electronics (BOE) ဆိုတာဟာ နည်းပညာစောင့်ကြည့်လေ့လာသူ အများစုနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ နာမည်တစ်ခု မဟုတ်ပါဘူး။ ဒီကုမ္ပဏီရဲ့ display လုပ်ငန်းဟာ လတ်တလောနှစ်တွေမှာ အလျင်အမြန်တိုးတက်လာခဲ့သလို Apple ရဲ့ iPhone LCD လုပ်ငန်းအချို့ကိုလည်း ရယူထားနိုင်ခဲ့ပါတယ်။ BOE ရဲ့ နောက်ထပ်လှုပ်ရှားမှုက OLED ထုတ်လုပ်မှုနဲ့ တီထွင်ဆန်းသစ်မှုတွေကို တွန်းအားပေး ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

Huawei ရဲ့ ခေါက်စမတ်ဖုန်းကို ၂၀၁၉ အစောပိုင်းမှာ မိတ်ဆက်သွားဖွယ်ရှိပြီး BOE ရဲ့ flexible OLED display ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

BOE ရဲ့ screen နည်းပညာဟာ Samsung ထက် အရည်အသွေးနိမ့်ပေမယ့်လည်း ခေါက်စမတ်ဖုန်းကို Samsung ထက် အရင်ဆုံး မိတ်ဆက်ဖို့ ရည်ရွယ်ထားတဲ့ Huawei ကို ရပ်တန့်စေမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။

Wall Street Journal ကလည်း Samsung ရဲ့ ကိုယ်ပိုင် ခေါက်စမတ်ဖုန်း အစီအစဉ်တွေကို လာမယ့်နှစ်မှာ တွေ့မြင်ရမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Huawei ရဲ့ ခေါက်စမတ်ဖုန်းကို အရေအတွက် ၃၀,၀၀၀ အထိသာ ကန့်သတ်ထုတ်လုပ်သွားဖွယ်ရှိကြောင်းလည်း သိရပါတယ်။

Ref: TheVerge/Mashable

-နောင်နောင်