ေက်းရြာမ်ားတြင္ အႀကိဳလွ်ပ္စစ္မီးရရွိေရးစနစ္ (Pre-Electrification System) ျဖင့္ေဆာင္ရြက္ရန္ စီစဥ္

[ Zawgyi ]

ေက်းရြာေတြမွာ မီးလင္းေရးလုပ္ငန္းေတြကို အီတလီႏိုင္ငံအစိုးရမွေပးအပ္တဲ့ ေခ်းေငြနဲ႔ေဆာင္ရြက္မယ္ လို႔သိရပါတယ္။

အီတလီအစိုးရအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕တစ္ႏိုင္ငံလံုးလွ်ပ္စစ္မီး ရရွိေရးေဆာင္ရြက္ခ်က္ေတြကို ကူညီပံ့ပိုးဖို႔၊ မဟာဓါတ္အားလိုင္းနဲ႔ ေဝးကြာတဲ့ေက်းရြာေတြမွာ အႀကိဳလွ်ပ္စစ္မီးရရွိေရးစနစ္ (Pre-Electrification System) ျဖင့္ ေဆာင္ရြက္ႏိုင္ဖို႔ အစရွိတဲ့ရည္ရြယ္ခ်က္ေတြနဲ႔ ေခ်းေငြေပးအပ္ျခင္းျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူက ေျပာပါတယ္။ ၾသဂုတ္လ ၁ ရက္ေန႔ကက်င္းပတဲ့ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေျပာၾကားခဲ့ တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္း မီးလင္းရန္က်န္ရွိေနေသးတဲ့ ေက်းရြာေတြမွာ မဟာ ဓါတ္အားလိုင္း ျပင္ပမွ ေက်းလက္မီးလင္းေရး ေဆာင္ရြက္ေပးဖို႔ အမ်ိဳးသားလွ်ပ္စစ္ဓါတ္အားရရွိေရး စီမံကိန္းမွာ အီတလီႏိုင္ငံမွေခ်းေငြ (Soft Loan) ယူရိုသန္း ၃၀ ကို Co-Financing အျဖစ္ထည့္ဝင္ ေဆာင္ရြက္သြားေစႏိုင္ဖို႔ အီတလီအစိုးရကေန ကမ္းလွမ္းေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

အတိုးမဲ့ေခ်းေငြျဖစ္ၿပီး ဆိုင္းငံ့ကာလ ၁၈ ႏွစ္ျဖစ္ကာ ျပန္လည္ေပးဆပ္ရမယ့္ကာလ ၁၀ ႏွစ္ျဖစ္ေၾကာင္း၊ အဲဒီစီမံကိန္းေခ်းေငြေတြနဲ႔ လွ်ပ္စစ္မီးလက္လွမ္းမီမႈနည္းပါးတဲ့ လမ္းပန္းဆက္သြယ္ေရးခက္ခဲတဲ့ ခ်င္းျပည္နယ္နဲ႔ အနီးတစ္ဝိုက္မွာရွိတဲ့ ျပည္နယ္၊ တိုင္းေဒသႀကီးေတြမွာ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ Co-Financing အျဖစ္ ထည့္ဝင္တဲ့ေခ်းေငြေတြနဲ႔ တစ္အိမ္သံုးဆိုလာစနစ္၊ အေသးစားဓါတ္အားလိုင္းေတြနဲ႔ ခန္႔မွန္းေက်းရြာ ၁၀၁၉ ရြာမွာ မီးလင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္မွာျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ကျေးရွာတွေမှာ မီးလင်းရေးလုပ်ငန်းတွေကို အီတလီနိုင်ငံအစိုးရမှပေးအပ်တဲ့ ချေးငွေနဲ့ဆောင်ရွက်မယ် လို့သိရပါတယ်။

အီတလီအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့တစ်နိုင်ငံလုံးလျှပ်စစ်မီး ရရှိရေးဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးဖို့၊ မဟာဓါတ်အားလိုင်းနဲ့ ဝေးကွာတဲ့ကျေးရွာတွေမှာ အကြိုလျှပ်စစ်မီးရရှိရေးစနစ် (Pre-Electrification System) ဖြင့် ဆောင်ရွက်နိုင်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ချေးငွေပေးအပ်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။ သြဂုတ်လ ၁ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း မီးလင်းရန်ကျန်ရှိနေသေးတဲ့ ကျေးရွာတွေမှာ မဟာ ဓါတ်အားလိုင်း ပြင်ပမှ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးဖို့ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်းမှာ အီတလီနိုင်ငံမှချေးငွေ (Soft Loan) ယူရိုသန်း ၃၀ ကို Co-Financing အဖြစ်ထည့်ဝင် ဆောင်ရွက်သွားစေနိုင်ဖို့ အီတလီအစိုးရကနေ ကမ်းလှမ်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အတိုးမဲ့ချေးငွေဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၈ နှစ်ဖြစ်ကာ ပြန်လည်ပေးဆပ်ရမယ့်ကာလ ၁၀ နှစ်ဖြစ်ကြောင်း၊ အဲဒီစီမံကိန်းချေးငွေတွေနဲ့ လျှပ်စစ်မီးလက်လှမ်းမီမှုနည်းပါးတဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးတွေမှာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ Co-Financing အဖြစ် ထည့်ဝင်တဲ့ချေးငွေတွေနဲ့ တစ်အိမ်သုံးဆိုလာစနစ်၊ အသေးစားဓါတ်အားလိုင်းတွေနဲ့ ခန့်မှန်းကျေးရွာ ၁၀၁၉ ရွာမှာ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ထွန်းထွန်း