ေက်ာဘက္ကင္မရာ ၃ လုံးပါဝင္တဲ့ HTC Wildfire X ကိုမိတ္ဆက္

[ Zawgyi ]

ၿပီးခဲ့တဲ့ဇူလိုင္လက HTC ဟာ အိႏၵိယေဈးကြက္ကုိ ျပန္လည္ဝင္ေရာက္ဖုိ႔ ေရစက္ပုံစံ notch ပါဝင္တဲ့ စမတ္ဖုန္းကုိ အျမည္းမိတ္ဆက္ခဲ့ပါတယ္။ အဲဒီဖုန္းကေတာ့ Wilfire X ျဖစ္ၿပီး တရားဝင္မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။ Wildfire X စမတ္ဖုန္းကုိ InOne Smart Technology အမည္ရ တ႐ုတ္အေျခစိုက္ ကုမၸဏီက ဖန္တီးခဲ့တာျဖစ္ၿပီး HTC က ခြင့္ျပဳခ်က္လိုင္စင္ထုတ္ေပးခဲ့တာ ျဖစ္ပါတယ္။

HTC Wildfire X မွာ Helio P22 SoC နဲ႔ Android Pie အသုံးျပဳထားၿပီး 3GB/32GB နဲ႔ 4GB/128GB ပုံစံ ၂ မ်ိဳးနဲ႔ ထုတ္လုပ္ထားပါတယ္။ ဒါ့အျပင္ microSD ကတ္ေပါက္ ပါဝင္ၿပီး 256GB အထိ storage ကုိတိုးခ်ဲ႕ႏို္င္ပါတယ္။

စမတ္ဖုန္းကုိ ၆.၂ လက္မ HD+ display နဲ႔ဖန္တီးထားၿပီး scree-to-body အခ်ိဳးကေတာ့ ၈၈.၈ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ ဖုန္းမွာ ေရစက္ပုံစံ notch ပါဝင္ကာ selfie ကင္မရာ 8MP ထည့္သြင္းထားပါတယ္။ ဖုန္းရဲ႕ ေက်ာဘက္ မွာ 3D OPVD mirror finish ကုိအသုံးျပဳထားၿပီး fingerprint scanner ထည့္သြင္းထားကာ ကင္မရာ ၃ လုံး ပါဝင္လာပါတယ္။

 

ေက်ာဘက္ကင္မရာကေတာ့ အဓိကကင္မရာ 12MP, 8MP telephoto (2x optical zoom) နဲ႔ 5MP depth sensor တို႔ပါဝင္လာပါတယ္။

HTC Wildfire X မွာ “MyBuddy” လို႔အမည္ရတဲ့ ဆက္စပ္ပစၥည္းတစ္ခု ပါဝင္ၿပီး အႏၲရာယ္ရွိတဲ့အခ်ိန္ ေရာက္လာရင္ ကုိယ့္ရဲ႕တည္ေနရာကုိ မိသားစုနဲ႔ သူငယ္ခ်င္းေတြဆီ ေဖာ္ျပေပးႏိုင္တဲ့ ထုတ္ကုန္ျဖစ္ပါတယ္။ ဒါ့အျပင္ MyBuddy ထုတ္ကုန္ဟာ အခ်ိန္နဲ႔တစ္ေျပးညီအတြင္း ပတ္ဝန္းက်င္ရဲ႕ အသံနဲ႔ ဗီဒီယိုကုိလည္း ထုတ္လႊင့္ေပးႏိုင္ပါတယ္။ ေနရာမွားထားတဲ့ ဖုန္းကုိလည္း ျပန္လည္ရွာေဖြေပးႏိုင္ပါတယ္။

Wildfire X မွာ ဘက္ထရီ 3,300mAh ပါဝင္ၿပီး နီလာျပာအေရာင္ တစ္မ်ိဳးပဲ ထုတ္လုပ္မွာ ျဖစ္ပါတယ္။

HTC Wildfire X စမတ္ဖုန္း 3GB/32GB ေမာ္ဒယ္ကို ၁၅၅ ေဒၚလာ၊ 4GB/128GB ကို ၁၉၅ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ၾသဂုတ္လ ၂၂ ရက္ကေနစတင္ၿပီး အိႏၵိယအတြင္းက Flipkart ကတစ္ဆင့္ ဝယ္ယူႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

ပြီးခဲ့တဲ့ဇူလိုင်လက HTC ဟာ အိန္ဒိယဈေးကွက်ကို ပြန်လည်ဝင်ရောက်ဖို့ ရေစက်ပုံစံ notch ပါဝင်တဲ့ စမတ်ဖုန်းကို အမြည်းမိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းကတော့ Wilfire X ဖြစ်ပြီး တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Wildfire X စမတ်ဖုန်းကို InOne Smart Technology အမည်ရ တရုတ်အခြေစိုက် ကုမ္ပဏီက ဖန်တီးခဲ့တာဖြစ်ပြီး HTC က ခွင့်ပြုချက်လိုင်စင်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

HTC Wildfire X မှာ Helio P22 SoC နဲ့ Android Pie အသုံးပြုထားပြီး 3GB/32GB နဲ့ 4GB/128GB ပုံစံ ၂ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် microSD ကတ်ပေါက် ပါဝင်ပြီး 256GB အထိ storage ကိုတိုးချဲ့နို်င်ပါတယ်။

စမတ်ဖုန်းကို ၆.၂ လက်မ HD+ display နဲ့ဖန်တီးထားပြီး scree-to-body အချိုးကတော့ ၈၈.၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဖုန်းမှာ ရေစက်ပုံစံ notch ပါဝင်ကာ selfie ကင်မရာ 8MP ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ ကျောဘက် မှာ 3D OPVD mirror finish ကိုအသုံးပြုထားပြီး fingerprint scanner ထည့်သွင်းထားကာ ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။

ကျောဘက်ကင်မရာကတော့ အဓိကကင်မရာ 12MP, 8MP telephoto (2x optical zoom) နဲ့ 5MP depth sensor တို့ပါဝင်လာပါတယ်။

HTC Wildfire X မှာ “MyBuddy” လို့အမည်ရတဲ့ ဆက်စပ်ပစ္စည်းတစ်ခု ပါဝင်ပြီး အန္တရာယ်ရှိတဲ့အချိန် ရောက်လာရင် ကိုယ့်ရဲ့တည်နေရာကို မိသားစုနဲ့ သူငယ်ချင်းတွေဆီ ဖော်ပြပေးနိုင်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ဒါ့အပြင် MyBuddy ထုတ်ကုန်ဟာ အချိန်နဲ့တစ်ပြေးညီအတွင်း ပတ်ဝန်းကျင်ရဲ့ အသံနဲ့ ဗီဒီယိုကိုလည်း ထုတ်လွှင့်ပေးနိုင်ပါတယ်။ နေရာမှားထားတဲ့ ဖုန်းကိုလည်း ပြန်လည်ရှာဖွေပေးနိုင်ပါတယ်။

Wildfire X မှာ ဘက်ထရီ 3,300mAh ပါဝင်ပြီး နီလာပြာအရောင် တစ်မျိုးပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

HTC Wildfire X စမတ်ဖုန်း 3GB/32GB မော်ဒယ်ကို ၁၅၅ ဒေါ်လာ၊ 4GB/128GB ကို ၁၉၅ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ သြဂုတ်လ ၂၂ ရက်ကနေစတင်ပြီး အိန္ဒိယအတွင်းက Flipkart ကတစ်ဆင့် ဝယ်ယူနိုင်ပါတယ်။

Ref: GSMArena