ေက်ာဘက္ကင္မရာႏွစ္ခု ပါဝင္တဲ့ BlackBerry Key2 ကို TCL မိတ္ဆက္

[ Zawgyi ]

နယူးေယာက္မွာ က်င္းပခဲ့တဲ့ အခမ္းအနားတစ္ခုမွာ TCL က BlackBerry Key2 စမတ္ဖုန္းသစ္ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

Key2 ဟာ Keyone ရဲ႕ဒီဇိုင္းနဲ႔ အလြန္တူညီပါတယ္။ စတုရန္းပံုဒီဇိုင္းကို ဆက္လက္အသံုးျပဳထားၿပီး အထင္ကရျဖစ္တဲ့ physical ကီးဘုတ္တစ္ခုနဲ႔ 3:2 aspect screen တစ္ခု ပါဝင္လာပါတယ္။ Key2 ဟာ ေက်ာဘက္ကင္မရာႏွစ္ခု ပါဝင္တဲ့ ပထမဆံုး BlackBerry ဖုန္းျဖစ္ပါတယ္။

ေက်ာဘက္ကင္မရာက 12MP ကင္မရာႏွစ္ခု ျဖစ္ပါတယ္။ ပင္မကင္မရာက f/1.8, 1.28um ျဖစ္ၿပီး telephoto က f/2.6, 1.28um ျဖစ္ပါတယ္။

Display က ၄.၅ လက္မ 1080 x 1620px IPS LCD ျဖစ္ၿပီး chipset က Snapdragon 660 ျဖစ္ပါတယ္။ RAM ကေတာ့ 6GB ပါ။

ကီးဘုတ္ရဲ႕အျမင့္က ၂၀ ရာခိုင္ႏႈန္း ပိုမိုလာတာေၾကာင့္ အသံုးျပဳတဲ့အခါ ပိုမို သက္ေသာင့္သက္သာရိွသလို စာ႐ိုက္တဲ့အခါမွာလည္း ပိုမိုတိက်ေစမယ္လို႔ BlackBerry က ေျပာပါတယ္။ Fingerprint scanner ကိုေတာ့ space ခလုတ္မွာ ဆက္လက္ထည့္သြင္း ထားပါတယ္။

ဒါ့အျပင္ ဘယ္ app ကိုမဆို ဖြင့္သံုးႏိုင္သလို favorite contact တစ္ခု ေခၚဆိုဖို႔နဲ႔ function ေတြကို အသံုးျပဳဖို႔အတြက္ shortcut ေတြ သတ္မွတ္ႏိုင္တဲ့ Speed Key သစ္တစ္ခုလည္း ပါဝင္လာပါတယ္။

Key2 အတြက္ လံုၿခံဳေရး update ေတြကို လစဥ္ေထာက္ပံ့ေပးသြားမွာျဖစ္သလို ေနာက္ဆံုးေပၚ OS အတြက္ update ကိုလည္း ျဖန္႔ခ်ိေပးသြားမယ္လို႔ BlackBerry က ကတိျပဳထားပါတယ္။ ဒါဟာ Key2 ကို Android P နဲ႔ အသံုးျပဳႏိုင္မယ့္ အဓိပၸာယ္ျဖစ္ပါတယ္။

BlackBerry Key2 ကို ဒီလကစၿပီး ကမၻာတစ္ဝန္းမွာ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ တန္ဖိုးက ၆၄၉ ေဒၚလာ ျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

နယူးယောက်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ TCL က BlackBerry Key2 စမတ်ဖုန်းသစ်ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

Key2 ဟာ Keyone ရဲ့ဒီဇိုင်းနဲ့ အလွန်တူညီပါတယ်။ စတုရန်းပုံဒီဇိုင်းကို ဆက်လက်အသုံးပြုထားပြီး အထင်ကရဖြစ်တဲ့ physical ကီးဘုတ်တစ်ခုနဲ့ 3:2 aspect screen တစ်ခု ပါဝင်လာပါတယ်။ Key2 ဟာ ကျောဘက်ကင်မရာနှစ်ခု ပါဝင်တဲ့ ပထမဆုံး BlackBerry ဖုန်းဖြစ်ပါတယ်။

ကျောဘက်ကင်မရာက 12MP ကင်မရာနှစ်ခု ဖြစ်ပါတယ်။ ပင်မကင်မရာက f/1.8, 1.28um ဖြစ်ပြီး telephoto က f/2.6, 1.28um ဖြစ်ပါတယ်။

Display က ၄.၅ လက်မ 1080 x 1620px IPS LCD ဖြစ်ပြီး chipset က Snapdragon 660 ဖြစ်ပါတယ်။ RAM ကတော့ 6GB ပါ။

ကီးဘုတ်ရဲ့အမြင့်က ၂၀ ရာခိုင်နှုန်း ပိုမိုလာတာကြောင့် အသုံးပြုတဲ့အခါ ပိုမို သက်သောင့်သက်သာရှိသလို စာရိုက်တဲ့အခါမှာလည်း ပိုမိုတိကျစေမယ်လို့ BlackBerry က ပြောပါတယ်။ Fingerprint scanner ကိုတော့ space ခလုတ်မှာ ဆက်လက်ထည့်သွင်း ထားပါတယ်။

ဒါ့အပြင် ဘယ် app ကိုမဆို ဖွင့်သုံးနိုင်သလို favorite contact တစ်ခု ခေါ်ဆိုဖို့နဲ့ function တွေကို အသုံးပြုဖို့အတွက် shortcut တွေ သတ်မှတ်နိုင်တဲ့ Speed Key သစ်တစ်ခုလည်း ပါဝင်လာပါတယ်။

Key2 အတွက် လုံခြုံရေး update တွေကို လစဉ်ထောက်ပံ့ပေးသွားမှာဖြစ်သလို နောက်ဆုံးပေါ် OS အတွက် update ကိုလည်း ဖြန့်ချိပေးသွားမယ်လို့ BlackBerry က ကတိပြုထားပါတယ်။ ဒါဟာ Key2 ကို Android P နဲ့ အသုံးပြုနိုင်မယ့် အဓိပ္ပာယ်ဖြစ်ပါတယ်။

BlackBerry Key2 ကို ဒီလကစပြီး ကမ္ဘာတစ်ဝန်းမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက ၆၄၉ ဒေါ်လာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: TheVerge